ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 11, 2012

>
-ရွေးချယ်ခွင့်တွေနဲ့ လူ-

ကျနော် ရေးတဲ့စာတွေအားလုံးဟာ ကျနော့်ကိုယ့်ကိုယ် ကျနော် ပြန်ဆုံးမနေတာတွေရယ် ၊ တွေးတောမိတဲ့ အကြောင်းအရာတွေရယ် ၊ သတိတရ ရှိတာတွေပါပဲ ။ ဆုံးမတယ်ဆိုတဲ့ စကားမှာ ကျနော့်ကိုယ်ကိုယ် ပြန်ကြည့်မိတဲ့အခါ ဘာတွေလုပ်ဖို့ လိုသလဲ ဆိုတဲ့အချက်တွေ ထွက်လာပါတယ် ။ ဒီတော့ .. ငါ လုပ်ဖို့ လိုတာတွေပါပဲ ဆိုပြီးသိလိုက်တယ် ။ ဒါပေမဲ့ ထိထိရောက်ရောက် နည်းပါတယ် ဘာလို့လဲဆိုရင် ကျနော်ကိုယ်တိုင်ကိုက သိသလောက် မလုပ်ဖြစ်တာကတော့  ချွင်းချက်ပါပဲ ။ အခုအချိန်ထိ ကျနော်ကိုယ်တိုင်လည်း .. ဒုက္ခသုက္ခတွေကြားမှာပဲ မလွန်မြောက်နိုင်သေးပါဘူး ။ ခုလိုရေးနေတယ်ဆိုတာကတော့ ကျနော်ရေးတဲ့စာကို လာဖတ်သူရဲ့ စိတ်ရေကန်ကြီးထဲကို ရေပေါက်တစ်စက် ဖြစ်ဖြစ် … ရောက်သွားစေချင်တဲ့ ဆန္ဒကြောင့်ပါ ။ ရေကန်ကြီးတစ်ခုအတွက် ရေတစ်စက်လောက် ရောက်သွားတယ်ဆိုရင်ကိုပဲ .. ကျနော့်ရဲ့ စိုက်ထုတ်အား ၊ တွေတောအား ၊ လက်ညောင်းတဲ့ဒဏ်တွေ အတွက် အဖိုးအခအဖြစ် ကျေနပ်နေမှာပါ ။ ခုလည်းပဲ .. ရွေးချယ်ခွင့်ဆိုတာကို ဆွေးနွေးတင်ပြချင်ပါတယ် ။ လူတစ်ယောက် လူဖြစ်လာပြီဆိုရင် အချိန်တိုင်း အချိန်တိုင်းဟာ ရွေးချယ်ခွင့်တွေနဲ့ချည်းပါပဲ ..။ ဒါကို ကျနော်တို့ သတိထားမှု နည်းပါတယ် ။ ကျနော်ကိုယ်တိုင် သတိထားပြီး နေပေးမှု နည်းပါတယ် ။ ဘယ်လို ရွေးချယ်ရမလဲ ဆိုတဲ့အပေါ်မှာ ဥပမာတစ်ခု တင်ပြချင်ပါသေးတယ် ။ လူတစ်ယောက်ကို .. ရွေးချယ်မှုတစ်ခု ပေးကြည့်ပါမယ် ။ တစ်ထောင်တန် တစ်ရွက်နဲ့ တစ်ရာတန်တစ်ရွက် ကြိုက်တာယူ လို့ ရွေးခိုင်းမယ်ဆိုရင် ထိုလူဟာ .. ဘယ်ဟာကိုရွေးမလဲ ။ တစ်ထောင်ပဲ ရွေးကြမဲ့သူချည်းပဲလို့ ထင်မိပါတယ် ။ တစ်ထောင်ဟာ တစ်ရာထက် ပိုမှန်း သိတဲ့ စိတ်ကြောင့် တစ်ထောင်တန်ကို ရွေးလိုက်ခြင်းပါ ။ တစ်ထောင်ဟာ တစ်ရာထက် ဘာလို့ ပိုတာလဲ ဆိုတာ စဉ်းစားကြည့်ပါ ။ တစ်ရာအတွက် တစ်ရာတန် မုန့်တစ်ခုပဲရပြီး ။ တစ်ထောင်အတွက် တစ်ရာတန် မုန့် ဆယ်ခုရနိုင်လို့ပါပဲ ။ အဲ့ဒီလို ရွေးချယ်မှုနေရာမှာ အသိဥာဏ်ရှိမှုနဲ့ ပိုင်းဖြတ်သွားတယ်လို့ ယူဆမိပါတယ် ။ အထက်က ဥပမာလိုပဲ .. ကျနော်တို့တတွေအားလုံး ရွေးချယ်မှု အပိုင်းမှာ အသိဥာဏ်ကိုသုံးဖို့ သတိပေး ပြောကြားလိုပါတယ် ။ ကျနော်တို့အများစုဟာ ရုပ်ဝတ္ထုပိုင်းကိုသာ ပိုအားထားတတ်ကြပြီး စိတ်ပိုင်းဆိုင်ရာကို အားထားလေ့ နည်းကြပါတယ် ။ အဓိကကတော့ အဲ့ဒါ ပြဿနာပါပဲ ။ ယခု ရွေးချယ်ဖို့ ပြောချင်တာကတော့ စိတ်ပိုင်းဆိုင်ရာ ရွေးချယ်မှုပါပဲ ။ လက်ရှိ ဘဝက ကျနော်တို့အတွက် စက္ကန့်များ ၊ မိနစ်များ ၊ နာရီ များ ကအစ နေ့ရက် နှစ်တွေမြောက်များစွာ ပေးထားပါတယ် ။ အဲ့ဒီ စက္ကန့်တိုင်းမှာလည်း လိုချင်တာယူဆိုပြီး ရွေးချယ်ခွင့်တွေလည်း ရှိပြန်ပါသေးတယ် ။ ရွေးချယ်ခွင့်တိုင်းအတွက် လျှော်ညီသော ပေးအပ်မှုတွေလည်း ရှိပါတယ် ။ ဒါဆိုရင် တစ်ထောင်ယူမလား တစ်ရာယူမလား ဆိုတာ ရွေးချယ်သူ ကျနော်တို့ရဲ့ အသိဥာဏ်နဲ့ ရွေးချယ်မှုအပေါ်မှာ မူတည်ပါတယ် ။ ကျနော်တို့ စိတ်အိမ်မှာ … စက္ကန့်တိုင်း.. ဖြစ်နေတဲ့စိတ်ထား ကို ခေတ္တမျှ တွက်ဆကြည့်စေချင်ပါတယ် ။ တစ်မိနစ်အတွင်း စိတ်ထဲမှာ ဘယ်ဟာကို ပိုလက်ခံနေမိသလဲ ဆိုတာပါ ။ ဒေါသလား ၊ မောဟ လား ၊ လောဘ လား၊ ဝန်တိုခြင်းတွေလား ၊ မနှစ်မြိုခြင်းတွေလား ၊ ပူပန်မှုများလား ၊ သောကတွေလား စသည်စသည့် တွေ ဖြစ်နေသလား ။ အဲ့ဒီလို စိတ်ဆိုး စိတ်ညစ်ဆိုတာတွေဟာ အလိုလိုတော့ ဖြစ်လာတာမဟုတ်ပါဘူး . ။ အကြောင်း ရှိလို့ ဖြစ်ဖြစ်လာတာပါ ။ စိတ်ဆိုး စိတ်ညစ်စရာ အကြောင်းတွေရှိလို့ ဖြစ်လာတာမှန်ပေမဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်ချက်တွေအပေါ်မှာ ကိုယ့်ကိုယ်တိုင်ရဲ့ ခံယူမှုအသွင်ကို ပြောင်းလဲ ကြည့်မယ်ဆိုရင်ရော မဖြစ်နိုင်ဘူးလား ဆိုတာ တွေးကြည့်စေချင်ပါတယ် ။ လူတစ်ယောက်က ကိုယ့်ရှေ့မှာ ပေါ်ပေါ်တင်တင် ကဲ့ရဲ့တဲ့အခါ သာမန်အားဖြင့် ပြန်ပြောဖြစ်လိမ့်မယ် ၊ မုန်းတဲ့ စိတ်လည်း ဖြစ်မယ် ၊ ထိုလူရဲ့ ငယ်ကျိုးငယ်နာကိုပြန်တွေးမိမယ် ၊ အလျင်သင့်ရင် ပြန်ကဲ့ရဲ့မိတဲ့အဖြစ် ဆိုတာတွေ ဖြစ်နေပါလိမ့်မယ် ။ အဲ့ဒီ အခြေအနေမှာ အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက်ဟာ တဖက်သူအတွက် ပြန်လည်တုံ့ပြန်ချက်တွေအစား ပိုကောင်းတဲ့ လမ်းကို ရွေးချယ်တတ်လေ့ ရှိပါတယ် ။ တဖက်သူက ပြောတဲ့အတိုင်း ကိုယ်ကိုယ်တိုင်က မှန်နေရင် ကိုယ့်ကိုယ်ကို ပြုပြင်ပြီး နေတာမျိုး ၊ အကယ်၍ တဖက်က အထင်လွဲနေတယ်ဆို မေတ္တာထားတာမျိုး တွေနဲ့ တုံ့ပြန်မှ ကိုယ်ဟာ တန်ဖိုးမြင့်တဲ့သူ ဖြစ်ပါလိမ့်မယ် ။ လေတိုက်တိုင်း ယိမ်းနေရင် .. လူ့လောက လေထန်ကုန်းပေါ်မှာ မလူးသာမလွန့်သာ လောကဓံရဲ့ ကြိုးဆွဲရာ ကနေရမှာပေါ့ ။ ဒီတော့ လေတိုက်တိုင်း မယိမ်းဖို့လိုပါတယ် ။ ဒါမှ ကိုယ့်ကိုယ်ကို လေးစားစိတ်တွေ ဖြစ်လာပြီး မိမိပတ်ဝန်းကျင်နဲ့ မိမိဘဝမှာ နေပျော်လာပါလိမ့်မယ် ။ အဲ့ဒီလို ရွေးချယ်မှုတွေ အပြင် တစ်ယောက်တည်း နေတဲ့အချိန်တွေမှာရော တွေးတောမှုအပိုင်းမှာ .. မကောင်းတဲ့စိတ်တွေကို လက်မခံပဲ စိတ်ကောင်းစိတ်မြတ်များကိုသာ လက်ခံတတ်ဖို့ လိုပါတယ် ။ ရွေးချယ်ခြင်း ဖြစ်လာဖို့ သတိရှိပါမှ ဖြစ်ပါလိမ့်မယ် ။ သတိ က ဘယ်ကရှိလာမလဲဆိုရင် သတိထားမှုကို မွေးမြူပါမှ ရှိလာပါမယ် ။ လုပ်နေကိုင်နေ ပြောနေတာတွေကို သတိထားပြီး လုပ်ကိုင်ပြောနေဖို့ ကိုယ့်ကိုယ်ကို စိုက်ထုတ်ပေးထားဖို့လိုပါတယ် ။ တဖြည်းဖြည်းနဲ့ သင်သည်လည်း ဖြူစင်ခြင်း ၊ ရိုးဖြောင့်ခြင်း ၊ တည်ငြိမ်ခြင်းတွေပိုင်ဆိုင်တဲ့ လူသားတစ်ယောက် ဖြစ်လာမှာ သေချာပါပဲ ။ အဲ့ဒီအတွက် ဘာကိုရွေးမလဲ ။ ကိုယ်ရွေးချယ်မဲ့ စိတ်ထားတွေနဲ့ ခံယူမှုတွေဟာ တစ်ထောင်လား ၊ တစ်ရာလား သေချာ ကွဲပြားစွာ မြင်ဖို့လိုပါတယ် ။ ပစ္စုပ္ပန်ရဲ့ ဖြစ်စဉ်ကိုမြင်နိုင်ဖို့ စိတ်မျက်စိကို ဖွင့်ထားပါ ။ ထို့အတွက် ကိုယ့်ကိုယ်ကို နောက်ထပ် စောင့်ကြည့်တဲ့ စိတ်တစ်ခုနဲ့ ထပ်ရံလိုက်ပါ ။ ကိုယ်ကိုယ်တိုင်ဟာလည်း လူ့ဘဝကိုဘယ်လို နေရမယ်ဆိုတာ အလိုလိုသိလာပါလိမ့်မယ် ။ ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့်အတူ မျက်နှာပေါ်က အပြုံးများအား တန်ဖိုးထားနိုင်ကြပါစေ ….။

 **ဘာနေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)