ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 5, 2012

>
-တကယ်မမေ့စရာပါ-

ဘယ်လို စီစဉ်ထားသလဲ သူငယ်ချင်း ..။ ဘဝ သံသရာ သီချင်းလိုပဲ … ကျနော်တို့ နေထိုင်တဲ့ လူ့လောကကြီးမှာ အကောင်းအဆိုး ရောနေသလို၊ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေရောပါ လက်ရှိ တွေ့ကြုံနေရတယ်ဆိုတာကိုတော့ လူတိုင်းလက်ခံထားကြမယ်ထင်ပါတယ် ..။ မိမိဘဝတစ်လျှောက်လုံးအတွက် လူတိုင်း စိတ်ကူးယဉ် မျှော်မှန်းချက်တွေဖြင့် ၊ အိပ်မက်ကလေးတွေ ကိုယ်စီဖြင့် စီစဉ်သလိုလေးတွေ ရှိတတ်ကြပါတယ် ..။ ငါဖြင့် ဘဝမှာ ဘယ်လိုလေးမျိုး ၊ ဘယ်နေရာလေးမှာ ၊ ဘယ်လိုသူတွေနဲ့ ၊ ဘယ်လို အဆင်ပြေပြေနေသွားမယ် ။ အဲ့ဒါက တပိုင်း .. နောက်ပြီး သူတို့ စိတ်ကူးတွေထဲမှာလည်း သူတို့ကိုယ်တိုင်အတွက် မွေးဖွားခြင်း ဖြစ်တည်လာလို့ သေဆုံးခြင်း ဆိုတာလည်း ရှိလာမည်မှာ မလွဲဘူးဟု ခံယူထားကြပါလိမ့်မယ် ..။ အဲ့ဒီလိုသာ ခံယူထားကြပေမဲ့ တကယ်တော့ ကျနော်အပါအဝင် အားလုံးလိုလို သေရမယ်ဆိုတာအတွက် ပေါ့ပေါ့လေးပဲ တွက်ထားကြပါတယ် ..။ ကျနော်တို့ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေဟာ ကျနော်တို့ မသေဆုံးခင်မှာ ဖြစ်ချင် လုပ်ချင်ကြတာပါ ..။ ဒီအချိန်မှာ နည်းနည်း စဉ်းစားစရာ ရှိလာပါတယ် ..။ ကျနော်တို့အတွက် သေခြင်းဟာ သက်တမ်းစေ့မှ လာမှာလား ဆိုတဲ့ မေးခွန်းလေးပါ ..။ လူတိုင်းလိုလိုဖြေကြမယ်ထင်ပါတယ် .. ကျနော်တို့အတွက် သေခြင်းဟာ ဘယ်အချိန်ဘယ်ကာလရယ်လို့ သတ်မှတ်မထားပါဘူး ..။ အချိန်မရွေး သေသွားနိုင်ပါတယ် ..။ အဲ့ဒီအချက်ကို သင် လက်ခံထားမယ်ဆိုရင် .. ခု စာဖတ်သူ မိတ်ဆွေအတွက် မိမိအနာဂတ် စီစဉ်ထားတဲ့ လမ်းကြောင်းလေးမှာ စိတ်ချရအောင် ဘယ်လိုများ စီစဉ်မိပါသလဲ မေးချင်မိပါတယ်…။ အမေးအတွက် အဖြေဆိုတာရှိသလို .. သင် ဖြေနိုင်ပါလိမ့်မယ် .. ။ အများစု ကျနော်တို့ အဖြေတွေမှာ သေခြင်းကို မေ့ထားကြပါတယ် .. ။ အချိန်အခါမရွေးသေမယ်ဆိုတာကိုမေ့ထားပြီး အချိန်အခါတွေနဲ့ ကောင်းတယ်၊ မွန်မြတ်တယ်၊ အကျိုးရှိတယ် ထင်တာတွေကို လုပ်ဆောင်ဖို့ရာ အတွက် ဆိုင်းငံ့ထားတာမျိုးတွေနဲ့ချည်းပါပဲ ..။ ကျနော်တို့ မွေးဖွားတယ် ကြီးပြင်းလာကြတယ် .. နောက် ခုလိုငယ်ရွယ်ချိန်မှာ ပညာသင်မယ် ၊ အရွယ်ရောက်လာချိန်မှာ ပစ္စည်းဥစ္စာ စုဆောင်းမယ် ၊ အိမ်ထောင်သားမွေး ပြုမယ် ၊ လှပတဲ့ မိသားစုလေးနဲ့ နေမယ် ၊ အလှူအတန်း ပေးကမ်းခြင်းတွေလုပ်မယ် ၊ အသက် ငါးဆယ်လောက်ရောက်တဲ့အခါ တရားဓမ္မလေးတွေနဲ့ ပျော်မွေ့နေမယ် ၊ သေခြင်းတရားနဲ့ ရင်ဆိုင်ဖို့အတွက် သေရမှာ မကြောက်ရတဲ့ အကျင့်မြတ်တွေ လုပ်ဆောင်မယ် စသဖြင့် ကျနော်တို့ ရဲ့ ယေဘုယျ အတွေးမှာ ရှိတတ်ပါလိမ့်မယ် … ။ သေခြင်း ဆိုတာဟာ အချိန်မရွေးလာနိုင်တာမို့ ကျနော်တို့ သက်တမ်း ကုန် 70လောက်ထိအောင် စောင့်နေမဲ့ အမျိုးအစားတော့ မဟုတ်ဘူး ဗျ ..။ ခုကျနော်ပြောနေတာက မျှဝေတဲ့သဘောလို့ စကားရပ်ပြီး ဝန်ခံပါရစေဗျာ .. ကျနော်လည်း လူထဲက လူတစ်ယောက်ပါပဲ .. တရားဆိုတာလည်း အများသိသလို သညာသိ လောက်ပါပဲ . ..။ သို့သော် ကျနော်တို့ ဘဝနဲ့ ယှဉ်ပြီး တကယ်တွေးကြည့်တဲ့အခါ ယခု ကျနော်တင်ပြထားတာတွေဟာ စိတ်ထဲ ပေါ်လာတာမို့ သတိထားတတ်တဲ့သူများကို သတိပေးရာ ရောက်လေမလားဆိုပြီး မျှဝေခြင်းပါပဲ ..။ တတ်ရောင်ကား ပြောနေသလိုပဲ ထင်မြင်ကြည့်စေလိုပါတယ် .. ။ နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ။ ဟုတ်ပါပြီ .. ကျနော် မေးတာတွေအတွက် မိတ်ဆွေအနေနဲ့ မိမိလက်ရှိဘဝမှာ ဘယ်လိုပြင်ဆင်မလဲ ဆိုတဲ့ အတွေးပေါ်လာပြီလို့ ထင်ပါတယ် ..။ ဒီနေရာမှာ ကျနော်တို့ရဲ့ နောက်ဆုံးအချိန် သေခါနီးအချိန်လေးကို တွေးကြည့်စေချင်ပါတယ် ..။ သေခါနီးမှာ ဘာတွေ လိုချင်မလဲ ..၊ ဘာတွေလုပ်ချင်မလဲ ၊ ဘယ်လိုသူတွေနဲ့ စကားပြောချင်မလဲ ၊ ဘာတွေကို ချန်ထားခဲ့ချင်မလဲ စသဖြင့် ကျနော်တို့ သေချာတွေးရင် သေချာ မြင်လာပါလိမ့်မယ် .. ။ အဲ့လိုတွေးတာကို သေချာ ထင်ပေါ်လာစေဖို့ အတွက် အချိန်တစ်ခု ပြောကြည့်ပါမယ် ..။ ညမအိပ်ခင်အချိန်လေးမှာ ကျနော်တို့ သေခြင်းနဲ့ပတ်သက်ပြီး မသေခင် ဘာတွေလုပ်ချင်သလဲဆိုတာ စဉ်းစားချင့်ချိန်တာ အကောင်းဆုံးလို့ ယူဆပါတယ် ..။ ညအိပ်ပျော်သွားတာကို သေတယ်လို့ ယူဆပြီး မအိပ်ခင်လေးမှာ ဒီသေခြင်း (အိပ်ခြင်း) ကို ဘယ်လို ရင်ဆိုင်မလဲ ကျနော်တို့ ဘဝတစ်ခုလုံးစာအတွက် နောက်ဆုံး အချိန်မှာ ဖြစ်နေချင်တဲ့ စိတ်အိမ်ပုံစံမျိုး ဝင်စားကြည့်ပါ .. ။ ကိုယ်ဖြစ်ချင်တဲ့ စိတ်တည်ငြိမ်မှု ဖြစ်သလား ၊ စိတ်ပျံ့လွှင့်သလား ၊ ပူပန်နေသလား ၊ သားရေး သမီးရေး အတွက် စိုးရိမ်နေသလား ဆိုတာတွေကို ချိန်ဆကြည့်ပါ .. ။
လိုသလို ဖြစ်မနေဘူးဆိုရင်တော့ မိတ်ဆွေအနေနဲ့ ရခဲတဲ့ လူ့ဘဝအတွက် တန်ဖိုးရှိသူဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေပြီလို့ ယူဆရပါလိမ့်မယ် ..။ ဘာလို့လဲဆိုရင် အထက်အစမှာ ပြောခဲ့သလိုပဲ သေခြင်းက အချိန်မရွေး လာနိုင်တယ်ဆိုတာကြောင့်ပါ ..။ အကယ်၍ ကျနော်တို့ သက်တမ်းစေ့မနေရဘဲ ခုလို အချိန်တိုအတွင်းမှာ သေသွားရမယ်ဆိုရင် .. ကျနော်တို့လိုချင်တဲ့ အဆုံးသတ်မျိုးနဲ့ ဖြတ်သန်းနိုင်ပါ့မလား ..။ တွေးစရာပါ .. အမှန်တကယ်ကို ကျနော်တို့ စဉ်းစားစရာ ပါ .. မမေ့စရာပါ ..။ မသေချာတဲ့ ဒီလို ဒုက္ခများတဲ့ လူ့လောကမှာ မိမိအသိဥာဏ်ကို ဦးစားမပေးပဲ မနေမိပါစေနဲ့ .. ။ ယခုလို နားလည်အောင် ဖတ်နိုင်တဲ့ အသိရှိဖို့ဟာလည်း တော်တော်ခဲယဉ်တယ်ဆိုတာ မမေ့ပါနဲ့ ..။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်း ခု စာဖတ်သူ မိတ်ဆွေလို ကိုယ့်ဘဝအကြောင်းနဲ့ တန်ဖိုးရှိတဲ့ အချက်တွေကို နားလည်တဲ့သူတွေချည်း ဖြစ်မနေဘူးဆိုတာ သိထားစေချင်ပါတယ် ..။ ခုအချိန်တွေမှာ ဘာလုပ်သင့်သလဲ ဆိုတာကို မိမိစိတ်မှာ သိနေပါလိမ့်မယ် …။ စိတ်တည်ငြိမ်မှု ဖြစ်အောင် ဖန်တီးဖို့ကတော့ မဖြစ်မနေပါပဲ ..။ ပုံမှန်ဖြတ်သန်းနေကြ ဘဝပုံစံကွက်ထဲမှာ လုပ်ဆောင်အားတွေ မယုတ်မလျှော့ စေတဲ့ အသိဥာဏ် တွေ ထပ်ပေါင်း နိုင်တယ်ဆိုတာ မမေ့ပါနဲ့ ..။ အရှင်းလင်းဆုံးကတော့ သတိတရား ကို ထည့်သုံးစေချင်ပါတယ် ..။ ပိုပြီး အေးချမ်းလာတာကိုလည်း သိလာပါလိမ့်မယ် ..။ ကျနော်တို့ စားဝတ်နေရေးအတွက်လည်း လုပ်ဆောင်နေရတာမို့ အလုပ်လည်းမပျက် မေ့လျှော့ခြင်းလည်း မဖြစ် ပုံစံမျိုးဖြင့် ဖြတ်သန်းစေချင်တာပါ … ။ ခု ကျနော်ပြောသလို ကျနော်တို့ အားလုံးဟာ လက်ရှိတနေ့တာကို သတိရှိရှိဖြတ်သန်းကြမယ်ဆိုရင် … လူသားတစ်ယောက် ဖြစ်တဲ့ ကျနော့်အနေနဲ့ ဂုဏ်ယူမိပါကြောင်း အသိပေးချင်ပါတယ် ..။ ခုကျနော်ဆိုလိုချက်တွေအတွက် လုပ်ဖို့ရာမှာ လွယ်တယ်လို့တော့ မထင်လိုက်လေနဲ့အုံး .. ဘယ်လိုမှ လုပ်မရဘူး ခက်တယ်လို့လည်း မထင်လိုက်ပါနဲ့အုံး ..။ ဒါပေမဲ့ မလုပ်ရင် မဖြစ်လာပါဘူးလို့တော့ အသိပေးချင်ပါတယ် ..။ သတိမြဲ သတိရှိနေဖို့မှာ မလွယ်ပါ .. လုပ်ဆောင်ခြင်း ဝီရိယ ထည့်မှ ရပါလိမ့်မယ် …။း) အများစုအတွက် အသိဆိုတာမှာ ခုလိုမျိုး အချိန်သာ ဒီလို အသိစိတ်ရှိနေတာပါ.. ကျန်တဲ့ အချိန်တွေမှာ စိတ်ပျံ့လွှင့်ပြီး တွေးနေကြ ဘောင်ထဲ ရောက်ရောက်သွားတာ များပါတယ် …။ ဒီတော့ ပစ္စုပ္ပန် စက္ကန့်လေးတွေကိုပဲ တန်ဖိုးထားတတ်အောင် ကျနော်တို့ တော်တော်အားယူရအုံးမှာပါ ..။ ကျနော့်ရဲ့ ဆန္ဒကတော့ သတိမြဲတဲ့ သူတစ်ယောက် ဖြစ်စေချင်မိတာပါ ..။ လုပ်နိုင်တဲ့သူတွေအတွက် လုပ်သလောက် ရပါလိမ့်မယ် ..။ ထို့အတွက် လုပ်နိုင်တဲ့သူများ ဖြစ်ကြပါစေလို့သာ တောင်းဆုပြုပါတယ် ။ … နောက်ဆုံး အနေနဲ့ ကျနော်ရဲ့ နေ့စဉ် ပြုမိသလောက် ကောင်းမှု ကုသိုလ်ကို စာဖတ်သူမိတ်ဆွေနဲ့ အတူ အားလုံးအား အမျှပေးဝေပါတယ် ..။ သာဓု ခေါ်ဖြစ်အောင် ခေါ်ပါလို့သာ အသိပေးချင်ပါတယ် ..။ ကျနော်လည်း ထို့အတူပဲ သူတော်ကောင်းများရဲ့ မျှဝေချက်တွေကို ရည်မျှော်မှန်းပြီး သာဓု သုံးကြိမ် ခေါ်နေမည်မှာ ဧကန်ပါပဲ ..။

**ဘာနေ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)