**တတိယမြောက်အနောက်-အရှေ့ဓာတ်ငွေ့ပိုက်လိုင်းတရုတ်နိုင်ငံ၌ စတင်တည်ဆောက်**
(ပေကျင်း အောက်တိုဘာ ၁၆) တရုတ်နိုင်ငံ၏ တတိယမြောက်အနောက်-အရှေ့ ဓာတ်ငွေ့ပိုက်လိုင်းကြီးကို အောက်တိုဘာ ၁၆ ရက်မှ စတင် ကာ တည်ဆောက်နေပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းစတင်တည်ဆောက်ခြင်း အခမ်းအနားကို အောက်တိုဘာ ၁၆ ရက်က ဖူကျန်းပြည်နယ် ပေကျင်းမြို့နှင့် စင်းကျန်ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့၌ ကျင်းပခဲ့သည်။ယင်းဓာတ် ငွေ့ပိုက်လို င်းပြီးစီးပါက တရုတ်နိုင် ငံ အနောက်ပိုင်းဒေသများမှထွက်ရှိသောဓာတ်ငွေ့များ နိုင်ငံ အရှေ့ပိုင်းသို့  နှစ်စဉ် ကုဗမီတာ ဘီလီယံ ၃ဝတင်ပို့နိုင်မည်ဖြစ် ကြောင်း သိရသည်။ (အမ်အင်န်အေ၊ဆင်ဟွာ)
**တရားမ၀င် ငါးခိုးဖမ်းသူ တရုတ် ၂၃ ဦးကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့ ဖမ်းဆီး**
(ဆိုးလ်၊ အောက်တိုဘာလ ၁၇) တောင်ကိုရီးယားပိုင် ရေပိုင်နက်တွင် တရားမ၀င် ငါးခိုးဖမ်းနေသည့် တရုတ်ငါးဖမ်းရေယာဉ် ၃၀ ခန့်ကို တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က စစ်ဆေးရေးဆင်နွှဲပြီး နောက် ၉၃ တန် ခန့်အလေ့ချိန်ရှိသော တရုတ်ငါးဖမ်းရေယာဉ်တစ်စင်းကို အောက်တိုဘာ ၁၆ ရက်က ဖမ်းဆီးကာ တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းဆိပ်ကမ်းမြို့ မော့ပိုသို့ ဆွဲယူလာခဲ့သည်ဟု ဆိုသည်။ ဖမ်းဆီးရမိသည့် တရုတ်ငါးဖမ်းသမားများ ဆိမ်ကမ်းသို့ ရောက်ရှိပြီး နံနက်ပိုင်းတွင် တရုတ်ကောင်စစ်ဝန်ချုပ်က တစ်ဦးချင်းစီတွေ့ဆုံကာ မေးမြန်းစံစမ်းမှုများပြုခဲ့ကြောင်း မော့ပိုမြို့ရှိ တောင်ကိုရီးကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ (အင်တာနက်)
**အိန္ဒိယ၏ နျူကလီးယားစက်ရုံများအတွက် ယူရေနီယမ်ကို သြစတြေးလျ ရောင်းချဖွယ်** (နယူးဒေလီ၊ အောက်တိုဘာ ၁၇) စွမ်းအင်လိုအပ်ချက်ကြီးမားနေသော အိန္ဒိယနိုင်ငံ၏ နျူကလီးယားစက်ရုံများအတွက် ယူရေနီယမ်ရောင်းချပေးရေးကိစ္စကို ဆွေးနွေးမည်ဖြစ်ကြောင်း မြို့တော်နယူးဒေလီသို့ ရောက်ရှိလာသော သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာလီးလတ်ဒ်က အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။ ၀န်ကြီးချုပ် ဂီးလတ်ဒ်သည် သုံးရက်ကြာခရီးစဉ်အဖြစ် အန္ဒိယနိုင်ငံတွင် ရောက်ရှိနေသည်။ အာရှတိုက်တွင်း စီးပွားရေးအင်အားကြီးနိုင်ငံတစ်အဖြစ် ရပ်တည်လာသော အိန္ဒိယနိုင်ငံနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန်လာစေရန် ရည်ရွက်လျက် သြစတြေးလျနိုင်ငံက ယင်းနိုင်ငံသို့ ယူရေနီယမ် ရောင်းချမှုပိတ်ပ်ရေးမူဝါဒကို ပြန်လည်ဖျက်သိမ်းခဲ့သည်။ အိန္ဒိယနိုင်ငံသည် နျူကလီးယား မပြန့်ပွားရေးစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းမရှိသဖြင့် ယင်းနိုင်ငံသို့ ယူရေနီယမ် ရောင်းချမှုကို ယခင်က ပိတ်ပင်ခဲ့သည်။ (အင်တာနက်)
**အာရှတိုက်နိုင်ငံများ၏ စစ်ရေးအသုံးစရိတ်တရုတ်နိုင်ငံက ဦးဆောင်တိုးမြှင့်နေ** (၀ါရှင်တန်၊ အောက်တိုဘာလ ၁၇) အာရှတိုက်မှ အဓိကအင်အားနိုင်ငံများ၏ စစ်ရေးအသုံးစရိတ်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်တွင် အံ့မခန်းတိုးမြင့်လာပြီး ယင်းနိုင်ငံများအနက် တရုတ်နိုင်ငံမှာ ဦးဆောင်နေကြောင်း၊ ယင်းမှာ ၂၀၀၀ ကတည်းကယင်းနိုင်ငံများ၏ ကာကွယ်ရေးဘတ်ဂျက်၏ လေးဆခန့်ဖြစ်ကြောင်း အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ပြန်သော စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။ တရုတ်နိုင်ငံနှင့် အခြားအာရှလေးနိုင်ငံတို့သည် ၄င်းတို့၏ စစ်ရေးအသုံးစရိတ်များကို လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နှစ်ဆတိုးသုံးစွဲခဲ့ပြီး ယခုနှစ်တွင် ယင်းနိုင်ငံများ၏ စစ်ရေးအသုံးစရိတ်သည် ဥရောပတိုက်တစ်လုံး၏ စစ်ရေးအသုံးစရိတ်ထက်ကျော်လွန်သွားမည်ဖြစ်ကြောင်း ၀ါရှင်တန်အခြေစိုက်နိုင်ငံတကာ မဟာဗျူဟာလေ့လာရေးဌာနအဖွဲ့က ပြောကြားသည်။ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား နှင့် တရုတ်(တိုင်ပေ) တို့ ၂၀၁၁ ခုနှစ်တွင် စုစုပေါင်းကျခံသုံးစွဲခဲ့သည့် စစ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၂၄၄ ဘီလီယံသည် ယင်းငါးနိုင်ငံတို့ ၂၀၀၀ပြည့်နှစ်တွင် သုံးစွဲသော စုစုပေါင်း စစ်ရေးအသုံးစရိတ်၏ နှစ်ဆနီးပါးနှင့် ညီမျှကြောင်း ယင်းလေ့လာရေးဌာနမှ ဆိုသည်။ (အင်တာနက်)
စုစည်းဘာသာပြန် - တင်မောင်လွင်
-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:
Post a Comment