သေခြင်း(၄)မီူး ရှိတယ်။ ၁.အသက်တန်းကုန်လို့ သေရတာ။ ၂.ကံစွမ်းကုန်လို့ သေရတာ။
၃.သက်တန်းရော၊ ကံစွမ်းပါ ကုန်လို့သေရာ။
၎.အကုသိုလ်ကံဖြစ်လို့ သေရတာတွေပါဘဲ့ လူတွေဟာ သေခြင်းတရား(၄)မီူးအနက် တစ်မီူးမီူးသော သေခြင်းကို တစ်မီူးမဟုတ် တစ်မီူး၊သေရမှာမလွန်ဆန်နိုင်ပါ။သေခြင်းတရားဆိုသည်မှာလူတိုင်းမလွဲမသေရင်ဆိုင်ရမည်ဆိုတာအသိပါ။ လူတွေသည်မသေသင့်ဘဲသေရသည်လို့တခါတလေဆိုမိကြပါတယ်။မိုက်ကယ်ဂျက်ဆင် တို့ အဆိုတော်စိုင်းထီးဆိုင်တို့ သေတုန်းကအရွယ်မတန်သေးဘဲနဲ့သေရတယ်လို့ဆိုဖူးပါလိပ်မည်။
အောက်ပါပုံကတော့ ထိုင်းနိုင်ငံတောင်ပိုင်း ပူကစ်မြို့ စူပါချိပ် ကုမ္ပဏီအလုပ်သမားတစ်ယောက် မောင်ငွေစိုးသည်။အချိန်မတန်ဘဲသေရသည်လို့ဆိုရင်မှားနိုင်မည်မထယ်ပါ။ စူပါချိပ်ကုမ္ပဏီတွင် ဆေးရုံဘတ်လုပ်ရန်အတွက်အလုပ်သမားတွေမှာပိုက်ဆံဖြတ်ထားပြီး ဆေးရုံဘတ်မလုပ် ရသေးတဲ့လူတွေလဲ့ရှိပါတယ်။ အဲဒီထဲမှာ မောင်ငွေမိုး(ထိုင်းနာမည် နောင်)ဆိုပြီးမြန်မာအလုပ်သမားတစ်ယောက်လဲပါဝင်ပါသည်။သူသည် ကျန်းမာရေးမကောင်းလို့ ပူကစ်မြို့ရှိ ဝတ်ချိလ ဆေးရုံကြီးသို့တင်လိုက်ရပါသည်။ရေဂါကတော့ အသဲရောင်သဝါလို့ ဆိုပါတယ်။ဆေးရုံမှတစ်ညအိပ်ပြီးမနက်ဖြန့်လူနာရှင်သွားတွေ့တော့ ၈၀၀၀ ဘတ်ပေးရသည်တဲ့။နောက်ထပ်သုံးရက်လောက်ကြာတော့ပိုက်ဆံရှင်းတော့ ၃၀၀၀၀ ဘတ်တောင်းတယ်လို့ဆိုပါတယ်။အဲဒါနဲ့လူနာရှင်လဲသွားမတွေတော့ဘူး လူနာလဲ့ဆေးရှံမှာ ၈ ရက်လောက်ကြာသွားတော့ ၂၀၀၀၀၀ ဘတ်လောက်ပေးရတယ်လို့ဆိုပြန်တယ် လူနာရှင်ကိုယ်တိုင်သွားမတွေ့တော့ဘဲ့ သူငယ်ချင်းတွေကိုဘဲသွားတွေ့ခိုင်းရပါတယ်။လူနာာကတော့ ICUခန်းထဲမှာ ၁၅ရက်လောက်ကြာသွားပါတယ်။နောက်ဆုံးတော့ ၃၈၀၀၀၀ ဘတ်ပေးရတော့တယ်။ လူနာရှင်ရဲ့ယောက်ဖဖြစ်သူ ကိုတွန်းတေးပြောတာက“ICUအခန်းထဲမှာ၁၀ရက်လောက်ကြာတယ် ပြင်မှာ၁၅ရက်လောက်ကြာတယ် ။ ၃၈၀၀၀၀ဘတ်တောင်းတယ် ကျွန်တော်တို့ကသွားလဲမတွေ့တော့ဘူးနေကောင်းရင်တော့ ရဲ လက်ကိုအပ်ရင် ရဲ လက်ထဲမှာဘဲသွားထုပ်တော့မယ်လို့ထားလိုက်တယ်”ဟုဆိုသည်။မောင်ငွေမိုး ဆိုသူသည် စူပါချိပ် ကုမ္ပဏီအလုပ်သမားတစ်ယောက်ပြီး ဆေးရုံကဒ်လုပ်ရန်အတွက် ပိုက်ဆံရဲဖြတ်ထားပြီးတော့ဆေးရုံကဒ်လဲမလုပ်ပေးပါ။အကယ်၍ ဆေးရုံကဒ်ရှိနေမယ်ဆိုရင် ဒီလောက်ငွေလဲပေးရချင်မှပေးရမယ် ဆေးရုံကဒ်ရှိနေရင်တော့တစ်မီူးတော့ဖြစ်သွားနိုင်တယ်။ ယောက်ဖဖြစ်သူ ကိုတွန်းတေးက“သေသွားတာကိုအလောင်းကိုတောင်ယူလို့မရဘူး ပိုက်ဆံပေးမှအလောင်းပေးမယ်လို့ဆိုတယ်ကျွန်တော်တို့လဲ ဒီလောက်များတဲ့ပိုက်ဆံ ၃၈၀၀၀၀ဘတ်ကိုရှာမတွေ့ဘူး။မသေခင်ကလဲပိုက်ဆံ ၂၀၀၀၀ဘတ်လောက်ကုန်သေးတယ်။ဒီကမြန်မာအလုပ်သမားတွေအလှူခံပေးတာ တစ်သောင်းလောက်ရသေးတယ်”လို့ဆိုတယ်။မောင်ငွေမိုး ထံမှတူယူစရာတစ်ခုတော့ရှိပါသည် ။
သူသည်မော်လမြိုင်မြို့ကျောက်တန်းကဖြစ်ပြီးမိဘနှစ်ပါနဲ့ ငယ်စဉ်းကတည်းအတူမနေရဘဲ့အတန်းကျောင်းပညာကိုလဲ့မသင်ရဘူးလို့ဆိုပါတယ်။အတန်းပညာမသင်ရဘဲ့
နဲ့မောင်ငွေ မိုးသည်စကားပြောရာတွင်တစ်ခြားလူနဲ့မတူဘဲ့တစ်မှုထူးခြားပါတယ်။ဟာသတွေအရမ်းပြောတက်ပါသည်။
စာပေအကြောင်းတွေလဲအတော်ပြောနိုင်ပါတယ်။ကျွန်ပြူတာလဲရှိတယ်။ကျွန်တော်တို့နဲ့အများကြီးကွာပါတယ်။
ဒီဖြစ်စဉ်တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ထိုင်းနိုင်ငံကိုရောက်ပြီးမှဖြစ်တာပါ။အပြောတစ်မီူးလုပ်တစ်
မီူးဖြစ်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လိမ်ခံနေရပြီလော လို့ဆိုရမည်။ ကျွန်ုပ်တို့သည်ထိုင်းနိုင်ငံအတွင်း အေးချမ်းစွာ နေထိုင်ရပါလို့၏။ ကျွန်ုပ်တို့သည်ထိုင်းနိုင်ငံအတွင်း ထိုင်းနိုင်းငံသားတွေနဲ့အတူအခွင့်ရေးရ ရပါလို့၏။ ကျွန်ုပ်တို့သည်ထိုင်းနိုင်ငံအတွင်း ထိုင်းနိုင်ငံသားတွေနဲ့အတူတူချစ်ချစ်ခင်ခင် နေထိုင်ချင်ပါ၏။ ထိုင်နိုင်ငံအတွင်းနေထိုင်ကြကုန်သော လူသားအပေါင်းတို့ ကိုယ်အစိတ်နှစ်ဖျာကျန်းမားပါစေ…..။
**ဟန်ဝင်း**
(သန်းထိုက်ဦး| June 1, 2012 | Hits:113 ဧရာဝတိ)
ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းတို့ ယမန်နေ့က တွေ့ဆုံစဉ်။ ထိုင်းနိုင်ငံသားများနှင့် အတူ တရားဝင် လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများကို တနေ့လုပ်အားခ ဘတ်ငွေ ၃၀၀ (၁၀ ဒေါ်လာ) ရရှိရန် ဆောင်ရွက်ပေးမည်ဟု ထိုင်း ဒု ၀န်ကြီးချုပ် ချလုံ ယူဘမ်ပရုန်း က ပြောသည်။ “တရားဝင် မှတ်ပုံတင်ထားတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ဘတ် ၃၀နဲ့ ဆေးကုသလို့ရတဲ့ အခွင့်အရေးတွေ၊ ပြီးတော့ တနေ့ လုပ်အားခကို ထိုင်းနိုင်ငံသားတွေ ရတဲ့အတိုင်း ဆောင်ရွက်ပေးမယ်”ဟု ချလုံ ယူဘမ်ပရုန်းက ပြောသည်။
-မြန်မာအလုပ်သမားနှင့်ဆေးရုံကဒ်(၃)-

No comments:
Post a Comment