-လူထုကျန်းမာရေး( အသက်အရွယ်ကြီးရင့် သောဖခင်များ၏ရင်သွေးငယ်များအရွယ်ရောက်ရှိပါက
စိတ်ပိုင်းဆိုင်ရာရောဂါများရနိုင်ဟုဆို)-
**Public Health**
(လန်ဒန်၊ စက်တင်ဘာ ၁၈)
အသက်အရွယ်ကြီးရင့်သော ဖခင်များမှ မွေးဖွား
လာသော ကလေးငယ်များသည် အသက်အရွယ်ရလာသည့်
အခါ စိတ်ပိုင်းဆိုင်ရာရောဂါများနှင့် ဦးနှောက်ဆိုင်ရာ
ရောဂါများ ဖြစ်ပွားတတ်ကြောင်း ဗြိတိန်ဆေးဘက်ဆိုင်ရာ
သုတေသနပညာရှင်များက ပြောကြားသည်။
အသက်အရွယ်ကြီးရင့်သော ဖခင်များ၏ မျိုးဗီဇ
ပြောင်းလဲမှုဖြစ်စဉ်များကြောင့် မွေးဖွားလာသော ကလေးငယ် များအနေဖြင့် စိတ်ကစဥ့်ကလျားရောဂါများ ဖြစ်ပွားတတ်လေ့ရှိကြောင်း၊ ဖခင်မျိုးဗီဇကြောင့် ကလေးငယ်များ၏ ကျန်းမာရေးအပေါ်ထိခိုက်စေကြောင်း ၄င်းတို့၏ သုတေသန
ပြုချက်၌ ဖော်ပြထားသည်။ အဆိုပါ ရင်သွေးငယ်များသည် အသက်အရွယ်ရလာသည့်အခါ အထီးကျန်မှု၊ စိတ်ကျရောဂါများဖြစ်ပွားမှုနှင့် Óဏ်ရည်နိမ့်ကျမှုများလည်း
ဖြစ်ပွားစေတတ်သည်ဟု ၄င်းတို့က ဆက်လက်ပြောကြားသည်။ အသက်အရွယ်ကြီးရင့်သူ ဖခင်များမှ မွေးဖွားလာသော ကလေးငယ်များကို သုတေသနပြုခဲ့ရာ ၄င်းတို့၏
ထက်ဝက်ခန့်မှာ စိတ်ပိုင်းဆိုင်ရာရောဂါများ ခံစားနေရသူများ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း ၄င်းတို့၏ သုတေသနပြုချက်၌ ဖော်ပြထားသည်။ (အင်တာနက်)စုစည်းဘာသာပြန် - မောင်ချစ်ကြည်

No comments:
Post a Comment