-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
** မန်စီးတီး ဖလားဆွတ်ခူးမည်ဟု ယုံကြည်**
(လန်ဒန် စက်တင်ဘာ ၃ဝ)
မန်စီးတီးအသင်းအနေနဲ့ ဒီနှစ်ရာသီမှာ တာထွက်မကောင်းပေမယ့်
ပရီမီယာလိဂ်ဖလားကို ပြန်လည်ရယူနိုင်မည်ဟု ယုံကြည်နေကြောင်း နည်းပြမန်စီနီက
ပြောပါတယ်။မန်စီးတီးအသင်းဟာ ဒီနှစ်ပရီမီယာလိဂ်ကစားရာမှာ ခြောက်ပွဲကစားအပြီး
သုံးပွဲသရေ၊ သုံးပွဲအနိုင်ရထားပါတယ်။ ချန်ပီယံလိဂ်မှာတော့ ရီးရဲမက်ဒရစ်ကို
ရှုံးထားပါတယ်။ သို့ သော်လည်း မန်စီးတီးတို့ ကက်ပီတယ်ဝမ်းပြိုင်ပွဲက ထွ က်ခဲ့
ရတာကြောင့် ဒီနှစ်ပြိုင်ပွဲမှာ စောစောစီးစီး ဖလားတစ်လုံးလွတ်သွားခဲ့ပါပြီ။
''ကျွန်တော့်ကစားသမားတွေအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းနိုင် ဖို့
ကြိုးစားကြဖို့လိုတယ်။ ကျွန်တော်တို့ ဒီနှစ်ဖလားရဦးမယ်လို့ ယုံကြည်နေပါတယ်။
ဒါပေမယ့် ဒီနှစ်ဖလားလုပွဲဟာ ပိုပြီးခက်ခဲပါလိမ့်မယ်''လို့ ဖူလ်ဟမ်အသင်း အိမ်ကွင်းသို့
သွားရောက်မကစားမီ နည်းပြ မန်စီနီကပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီနှစ်ထဲမှာ ၁၄ ဂိုးအထိ သွင်းယူပြီးဖြစ်ပါတယ်။
ပြီးခဲ့ တဲ့နှစ်က ယခုအချိန် ဆိုလျှင် ပရီမီယာလိဂ်မှာ ၁၇ ဂိုးအထိ သွင်းယူပေးပြီလို့လည်း
ဆိုပါတယ်။ မန်စီးတီးတို့ ကက်ပီတယ်ဝမ်းပြိုင်ပွဲမှာ အက်စ်တွန်ဗီလာ အသင်းကို
လေးဂိုး-နှစ်ဂိုးဖြင့်ရှုံးပြီး ပြိုင်ပွဲမှထွက်ခဲ့ရပြီဖြစ်ပါတယ်။
မန်စီးတီးသည် လောလောဆယ်မှာ နိုင်ပွဲတွေ ဆက်တိုက်ရဖို့ ကြိုးစားလျက်
ရှိပါတယ်။ (ဆင်ဟွာ)
** ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲဂျာမနီမှတီမိုဘိုးလ် အကြိုဗိုလ်လုပွဲတက်ရောက်**
(လီဗာပူး၊ စက်တင်ဘာ ၃ဝ)
ကမ္ဘာ့စားပွဲတင်တင်းနစ်ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ လီဗာပူးမြို့၌ စက်တင်ဘာ
၃ဝ ရက်က ဆက်လက်ကျင်းပရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ ဂျာမနီမှ
စားပွဲတင်တင်းနစ်သမား တီမိုဘိုးလ် က တောင်ကိုရီးယားမှ ဂျိုဆီဟွတ်စ်ကို
အနိုင်ရရှိပြီး အကြိုဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။
တီမိုဘိုးလ်သည် ဂျိုဆီဟွတ်စ်ကို ၁၁-၄၊ ၁၁-၇၊ ၁၁-၈၊ ၁၁-၄ ဖြင့် နိုင်ပွဲ
ရရှိခဲ့ခြင်းဖြစ်သည်။ ဂျာမနီတင်းနစ်သမား တီမိုဘိုးလ်သည် ကမ္ဘာ့စားပွဲတင်တင်းနစ်
ချန်ပီယံအဖြစ် ၂ဝဝ၂ ခုနှစ်နှင့် ၂ဝဝ၅ ခုနှစ်တို့တွင် ရရှိခဲ့ဖူးသူဖြစ်သည်။ လက်ရှိအချိန်၌ ကမ္ဘာ့အဆင့်ခုနစ်တွင် ရှိနေသည့် တီမိုဘိုးလ်သည် အကြိုဗိုလ်လုပွဲတွင် ဘီလာရုစ်မှ
ဆမ်ဆိုနော့ဗ်နှင့် ယှဉ်ပြိုင်ကစားရဖွယ်ရှိသည်။
ဆမ်ဆိုနော့ဗ်သည် တရုတ်(တိုင်ပေ)မှ ချောင်ချီယန်အား အနိုင်ယူပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။ ဆမ်ဆိုနော့ဗ်သည်လည်း ကမ္ဘာ့ချန်ပီယံ
သုံးကြိမ်ရယူခဲ့ဖူးသည့် စားပွဲတင်တင်းနစ်သမားဖြစ်သည်။ ဆမ်ဆိုနော့ဗ်သည် ယခုပွဲ၌ တရုတ်(တိုင်ပေ)မှ ချောင်ချီယန် အား ၉-၁၁၊ ၁၁-၆၊ ၆-၁၁၊ ၁၁-၇၊ ၁၂-၁ဝ၊ ၁ဝ-
၁၂၊ ၁၂-၁ဝ တို့ဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။ (အင်တာနက်)စုစည်းဘာသာပြန် - မိုးမြင့်လင်းလက်

No comments:
Post a Comment