-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**တရုတ်လူငယ်ရုပ်ရှင်မင်းသမီး ကစ်တီကျန်ရဲ့ အနုပညာပုံရိပ်**

(ပေကျင်း၊ အောက်တိုဘာ ၃) ကစ်တီကျန်လို့ ချစ်စနိုးခေါ်ကြတဲ့  တရုတ်ရုပ်ရှင်မင်းသမီး ကျန်ယူ ကီဟာ သူမရဲ့ရုပ်ရှင်ကားသစ်တစ်ကားကို လာမယ့်  ၂ဝ၁၃ ခုနှစ်ဆန်းပိုင်းမှာ စတင်ရိုက်ကူးဖို့ စီ စဉ် နေပြီဖြစ်ပါတယ်။ဒီဇာတ်ကားဟာ တရုတ်ရိုးရာ ယဉ်ကျေးမှုနဲ့ ရာဇဝင်ဇာတ်ကားဖြစ်တာမို့ သူမရဲ့ ထူးခြားတဲ့သရုပ်ဆောင်မှုတွေကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ရှိတဲ့ ကစ်တီကျန်ဟာ မကြာမီက တရုတ်နိုင်ငံ တစ်ဝန်းမှာပြသ ခဲ့တဲ့ Qian Xuesen ဇာတ်ကားမှာ ပရိသတ်တွေ နှစ်သက်အားပေးခြင်းကို ခံခဲ့ရသူဖြစ် ပါတယ်။ အဲဒီဇာတ်ကားဟာလည်း အောင်မြင်မှုရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒါ့အပြင်ကစ်တီကျန်ပါဝင်သရုပ် ဆောင်ထားတဲ့ White Deer Plain အမည်ရှိ ရုပ်ရှင်ကားကိုလည်း တရုတ်နိုင်ငံတစ်ဝန်းမှာ ထုတ်လွှင့်ပြသလျက်ရှိပါတယ်။ ဒီရုပ်ရှင်ကားမှာတော့ ကစ်တီကျန်က တန်စီရာအို အမည်ရှိတဲ့ အမျိုးသမီးငယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားခြင်းဖြစ် ပါတယ်။ရုပ်ရှင်မင်းသမီးကစ်တီကျန်ဟာရုပ်ရှင်လောကကို ၂ဝဝ၇ ခုနှစ်က စတင်ပြီး The Longest Night in Shanghai အမည်ရှိတဲ့ ရုပ်ရှင်ကားနဲ့ ဝင်ရောက်လာခဲ့တဲ့  သူ ဖြစ်ပါတယ်။ သူမဟာ အဲဒီဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တာမို့ ဇာတ်ကားသစ်တွေ ဆက်တိုက်ရိုက်ကူးခဲ့ရတဲ့ ရုပ်ရှင်မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။အောင်မြင်မှုရရှိလာဒါ့အပြင် အဲဒီ ၂ဝဝ၇ ခု နှစ်မှာပဲ ဟောင်ကောင်ရုပ်ရှင်ကားဖြစ်တဲ့ CJ7 ဇာတ်ကား မှာ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့အခါ အောင်မြင်မှု ဆက်လက်ရရှိ ခဲ့ပြန်ပါတယ်။ အဲ ဒီနောက် တစ်နှစ်ကို ရုပ်ရှင်ကားနှစ်ကားလောက် ဆက်တိုက်ရိုက်ကူး လာရတဲ့  လူငယ်အမျိုးသမီး သရုပ်ဆောင်ဖြစ်လာပြီး တရုတ်ရုပ်ရှင် လောကမှာ အောင်မြင်မှုရရှိလာသူ ဖြစ်ပါတယ်။
** ခါးနာနေသော်လည်း ဖျော်ဖြေပွဲပြုလုပ်သည့် ရု ပ်ရှင်မင်းသားရိန်း**
(ဆိုးလ် အောက်တိုဘာ ၃)
တောင် ကို ရီးယားရုပ်ရှင်မင်းသားနှင့် အဆိုတော်ရိန်းသည် တောင်ကို
ရီးယားတွင် စစ် မှုထမ်းလျက်ရှိရာသူ၏ခါးတစ်ဝိုက်တွင် ရုတ်တရက် ပြင်းထန်
သောနာကျင်မှုဝေဒနာခံစားနေရသဖြင့် ဆေးရုံသို့သွားရောက်ဆေးကုသမှုခံယူ
ခဲ့ရသော်လည်း တောင်ကိုရီးယားတပ်ဖွဲ့ဝင်များကိုဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။
စစ်မှုထမ်းနေသောရိန်း သည် တောင်ကိုရီးယားစစ်ဘက်အခြေစိုက်စခန်းတစ်ခု၌ သူ၏ဂီတဖျော်ဖြေပွဲတစ်ရပ်
ပြုလုပ်မည့်ပွဲတွင် ပါဝင်ဆင်နွှဲနိုင်ဖွယ်မရှိကြောင်း၊ ထို့ ကြောင့် ယင်းဂီတ ဖျော်ဖြေပွဲမှာ ပြုလုပ်နိုင်ခြင်းမရှိကြောင်း တောင်ကိုရီးယားစစ်ဘက် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အစောပိုင်းတွင် ပြောကြားသည်။ သို့သော် အသက် ၃ဝ အရွယ်ရှိရိန်းသည် ခံစားနေရသောခါးဝေဒနာမှာ သက်သာခဲ့သဖြင့် ပျော်ရွှင်စွာဖြင့် သူ၏ဂီတဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေနိုင်ခဲ့သည်။ သို့ရာတွင် ဂီတဖျော်ဖြေပွဲ
၏ အစီအစဉ်အချို့၌ ပါဝင်နိုင်ခြင်းမရှိခဲ့ချေ။ ရုပ်ရှင်မင်းသားနှင့် အဆိုတော်ရိန်းသည် ပြီးခဲ့သည့်အောက်တို
ဘာလမှစတင်ကာ တောင်ကိုရီးယားစစ်တပ်တွင် စစ်မှုစတင်ထမ်းဆောင်ခဲ့ပြီး တောင်ကိုရီးယား စစ်တပ်ပီအာရ်
တပ်မတွင် တာဝန်ထမ်းဆောင်လျက်ရှိသည်။
ရိန်းသည် စစ်မှုထမ်းစဉ် ကာလအတွင်း တောင်ကိုရီးယားတပ်ဖွဲ့ဝင်များ စိတ်ဓာတ်မြှင့်တင်စေရန်အတွက် ဂီတဖျော်ဖြေမှုအစီအစဉ်များကိုလည်း ပြုလုပ်ပေးလျက်ရှိသည်။ (အင်တာနက်)
** လမ်းပတ် ချယ်လ်ဆီးအတွက်အဓိက ကစားသမားဖြစ်နေဆဲ**
(လန်ဒန် အောက်တိုဘာ ၃)
ကွင်းလယ်ကစားသမား လမ်းပတ်အား သူ့ရဲ့ဘောလုံးသမားသက် တမ်း
ကုန်ဆုံးတဲ့အထိ ကစားပေးသွားစေချင်တဲ့အကြောင်း ချယ်လ်ဆီးနည်းပြ ဒီမတ်တီယိုက
ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ ကွင်းလယ်ကစားသမား လမ်းပတ်ဟာ ၂ဝဝ၁ ခုနှစ်
က ချယ်လ်ဆီးသို့ ရောက်ရှိလာခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးအသင်းကို ဖလားတွေ
ဆွတ်ခူးပေးခဲ့ရာမှာ အဓိကကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။
သို့သော်လည်း သူဟာ ဒီနှစ်နွေရာသီမှာ ချယ်လ်ဆီးအသင်းအတွက် အစပွဲသုံးပွဲသာ
ပါဝင်ကစားခဲ့ရသေးတယ်လို့ ဆိုပါတယ်။
ဖရန့်လမ်းပတ်ဟာ အဓိကကစားသမားတစ်ဦးအဖြစ် ရှိနေဆဲပါပဲ။ သူဟာ
အသင်းရဲ့ အောင်မြင်မှုတွေရအောင် ကစားပေးနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပါ။
သူ့ကစားသမားသက် တမ်းကုန်ဆုံးတဲ့အထိ ကျွန်တော်တို့နဲ့ အတူ ကစားသွားစေ
လိုပါတယ်လို့ နည်းပြဒီမတ်တီယိုက ဆိုပါတယ်။
ကွင်းလယ်ကစားသမား လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းမှာ အသက်အရွယ်
ရလာတဲ့ အလျောက် ပုံမှန်ကစားခွင့် နေရာမရ ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း
လမ်းပတ်ဟာ ဝါရင့်ကစားသမားတွေထဲမှာတော့ အကောင်းဆုံးကစားသမားပဲလို့
နည်းပြ ဒီမတ်တီယိုက နားလည်ထားပါတယ်။ (ရိုက်တာ)
** အမီရာခန်၏ညီငယ် ဟာရွန်ခန် လက်ဝှေ့ထိုးမည်**
(လန်ဒန် အောက်တိုဘာ ၃)
ကမ္ဘာ့လက်ဝှေ့အဖွဲ့ချုပ်၏ လိုက်ဝဲလ်တာဝိတ်ချန်ပီယံဟောင်း အမီရာခန်၏
ညီငယ် ဟာရွန်ခန်သည် ကြေးစားလက်ဝှေ့လောကသို့ စတင်ဝင်ရောက်ရန်
အမီရာခန်နှင့်လက်ရှိ ပူးတွဲလုပ်ကိုင်နေသည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်
သည်။အသက် ၂၁ နှစ်အရွယ်ရှိ ဟာရွန်ခန်သည် ၂ဝ၁ဝ ခုနှစ်က ဓနသဟာယ
အားကစားပြိုင်ပွဲ၌ ကြေးတံဆိပ်ဆွတ်ခူးထားနိုင်သူဖြစ်သည်။ ယခုအခါ ကြေးစား
လက်ဝှေ့ပွဲများစတင်ထိုးသတ်တော့မည်ဖြစ်ရာ အစ်ကိုဖြစ်သူ အမီရာခန်ထက်
အောင်မြင်မှုရရှိနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။
ဟာရွန်ခန်သည် ကြေးစားလက်ဝှေ့သမားတစ်ဦးတွင် ရှိသင့်ရှိထိုက်သည့်
အရည်အချင်းကောင်းများရှိကြောင်း၊ လက်ဝှေ့လောက၌ ကြယ်ပွင့်တစ်ပွင့် ဖြစ်လာ
မည်ဟု အစ်ကိုဖြစ်သူအမီရာခန်က ထုတ်ဖော်ပြောကြားသည်။
ယခုစာချုပ်ချုပ်လိုက်သည့် စူပါဖိုက်ကုမ္ပဏီသည် အမီရာခန်အား လက်ဝှေ့
လောက၌ အောင်မြင်မှုများရရှိရန် ကူညီပေးနိုင်ခဲ့ရာ ယခုညီငယ်ဟာရွန်ခန်ကိုလည်း
အောင်မြင်ရေးလမ်းကြောင်းပေါ်သို့ တင်ပေးနိုင်မည်ဟု အမီရာခန်က ပြောကြားခဲ့
သည်။ (ရိုက်တာ)
** ကာဒစ်စီးတီးအသင်းအိမ်ကွင်းအနိုင်ရမှု စံချိန်တင်**
(လန်ဒန် အောက်တိုဘာ ၃)
အင်္ဂလိပ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲများကို အောက်တိုဘာ ၃ ရက် နံနက်ပိုင်းက
ယှဉ်ပြိုင်ကစားကြရာ ကာဒစ်စီးတီးအသင်းက အိမ်ကွင်း၌ ဘာမင်ဂမ်အသင်းကို
နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ဘယ်လာမီနှင့် ဟွတ်ဆင်တို့၏ ဂိုးများဖြင့် ကာဒစ်စီးတီးအသင်းကို ချန်ပီယံရှစ်ဇယားထိပ်ဆုံးသို့ အရောက်ပို့ပေးလိုက်ပြီဖြစ်သည်။ ကာဒစ်စီးတီးအသင်းယင်းပွဲအနိုင်ရလိုက်ခြင်းသည် ပဉ္စမမြောက်အိမ်ကွင်း ဆက်တိုက်အနိုင်ရမှုဖြစ်သည်။ပီတာဝှို က်တင်ဘမ်နှင့် မတ်ဟွတ်ဆင်တို့ အပေးအယူကစားအပြီး ဘယ်လာမီကိုဂိုးပေါက်ဖန်တီးပေးလိုက်သဖြင့် ပွဲချိန် ၃၉ မိနစ်တွင် ဘယ်လာမီက ကာဒစ်အသင်းအတွက် ဗွေဆော်ဦးဂိုး သွင်းယူပေးနိုင်ခဲ့သည်။ ဘာမင်ဂမ်တို့ ချေပဂိုးရရှိရေးပြန်လည်ထိုးဖောက်ကစားခဲ့ရာ လီရွိုင်းလီတာက ဘာမင်ဂမ်အသင်းအတွက် ချေပဂိုးကို ပွဲချိန်၅၄ မိနစ်တွင် ပြန်လည်သွင်းယူပေးနိုင်ခဲ့သည်။
သို့သော်လည်း ကာဒစ်စီးတီးအသင်းခေါင်းဆောင် ဟွတ်ဆင်က ဝှိုက်တင်ဂမ်၏
ထောင့်ကန်ဘောမှတစ်ဆင့် အနိုင်ဂိုး သွင်းယူနိုင်ခဲ့သည်။ ကာဒစ်စီးတီးအသင်းသည်
၂ဝ၁၂ ခုနှစ် မတ်လက ဟူးလ်စီးတီးကိုအိမ်ကွင်း၌ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုအချိန်အထိ
၁ဝ ပွဲ အိမ်ကွင်း၌ ကစားခဲ့ရာ ရှုံးပွဲမရှိစံချိန်တင်ပေးနိုင်ဆဲဖြစ်သည်။ (ရိုက်တာ)
** ချို င်းနားအိုးပင်းတင်းနစ် ပြိုင်ပွဲရှာရာပိုဗာ တတိယအကျော့တက် ပြီ**
(ပေကျင်း အောက်တိုဘာ ၃)
ကမ္ဘာကျော်တင်းနစ်အားကစားမယ် မာရီယာရှာရာပိုဗာသည် အောက်တိုဘာ ၃ ရက်က
တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကစားလျက်ရှိသည့် ချိုင်းနားအိုးပင်းအမျိုးသမီးတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲဒုတိယအကျော့ပြိုင်ပွဲတွင် ဆိုရမ်နာဆာစတီယာအား အနိုင်ရပြီး တတိယအကျော့ပြိုင်ပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။
အသက် ၂၅ နှစ်ရှိ မာရီယာရှာရာပိုဗာသည် ကမ္ဘာ့အဆင့် ၂၉ ရှိ ဆိုရမ်နာအား ၆-၂၊ ၆-၂
ဖြင့်နိုင် ပြီး တတိယအကျော့ပြိုင် ပွဲသို့ တက်ရောက်လာခဲ့ ခြင်းဖြစ်သည်။ ကမ္ဘာ့နံပါတ် ၂ အဆင့်ရှိရှာရာပိုဗာသည် တတိယအကျော့ပြိုင်ပွဲတွင် ဆလိုဗေးနီးယားတင်းနစ်မယ် ပိုလိုနာဟာကော့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ဆွစ်ဇာလန်တင်းနစ်မယ် ရိုမီနာအိုပရာဒီသည် ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ်ဟောင်း အနာအီဗာနိုဗစ်အား ၆-၄၊ ၆-၃ ဖြင့်နိုင်ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။
စပိန်မှ ဆွာရက်ဇ်နာဗာရိုက ဆားဘီးယားတင်းနစ်မယ် ဂျန်ကိုဗစ်အား ၇-၅၊ ၆-၄ ဖြင့်နိုင်ပြီး
ကွာတားတက်လာသည်။ ပြင်သစ်မှ ဘာတိုလီက ဂျာမနီမှ ရိုဂျက်အား ၆-၃၊ ၇-၆(၇၂)ဖြင့်နိုင်ပြီး ကွာတားတက်လာသည်။ (ရိုက်တာ)
-ဘောလုံးသတင်းအတိုအထွာများ-
**ပီအက်စ်ဂျီက ပိုကောင်း**
ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းသည် အေစီမီ လန်အသင်းထက် ပိုကောင်းကြောင်း တိုက်စစ်မှူး အီဘရာဟင်မိုဗစ်က ယုံကြည်ထားသည်။ ဆွီဒင်တိုက်စစ်မှူး အီဘရာဟင်မိုဗစ်သည် အေစီမီ လန်အသင်းမှ ပီအက်စ်ဂျီသို့ ပြောင်းရွှေ့လာသူဖြစ်သည်။ ၄င်းသည် ပြီးခဲ့သည့်နှစ်က အေစီမီလန်အသင်းအတွက် ယခုအချိန်တွင် ခုနစ်ဂိုးသာသွင်းယူနိုင်ခဲ့သည်။ သို့သော် ပီအက်စ်ဂျီတွင် ယခုအချိန်အထိ ရှစ်ဂိုးသွင်းယူပေးထားသည်။ အေစီမီလန်အသင်းသည် ရောင်းထုတ်လိုက် သောကစားသမားများနေရာတွင် ကစားသမားအသစ် များ အစားမထိုးနိုင်ဘဲရှိသည်။ ပီအက်စ်ဂျီအသင်းသည် ဥရောပနှင့်ကမ္ဘာတွင် အကောင်းဆုံးကလပ်ဖြစ်လာတော့မည်ဖြစ်ကြောင်းလည်း ၄င်းက ပြောကြားသည်။
**မိုက်ကယ်ဘောလက်နားပြီ**
ဂျာမနီအသင်းခေါင်းဆောင်ဟောင်း မိုက်ကယ် ဘောလက်သည် အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်၍ ကြေးစားဘောလုံးကစားခြင်းမှ အနားယူ လိုက်ပြီဖြစ် ကြောင်း ၄င်းက ကြေညာသည်။ မိုက်ကယ်ဘောလက် သည် ပြီးခဲ့သောရာသီက လေဗာကူဆင်အသင်းနှင့်စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် အသင်းမရှိဘဲ ဖြစ်နေသည်။ မိုက်ကယ်ဘောလက်သည် သူ၏ဘောလုံးသမား ဘဝ ၁၇ နှစ်တာ ကာလအတွင်း ဘိုင်ယန်မြူးနစ်၊ ကိုင်ဇာ စလော့တန်နှင့် ချယ်လ်ဆီးအသင်းတို့တွင်လည်း ကစား ခဲ့ သူဖြစ်သည်။
**ဂျက်ဝီရှိုင်းယား ပြန်လာပြီ**
အာဆင်နယ်ကွင်းလယ်ကစားသမား ဂျက်ဝီရှိုင်းယား သည် ဒဏ်ရာကြောင့် ၁၄ လကြာအနားယူခဲ့ရပြီးနောက် အာဆင်နယ်အသင်းသို့ပြန်လာခဲ့ပြီဖြစ်သည်။ ၄င်းသည် အောက်တိုဘာ ၁ ရက်က အသက် ၂၁ နှစ်အောက် အာဆင်နယ်နှင့် ဝက်စ်ဘရွန်းတို့ကစားသည့်ပြိုင်ပွဲတွင် တစ်နာရီကျော်ကြာကစားခဲ့သည်။
**အင်ဒီမာရေး ရှုံးပွဲမရှိ**
ဗြိတိသျှနံပါတ်တစ် တင်းနစ်ကစားသမား အင်ဒီမာရေးသည် အောက်တို ဘာ ၂ ရက်က ဂျပန် အိုးပင်းအဖွင့်ပွဲစဉ်တွင် ပြိုင်ဘက် ခရိုအေးရှားတင်းနစ် ကစားသမား အီဗိုကာလိုဗစ်ကို ၇-၆၊ ၆-၄ (၉-၇)ဖြင့် အနိုင်ရလိုက်သည်။ မာရေးသည် ယူအက်စ်အိုးပင်းဖလား ဆွတ်ခူးခဲ့ပြီးနောက် ရှုံးပွဲမရှိစံချိန်တင်ထားသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - မြင့်မောင်စိုး

No comments:
Post a Comment