ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 14, 2012

> -ငိုစေဖို့ ဝမ်းနည်းပေးရမယ်ထင်တယ်-
တချို့လူတွေဟာ စကားပြော တတ်ကြသလို အပြောလည်း သန်ကြပါတယ် .. အဲ့ဒီအထဲ ကျနော်လည်း ပါတယ်လိုပဲ ဆိုကြပါစို့ဗျာ ဘာလို့လဲဆို ကျနော်လည်း ခု ပြောနေတဲ့ သူတစ်ယောက်ပါပဲ ..။ ခုလို အင်တာနက် စာမျက်နှာတွေဖြစ်တဲ့ ဘလော့တွေပေါ်မှာ ဘာတွေပြောကြသလဲ ..ဆိုရင် .. ပြောတဲ့သူတိုင်းက တဖက်သားကို မိမိအကြောင်းတင်ပြတာတွေ ရှိသလို အကျိုးရှိတယ်ထင်တာတွေကို မျှဝေတာလည်း ရှိကြပါတယ် ။ တချို့က အနုပညာစာပေတွေ လှလှလေးတွေဖန်တီးကြသလို တချို့ကလည်း ဓမ္မသဘောတရားတွေကို ပြောကြတယ် ။ စာဖတ်သူတွေဘက်ကလည်း ခံစားချက်နဲ့ပတ်သက်တာတွေကို ဖတ်လို့ ကောင်းတယ် ရှိသလို .. ဓမ္မစာပေတွေ အတွက်လည်း မှတ်လို့ကောင်းတာတွေရှိကြပါတယ် …။ ဒီအချိန်ကျနော်တွေးကြည့်မိတာကတော့ .. ကျနော်တို့ရဲ့ အပြောတွေကိုပါပဲ ..။ ကိုယ်ကိုယ်တိုင်အတွက် သံသယ တစ်ခုလို့ ယူဆမိပါတယ် ။ ဘယ်လိုသံသယလဲဆိုရင် .. ကိုယ်က ကောင်းတယ်ထင်တာတွေကို တွေးပြီးရေးပြပါတယ် ။ ဒါကို တဖက်သူကလည်း နှစ်သက်သလိုရှိပြီး ဘယ် လိုက်လုပ်ချင်မှ လုပ်ပါလိမ့်မယ် ..။ ဖတ်တုံးခဏ အေး ကောင်းတယ် ဘာညာ သာရကာ ခံစားနားလည်သွားချင်သွားပါလိမ့်မယ် ။ ပြီးတော့လည်း မေ့မေ့ပျောက်ပျောက် ရှိနေကြပုံစံအတိုင်း ဒုံရင်းက ဒုံရင်းပါပဲ။ ကျနော်ကိုယ်တိုင် အဲ့လိုဖြစ်နေတာပါ ။ ကျနော် စာတွေလိုက်ဖတ်တယ် ကောင်းတဲ့အချက်တွေကို ဖတ်တုံးခဏ သဘောကျတယ် နှစ်ခြိုက်တယ် ကိုယ်လည်း ကျင့်သုံးမယ်ပေါ့ (ကျနော့်အတွေးပါ )။ ဖတ်ပြီးသွားတော့လည်း နောက်ထပ် အာရုံအသစ်က စောနက အတွေးအမြင်အာရုံကို လွမ်းမိုးသွားပြန်ပါတယ် ဒီလိုနဲ့ ဗဟုသုတအနေဖြင့်သာ ရရှိပြီး တကယ်ကောင်းစေမဲ့ အကြောင်းတရားတွေကို မလုပ်ဖြစ်ပဲ တဝဲလည်လည် ဖြစ်နေခဲ့တာပါပဲ ။ အဲ့ဒါဟာ ကိုယ့်အတွက် ခက်သည်ပဲ လို့ ဆိုချင်မိတယ် ။ စကားတစ်ခွန်းကြားဖူးပါတယ် .. ဘယ်သူရဲ့ အတွေးလဲတော့ မသိခဲ့ပါ ။ ဒါပေမဲ့ မှတ်စုစာအုပ်မှာ ရေးမှတ်ဖြစ်ခဲ့ပါတယ် ။ အဲ့ဒီ မှတ်သားခဲ့ဖူးတဲ့ စာတစ်ကြောင်းက … လူတွေကို ငိုအောင် ပြောမယ်ဆိုရင် ကိုယ်ကိုယ်တိုင် အရင်ဝမ်းနည်းမှ ဖြစ်လိမ့်မယ် တဲ့ ။ ကျနော် တော်တော်လေးသဘောကျခဲ့တဲ့ အမြင်လေးပါ ။ လူတစ်ယောက်ကို ကောင်းတဲ့ အမူအကျင့်အတိုင်း လိုက်နာဖို့ ပြောမယ်ဆိုရင် ကိုယ်ကိုယ်တိုင်က အဲ့အမူအကျင့်အတိုင်းနေတတ်မှ ဓမ္မဓိဌာန်ကျမှာပါ ။ အဲ့လိုမှမဟုတ်ပဲ ကိုယ်က တမျိုးပြော တမျိုးလုပ် ဆိုရင် တခြားသူကလည်း ကိုယ်ဖြစ်စေချင် ထင်ထားသလို ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ် (ဒါသူတို့အတွက် ကိုယ့်အမြင်ပါ) ။ အဲ့ဒီလို တဖက်က မလုပ်လို့ ကိုယ့်အတွက် အကျိုးယုတ်သလားဆိုတာတော့ အကျိုးမယုတ်ပါဘူး ။ ထင်မြင်မိတာက ကိုယ်တောင် မလိုက်နာပဲ သူများက ဘယ်လိုကြောင့် လိုက်နာမလဲပေါ့ ..။ အားလုံးကလည်း ကိုယ်လို လူတွေချည်းပဲ ဆိုတော့ သူတို့လည်း သူတို့ ကိုယ်ပိုင်တွေနဲ့ချည်းပါပဲ ..။ ဒီတော့ ကိုယ့်လက်တွေ့ကျင့်သုံးပြီးမှ တခြားသူကို လက်ဆင့်ကမ်းတာ ပိုကောင်းပါတယ် ဆိုတဲ့ အတွေးပေါ်လာပြန်ရော.။ လူတချို့ဆီက တချို့အတွေးလေးတွေမှာ သဘောကျစရာ ကောင်းပေမဲ့ လိုအပ်ချက်လေးတွေရှိကြပါတယ် ။ ဘာတွေလဲဆိုရင် ……… လူတွေအေးချမ်းမှ ဒီကမ္ဘာကြီးအေးချမ်းမှာ .. ၊ ဒီတိုင်းပြည် မွဲနေတာ ဒီလိုလူတွေကြောင့် သူတို့သာ အချင်းချင်း ညီညီညွှတ်ညွှတ်နဲ့ တိုင်တိုင်ပင်ပင်ညှိညှိနှိုင်းနှိုင်း နေကြမယ်ဆိုရင် တိုးတက်လာမှာ စသဖြင့် ပြောကြပါလိမ့်မယ် ။ ဟုတ်ကဲ့ ကောင်းသည်ပါပဲ … တကယ်ကောင်းပါတယ် ။ သို့သော် .. သူများတွေက သူများတွေပါ .. ကိုယ်က ကိုယ်ပါ .. သူများကို အေးချမ်းစေချင်ရင် အရင်ဆုံး ကိုယ်ကိုယ်တိုင် အေးချမ်းအောင် ၊ အကျင့်စာဂ ကောင်းအောင် ၊ ငြိမ်းချမ်းအောင် အရင်နေဖို့လိုပါတယ် ..။ အဲ့ဒီလိုနေမှ မိမိဟာ အရင်အေးချမ်းပြီး မိမိရဲ့ အမူအကျင့် အေးချမ်းခြင်းတွေဟာ မိမိပတ်ဝန်းကျင်ကနေတဆင့်ပြီးတဆင့် ကူးစက်က လူမှုပတ်ဝန်းကျင်လည်း အေးချမ်းလာပါလိမ့်မယ် ။ ကျနော်တို့ကိုယ်တိုင်က အဲ့ဒီလို လူတွေငြိမ်းချမ်းစေချင်ပြီး .. ကိုယ်ကိုယ်တိုင် အရင် ငြိမ်းချမ်းဖို့အရေးကို မေ့နေတတ်ကြပါတယ် …။ တချို့ကလည်းရှိသေး .. ငြိမ်းချမ်းအောင် ဘယ်လိုနေရမလဲ တဲ့ ..။ တချို့ကလည်း ငြိမ်းချမ်းခြင်းကိုလိုက်ရှာနေကြပြန်ရော ။ တချို့ကလည်း ဘယ်လိုနေရင် ငြိမ်းချမ်းမယ်ဆိုတာ သိပြီး မလုပ်ပဲနေကြ နဲ့ …ရှိကြလေရာ ..အဲ့ဒါတွေအတွက် လွယ်လွယ်တခုလောက် ပြောချင်တာက ကိုယ့်မျက်ချေးကို မြင်တတ်ဖို့နဲ့ ကိုယ်ကိုယ်တိုင် သန့်ရှင်းအောင်နေတတ်ဖို့ပါပဲ ..။ တချို့ သူတွေဟာ ငြိမ်းချမ်းခြင်းကို တခြားနေရာမှာ ရှိနေတယ်လို့ သမန်ကာ မြင်နေကြသလိုပါပဲ ။ တကယ်တော့ ငြိမ်းချမ်းခြင်းဟာ တခြားမှာမရှိပါဘူး .. ကိုယ့်စိတ်ရဲ့ အတွင်းပိုင်းနေရာမှာ ရှိတာပါ ..။ အဲ့ဒါကို ရအောင် ဖော်ဖို့ အတွက် ငြိမ်းချမ်းစေတဲ့ အကျင့်လေးတွေနဲ့ တူးဆွကြည့်တတ်ဖို့ လိုပါလိမ့်မယ် ..။ အဲ့ဒီထက် ပိုကောင်းတာ ပိုတိကျတာတွေကို ကျနော် ပြောနိုင်ဖို့ ကျနော်ကိုယ်တိုင် အရင် ဝမ်းနည်းမှ ဖြစ်မယ်ဆိုတာ သိနေပါပြီ …။ ဒီတော့ သင်ငိုအောင်ပြောဖို့အတွက် ကျနော်ကိုယ်တိုင် ဝမ်းနည်းတတ်အောင် နေ နေပါသည်။

**ဘာနေ**

-ငိုစေဖို့ ဝမ်းနည်းပေးရမယ်ထင်တယ်-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)