ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 11, 2012

>
-အေးခဲသွားသော မျက်ရည်စက်များ-

"ဟေး ... ဟိုမှာကြည့်စမ်း မြက်ခင်းပေါ်မှာ တလက်လက်နဲ့ စိန်ပွင့်လေးတွေ ကျနေတာပဲ ... နော် ..." မနေ့ည ညဥ့်ဦးပိုင်းလောက်က ညစာစားဖို့ ထမင်းစားဆောင်ကို အသွား တဆောင်နဲ့ တဆောင်ကူးတဲ့ ကွန်ကရစ် လမ်းလေးရဲ့ နံဘေးက မြက်ခင်းကလေးမှာ မြက်ပင် တွေထက် တလက်လက် တောက်ပ နေတာကို မြင်တော့ ... တယောက်က အဲဒီလို ထအော်တယ်။ နောက်တယောက်ကတော့ ... "အဲဒါ မိုးစက်တွေ နေမှာ" ... တဲ့ ။ "ဘယ်က မိုးစက် ဖြစ်ရမှာလဲ ... မိုးမှ မရွာတာ ... အဲဒါ နှင်းစက်လေးတွေ ..." ပထမ တယောက်က ပြောပြန်တယ်။ ဒါနဲ့ သူက ၀င်ပြီး ... "မိုးစက်လည်း မဟုတ် ... နှင်းစက်လည်း မဟုတ် ... အဲဒါ ... မြက်ပင်လေးတွေရဲ့ မျက်ရည်စက်တွေ ..." ပြောလိုက်တော့ ... "ဟင် ... ဘယ်လို" "မြက်ပင်ရဲ့ မျက်ရည် ... ဟုတ်လား" အဲဒီနှစ်ယောက်ဆီက အာမေဋိတ်တွေ အသီးသီး ထွက်လာကြပါရော ... ။ “အင်း ... ဟုတ်တယ် ... မြက်ပင်လေးတွေ ငိုနေကြတာ ...” “မြက်ပင်လေးတွေ ငိုနေကြတာ ???” "ကဲ ... ရှင်းစမ်းပါဦး ... မြက်ပင်ရဲ့ မျက်ရည်စက် အကြောင်း ... မြက်ပင်တွေက ဘာလို့ ငိုတာလဲ ..." အဲဒီလို မေးခွန်းထုတ်လာမှာကို မျှော်လင့်နေတာနဲ့ အတော်ပဲ ဖြစ်ပြီး သူက ရှင်းပြဖို့ ကြိုးစားရပါတယ်။ "ဒီလိုလေ ... အခု တို့တတွေ ဒီလမ်းကလေးမှာ နေ့စဉ်နဲ့အမျှ လျှောက်နေပေမဲ့ လမ်းဘေးက မြက်ပင်တွေကို ဘယ်တုန်းကများ တယောက်ယောက်က ဂရုတစိုက် ကြည့်ဖူးလို့လဲ ... လူတွေက ဒီမြက်တွေပေါ်မှာ တံတွေး ထွေးချင်ထွေးမယ် ... အမှိုက် ပစ်ချင် ပစ်မယ် ... သူတို့ခမျာ လမ်းကလေး ဘေးမှာ နေရင်း လူတကာ အညစ်အကြေး စွန့်သမျှ ခံရတဲ့အပြင် အများကလည်း ဥပေက္ခာ ပြုထားကြတယ် မဟုတ်လား" "အင်း ... အဲဒီတော့ ..." "အဲဒါကြောင့် မြက်ပင်ကလေးတွေက အားငယ်ပြီး ငိုတာပေါ့ ..." "ဟားဟား ... မင်းက တော်တော် အတွေးခေါင်တာပဲ ..." တယောက်က ဟားတိုက်ရယ်မောတယ်။ နောက်တယောက်ကတော့ ... "အင်းလေ ... မျက်ရည်စက်တွေပဲ ထားပါတော့ ... အခု ညဘက်မှာသာ သူတို့ငိုနေကြတာပါ ... မနက်ခင်း မိုးလင်းတဲ့အခါ နေထွက်လာရင် သူတို့ မျက်ရည်တွေလည်း အလိုလို ခမ်းခြောက်သွားမှာပါပဲ ... ကဲ ကဲ ... ညစာစားဖို့ နောက်ကျရင် ဘာမှ မကျန်ဘဲနေလိမ့်မယ် ... အမြန်သွားစို့" လို့ … ပြောပြီး စကားစ ဖြတ်လိုက်လေရဲ့ ... ။ *** ညစာစားပြီး အပြန်မှာတော့ သူတယောက်ထဲ အဲဒီ လမ်းလေးအတိုင်း လျှောက်လာရင်း မြက်ခင်းလေးအနားမှာ ဒူးထောက် ထိုင်ချပြီး မြက်ကလေးတွေကို သေချာကြည့်မိတယ်။ မြက်ပင်ရဲ့ ထိပ်ဖျားလေးမှာ တွဲလွဲခိုနေတဲ့ ရေစက်ကလေး .... ။ မီးရောင်အောက်မှာ တဖျတ်ဖျတ် လက်လို့ ... ။ ဒါဟာ ... မြက်ဖျားနှင်းတဲ့လား ... ။ သူကတော့ မထင်မိပါဘူး ... ။ ဒါဟာ ... မြက်ပင်လေးတွေရဲ့ ရင်ထဲက ဖြစ်တည်လာတဲ့ မျက်ရည်ပွင့်ကလေးတွေ ... ။ ဟုတ်တယ် ... ။
မြက်ပင်လေးတွေ ငိုနေကြတာ ... ။ မြက်ပင်လေးတွေ ... ငို နေ ကြ တာ လေ ... ။ မြက်ပင်လေးတွေရဲ့ နူးညံ့တဲ့ အဖျားလေးတွေကို ပွတ်သပ်ပေးမိတော့ သူ့လက်ဖ၀ါး မှာ သူတို့ရဲ့ မျက်ရည်စက်တွေနဲ့ စိုရွှဲသွားတယ်။ လူတကာ လစ်လျူရှု ခံနေကြရတဲ့ သူတို့ လေးတွေရဲ့ မျက်ရည်စက်တွေက နွေးမနေဘူး ... ။ အေး ... စက် ... လို့ ... ။ မငိုပါနဲ့ မြက်ပင်လေးတွေရယ် ... မနက်ခင်း နေခြည်က လောကကြီးကို ပူနွေးစေပြီး မင်းတို့ အငိုတိတ်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။ ဒီတညတော့ သည်းခံလိုက်ပါဦး ကွယ် ... ။ သူပြောတာကို နားလည်တဲ့အလား မြက်ပင်လေးတွေက လေအတိမ်းမှာ ယိမ်းနွဲ့ကြ ရှာတယ်။ တဖြည်းဖြည်း အေးသည်ထက် အေးလာတော့ သူလည်း အပြင်မှာ ကြာကြာ မနေနိုင်လို့ မြက်ပင်ကလေးတွေကို နှုတ်ဆက်ပြီး အဆောင်ထဲ ပြန်ဝင်ခဲ့တယ်။ 

*************************
 နောက်တနေ့ မနက်မှာ သူ အိပ်ရာထ နောက်ကျခဲ့တယ်။ နာရီမကြည့်မိဘဲ အလင်းရောင်လာမှ ထမယ်ဆိုပြီး အိပ်နေခဲ့မိတာ ... ။ အလင်းရောင်က တော်တော်နဲ့ မလာတဲ့ အဆုံး နာရီကြည့်မိတော့မှ နောက်ကျမှန်း သိပြီး ကမန်းကတန်း မျက်နှာသစ် အ၀တ်လဲလို့ စာသင်ဆောင်ဆီ အသွား ... လမ်းမှာ ... “ဟင် ...” ကွန်ကရစ်လမ်းကလေးရဲ့ ဘေးက မြက်ခင်းပြင်တခုလုံး အဖြူရောင်တွေ ဖုံးလွှမ်း နေတယ်။ အဖြူရောင် နှင်းပွင့်ဖတ်တွေများလား ... သေချာ သတိထားကြည့်မိတော့ ... မဟုတ်ဘူး။ ညတုန်းက ငိုနေကြတဲ့ မြက်ကလေးတွေရဲ့ မျက်ရည်တွေ အေးခဲ နေကြ တာလေ ... ။ ဒါနဲ့ ... ကောင်းကင်ကို မော့ကြည့်လိုက်တယ် ... ။ ကောင်းကင်ကြီးက အုံ့ဆိုင်း ... မှိုင်းပြ ...လို့ ... ။ နေမင်း ... ဘယ်မှာလဲ ... ။ မြက်ပင်လေးတွေကို ပြန်ငုံ့ကြည့်လိုက်တယ် ... ။ ညတုန်းက မင်းရဲ့ အားပေး စကားဟာ အလကားပါပဲ ... လို့ ပြောနေကြ သယောင်ယောင်။ ဟင့်အင်း ... နေမင်း သာမှာပါ .. နေရောင် လာမှာပါ ... မင်းတို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြပါ နော် ... ။ သူ့နှုတ်က တီးတိုးရေရွတ်ရင်း မြက်ခင်းကလေးကို လက်နဲ့ ဖွဖွ ပွတ်သပ်လို့ ဖြေသိမ့် ပေးမိပြန်တယ်။ “အလို ...” သူ့လက်ဖျားမှာ ထုံကျင် အေးခဲမတတ် အထိအတွေ့ကြောင့် ရုတ်တရက် လန့်ပြီး လက်ကို ရုတ်လိုက်မိတယ်။ ညတုန်းကလို နူးညံ့တဲ့ အထိအတွေ့ မရှိတော့ဘဲ မာကျော အေးစက် တောင့်တင်းလို့ ... ။ သူတို့ရဲ့ နှလုံးသွေးတွေ အေးခဲကုန်ပြီလား ... ။ ခံစားချက် မဲ့ကုန်ကြပြီလား ... ။ ဒီလိုနဲ့ ... နာရီတွေသာ တဖြည်းဖြည်း ရွေ့လျားခဲ့တယ် ... ။ သူတို့လေးတွေရဲ့ ကံကပဲ ဆိုးလွန်းလို့လား ... ။ အဲဒီနေ့က … တနေ့လုံး … နေမသာခဲ့ပါဘူး။ .......................................................................
 အဲဒီနေ့က … တနေ့လုံး … နေမသာခဲ့ပါဘူး။ .
......................................................................
 **မေဓာဝီ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)