ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, October 5, 2012

>
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
** အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်းကမ်းခြေတွင်
 ဝေလငါးများသေဆုံးသောင်တင်** (ဆာဗျူ အောက်တိုဘာ ၃) အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ကျွန်းတစ်ကျွန်း၏ကမ်းခြေတွင် အောက် တိုဘာ ၂ ရက်နှောင်းပိုင်းက ဝေလငါးများသေဆုံးသောင်တင်နေသည်ကို တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှားအရာရှိတစ်ဦးက အောက်တိုဘာ ၃ ရက်၌ ပြောကြားသည်။အဆိုပါ ဝေလငါးများသေဆုံးနေသည့် နေရာမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့ နုဆာတန်ဂါရာပြည်နယ်ရှိ ဆာဗျူကျွန်းကမ်းခြေတွင်ဖြစ်သည်။ သေဆုံး သောင်တင်နေသည့် ဝေလငါးအကောင်ရေမှာ စုစုပေါင်း ၄၄ ကောင် ဖြစ်သည်။ ထိုသို့သေဆုံးသောင်တင်နေသည့် ဝေလငါးအချို့မှာ စတင်တွေ့ ရှိချိန်၌ အသက်ရှင်နေသေးသော်လည်း နောက်ပိုင်း၌သေဆုံးသွားခဲ့သည်။ ဒေသခံများက အဆိုပါအသက်ရှင်နေသောဝေလငါးအချို့ကို ပင်လယ်အတွင်း ပြန်လွှတ်ရန်ကြိုးစားသော်လည်း မအောင်မြင်ခဲ့ကြောင်း သတင်း၌ဖော်ပြသည်။ ဒေသခံငါးဖမ်းသမားများ၊ ရေတပ်တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ အရာရှိများက ဝေလငါးများကို တတ်နိုင်သမျှ စောင့်ရှောက်သော်လည်း ဝေလငါးများသေဆုံးမှုဖြစ်ပေါ်လျက်ရှိသည်။ ကမ်းခြေသို့ရောက်ရှိလာသော အခြားဝေလငါးများကို ပင်လယ် ရေပြင်သို့ ပြန်လည်လွှတ်ပေးသော်လည်း ယင်းဝေလငါးများမှာ ကမ်းခြေ သို့ ပြန်လည်ရောက်ရှိလာလေ့ရှိကြောင်း အင်ဒိုနီးရှားအရာရှိများက ပြောကြားခဲ့သည်။ယခုသေဆုံးနေသော ဝေလငါးများမှာ ဆာဗျူကျွန်းကမ်းခြေ အရှည် မီတာ ၁၅ဝ အတွင်း လာရောက်သောင်တင်နေခြင်းဖြစ်သည်။ ၄င်းဝေလငါးများ၏ အရွယ်အစားမှာ တစ်ကောင်လျှင် နှစ်မီ တာမှ ငါးမီတာခန့်အထိ အရွယ်အစားအမျိုးမျိုးရှိသော ဝေလငါးများဖြစ်သည်။ (ရိုက်တာ)

 ** ကမ္ဘာတွင် အိမ်သုံးပစ္စည်းအများဆုံး တရုတ်ထုတ်လုပ်** 
 တရုတ်နိုင်ငံမှ အိမ်သုံးပစ္စည်းထုတ်လုပ်သူများသည် လွန် ခဲ့သည့် ဆယ်စုနှစ်အတွင်း ကမ္ဘာပေါ်တွင် အများဆုံးထုတ်လုပ် နိုင်ခဲ့ကြောင်း အောက်တိုဘာ ၃ ရက်က အစီရင်ခံစာတစ်ရပ် တွင်ဖော်ပြထားသည်။ ထိုဆယ်စုနှစ်အတွင်း တရုတ်ကုမ္ပဏီများ ၏ ရောင်စုံရုပ်မြင်သံကြားထုတ်လုပ်မှုမှာ ကမ္ဘာတစ်ဝန်း ထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်းရှိကြောင်း တရုတ်အိမ်သုံးလျှပ်စစ် ပစ္စည်းထုတ်လုပ်ရေးအသင်း၏ အချက်အလက်များကို ကိုးကား လျက် ချိုင်းနားအီကိုနောမစ်သတင်းဂျာနယ်က ဖော်ပြသည်။ ထို့အပြင် တရုတ်ကုမ္ပဏီများက လေအေးပေးစက်၊ ရေခဲ သေတ္တာနှင့် အဝတ်လျှော်စက်ထုတ်လုပ်မှုမှာ ကမ္ဘာတစ်ဝန်း ထုတ် လုပ်မှု၏ ၇ဝ ရာခိုင်နှုန်း၊ ၅ဝ ရာခိုင်နှုန်းနှင့် ၄ဝ ရာခိုင်နှုန်း အသီး သီးရှိသည်ဟုဆိုသည်။ တရုတ်လျှပ်စစ်ထုတ်ကုန်ပစ္စည်းအမျိုးမျိုး သည် ပင်လယ်ရပ်ခြားကုန်အမှတ်တံဆိပ်များဖြစ်သည့် ဟီတာချီ၊ တိုရှီဘာ၊ ပင်နာဆိုးနစ်၊ အယ်လ်ဂျီနှင့် ဆမ်ဆောင်းတို့နှင့် အပြိုင် ထုတ်လုပ်လာနိုင်သည်ဟုဆိုသည်။ (အင်တာနက်)  

** ကမ္ဘောဒီးယား၌ တုပ်ကွေးဖြစ်ပွားမှုကြောင့်ကိုးလအတွင်း ကလေးသူငယ် ၁၄၆ ဦးသေဆုံး** (ဖနောင်ပင် အောက်တိုဘာ ၃) ကမ္ဘောဒီးယားနိုင်ငံ၌ ယခုနှစ် ပထမကိုးလအတွင်း တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၄၄၈၃ ဦးရှိကြောင်း၊ ယမန်နှစ်ကာလက တုပ်ကွေးဖြစ်သူ ၁၂၉၇၂ ဦးရှိခဲ့ရာ ယခုနှစ်တွင် ၁၆၆ ရာခိုင်နှုန်းပိုမိုဖြစ်ပွားကြောင်းရောဂါထိန်းချုပ်ရေးဌာနက အောက်တိုဘာ ၂ ရက်တွင် ကြေညာသည်။ ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာအထိ တုပ်ကွေးရောဂါဖြစ်ပွား၍ သေဆုံးသည့် ကလေး ၁၄၆ ဦးရှိရာ ယမန်နှစ်ထိုကာလအတွင်း သေဆုံးသည့်ကလေး ၅၉ ဦးနှင့်နှိုင်းစာကြည့်လျှင် သေဆုံးမှုနှုန်းမှာလည်း ၁၄၇ ရာခိုင်နှုန်းပိုများသည်။ ယခုတိုင် ရက်သတ္တပတ်လျှင် ရောဂါဖြစ်ပြီး သေဆုံးသည့် ကလေးဦးရေ သုံးဦးနှင့်ငါးဦးအထိ ရှိနေသည်ဟု ဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံ၌ တုပ်ကွေးရောဂါသည် မေလမှ အောက်တိုဘာလအထိ ဖြစ်လေ့ရှိသည်။ (ဆင်ဟွာ) 

** လွန်ခဲ့သော ၂၇ နှစ်အတွင်း သန္တာကျောက်တန်းကြီး ထက်ဝက်ကျော်ပျက်စီး** (ဆစ်ဒနီ အောက်တိုဘာ ၃) သြစတြေးလျနိုင်ငံရှိ ဂရိတ်ဘာရီယာသန္တာကျောက်တန်းကြီးတွင် လွန်ခဲ့သော ၂၇ နှစ်တာကာလအတွင်း သန္တာကျောက်ဆစ်ပင်များဖုံးလွှမ်းမှု ထက်ဝက်ကျော်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သုတေသနပြုလေ့လာချက်အသစ် တစ်ရပ်ကို အောက်တိုဘာ ၂ ရက် အင်တာနက်သတင်းတွင် ဖော်ပြ ထားသည်။ သြစတြေးလျသိပ္ပံပညာရှင်များသည် ကမ္ဘာ့ရှေးဟောင်းအမွေ အနှစ်နေရာအဖြစ် သတ်မှတ်ထားသည့် အဆိုပါဂရိတ်ဘာရီယာသန္တာ ကျောက်တန်းကြီးမှ နေရာ ၂၁၇ ခုကို စူးစမ်းလေ့လာခဲ့ကြသည်။ ယင်း သုတေသနပြုလေ့လာချက်အရ သန္တာကျောက်ပင်များ ဖုံးလွှမ်းမှုသည် ထက်ဝက်ကျော်ကျဆင်းခဲ့ရသည်။ ယင်းကဲ့သို့ သန္တာကျောက်ပင်များကျ ဆင်းမှုသည် မု န်တိုင်းများဖြစ်ပေါ်မှုနှင့် သန္တာကျောက်တန်းပင်စား ကြယ်ငါးများ စားသုံးမှုတို့ကြောင့်ဖြစ်ကြောင်း အမျိုးသားသိပ္ပံအကယ်ဒမီ ဂျာနယ်၌ ဖော်ပြထားသည်။ ကြယ်ငါးများသည် သန္တာကျောက်တန်းပင် များ (ဝဲပုံ)ကို စားသုံးခြင်းကြောင့် ပျက်စီးမှုဖြစ်ရသည်ဟု ဆိုသည်။ ၁၉၈၅ ခုနှစ်နောက်ပိုင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ၃၄ ခုဖြစ် ပေါ်ခဲ့ကြောင်း၊ ယင်းမုန်တိုင်းများ ဖြစ်ပေါ်မှုကြောင့် သန္တာကျောက်တန်း များ ၄၈ ရာခိုင်နှုန်း ပျက်စီးစေခဲ့သည်ဟုဆိုသည်။ ၁၉၉၈ ခုနှစ်နှင့် ၂ဝဝ၂ ခုနှစ်တို့တွင် အဆိုပါသန္တာကျောက်တန်းကြီး၌ မုန်တိုင်းများနှင့် သန္တာကျောက်တန်းပင်စားကြယ်ငါးများကြောင့်  သန္တာကျောက်ပင်များကို အရောင်ကျွတ်ခြင်း နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းကဲ့သို့ အရောင် ကျွတ်ခြင်းသည် သမုဒ္ဒရာကို ပို၍ပူနွေးစေခဲ့ကြောင်း၊ သန္တာကျောက်တန်း အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့၌ ပျက်စီးထိခိုက်မှုအများဆုံး တွေ့ရကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။ (ဆင်ဟွာ) 

စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)