[ ဖြစ်ရပ်မှန် စုံထောက် ကဗျာ ]
တစ်နေ့ ကျွန်ုပ်နှင့် ကျွန်ုပ် မိတ်ဆွေ ဆာအာသာရွှေဥသိင်္ခတို့ ပျင်းပျင်း
ရှိလှသဖြင့် တစ်ယောက်ခေါင်း ကို
တစ်ယောက် အပြန်အလှန်
သန်းရှာကြရာ သန်းမကြီး
ခြောက်ကောင်ခန့် ဇီဝိန်ခြွေပြီးချိန်တွင် ထိုပုဂ္ဂိုလ်ကြီး ရောက်လာတော့သည် ။
အနှီ ပုဂ္ဂိုလ်ကြီးမှာ နှယ်နှယ်ရရ မဟုတ် ၊
တစ်ခေတ် တစ်ခါက ဘာဆိုလားပဲ ဆိုသည့် ကဗျာအကျော်အမော်ကြီး ဖြစ်၏ ။
၎င်း ပုဂ္ဂိုလ်ကြီးနှင့် ကျွန်ုပ်မိတ်ဆွေတို့
အပြန်အလှန် စကား ပြောကြပုံမှာ အင်မတန်ဂေါ်လှသဖြင့် ကြားဝင်တည်းဖြတ်ခြင်းမပြုတော့ပဲ အော်ရဂျင်နယ် အတိုင်း ကဗျာ အဖြစ် ရေးသားတင်ပြလိုက်ပါသည် ။ ဆာအာသာရွှေဥသိင်္ခ - “ဘဲကြီးပြော . . ဘာတွေရှော့ခ်တက်လာလို့လဲ” ကဗျာကဝိကြီး - “သားကြီးရေ ကိုယ့်အဖြစ်ကတော့ သားကြီး မှမကယ်ရင် ဆိုဖွယ်ရာမရှိ ဖြစ်နေပြီ” ဆာအာသာရွှေဥသိင်္ခ - “ဆိုပါဦး” ကဗျာကဝိကြီး - “ကိုယ့်အဖြစ်ကတော့ ဆန်းလိုက်တာမှ နိုင်းလောက်ရှိမယ် သားကြီးရေ ” ဒီလိုကွ .. “ ကိုယ်က ညတိုင်းလိုလို အနည်းဆုံးကဗျာတစ်ပုဒ်လောက် ဆွဲ ပြီးမှ အိပ်တယ်ကွာ အခုနောက်ပိုင်း ဘာဖြစ်သလဲဆိုတော့ ညဘက် ကိုယ်ရေးထား တဲ့ ကဗျာတွေက မနက်ရောက်ရင် စာအုပ်ထဲက ပျောက်ပျောက်သွားပြီး စာ စာမျက်နှာ အလွတ်ကြီးပဲ ကျန်ခဲ့ရော အလားတူပဲ ကိုယ့် ဦးနှောက်ထဲမှာလည်း အဲ့ဒီ ပျောက်သွားတဲ့စာလုံးတွေကို လုံးလုံး ပြန်စဉ်းစားလို့ မရပြန်ဘူး” ။ ဆာအာသာရွှေဥသိင်္ခ - “ ဟာ ” . . “ဘဲကြီးတို့ကတော့ကွာ တွေ့လိုက်မှဖြင့် အဆန်းတွေကြီးပဲ” ကဗျာကဝိကြီး - “ အဲ့ဒါကြောင့် ပြောတာပေါ့ကွာ သားကြီးမှ မကယ်ရင် ကိုယ့်ဘဝ ဒိုးရတော့မယ် လုပ်ပါဦးကွာ” ဆာအာသာရွှေဥသိင်္ခ - “ အိုကေလေ . . . ဒီလိုဆိုတော့ ဘဲကြီးအိမ်ကို အရင်သွား ချက်ကြတာပေါ့ ပြီး တော့မှ ဆွဲစရာရှိတဲ့ ဇယားတွေ ဆက်ဆွဲကြတာပေါ့ မဟုတ်ဘူးလား ” ပြောပြောဆိုဆိုနှင့် ကျွန်ုပ်တို့ မိတ်ဆွေကြီး ဆာအာသာရွှေဥသိင်္ခ နှင့် ကဗျာကဝိကြီးတို့သည် တစ်ယောက်ခါး တစ်ယောက်ဖက်ကာ ကျွန်ုပ်၏ ရှစ်လွှာ အထပ်မှ အောက်သို့ ဆင်းသွားကြလေတော့သည် သူတို့နှစ်ယောက် ထွက်သွားသည့် အခါ ကျွန်ုပ်၏ အခန်းလေးသည်ပြန်လည် တိတ်ဆိတ်သွား ပါတော့သည်။ ကျွန်ုပ်မှာလား ကျွန်ုပ်မိတ်ဆွေကြီး ပြန်လာမည့် အချိန်ကိုသာ ဝရန်တာတွင် ထွက်၍ လည်တဆန့်ဆန့် မျှော်နေမိ၏ ။
[ စုံစမ်းပုံ စုံစမ်းနည်း အပြည့်အစုံကို ဝါခေါင်လထုတ် Yes or No မဂ္ဂဇင်းတွင် ဖတ်ရှု နိုင်ပါသည် ]
သဗ္ဗေသတ္တာ သုခိအတ္တာနံ ပရိဟရန္တု
**မြေမှုန်လွင်**
- တောင်တွင်းကြီးက ကြီးတော် တော်တော်ဆိုး -

No comments:
Post a Comment