**ယုံလိုက်ပါ**
ဆရာမက တပည့်ဖြစ်သူကို “ဓာတ်ဆီတစ်ဂါလန်မှာ ဘယ်နှပုလင်းရှိလဲကွဲ့” “ငါးပုလင်းခွဲပါ ဆရာမ” “မင်းကိုဘယ်သူပြောတာလဲ” “ကျနော့်အဖေပါ” “မင်းရဲ့အဖေက ဘယ်မှ အလုပ်လုပ်တာလဲကွဲ့” တပည့်ဖြစ်သူက “အရောင်းဆိုင်”
**ဒီအတိုင်းပဲနေ**
ဖခင်ဖြစ်သူက သားလူပျိုကြီးကို “ငါ့သားလဲ ငယ်တော့တာ မဟုတ်ဘူး အိမ်ထောင်ပြုတော့လေကွာ”
လူပျိုကြီးက “အသက်ငယ်ပြီး ချောမောလှပပညာတတ် အကျင့်စာရိတ္တကောင်း အဲ့ဒီမိန်းမဆိုရင်တော့ ယူချင်တာပေါ့”
ဖခင်က မဲ့ကာရွဲ့ကာဖြင့် “အဲဒီလိုမိန်းမမျိုးတွေ့မှ ယူမယ်ဆိုရင် မင်းတောင်လူဖြစ်လာမှာမဟုတ်ဘူး”
လူရှိန်အောင်- ရေးသားသည်။
-ထွေလီထွေလာ အရပ်တကာ-

No comments:
Post a Comment