ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 18, 2012

> -Facebook ပေါ်တွင် မလုပ်ရ ၁၀ ချက်-
Add caption
ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင် ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။
 ၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority) Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်း ဖြစ်ပါတယ်။ မိမိ လုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ် ကို ဖေ့စ်ဘွတ်နဲ့ တွဲမနေစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တွဲနေရင်လည်း Facebook မှာ မဖော်ပြမိစေဖို့ လိုအပ်ပါတယ်။ Facebook အကောင့်ကို လုံခြုံရေး လျော့နည်းစေသလို မိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။
 ၂။ profile နှစ်ခု ထားခြင်း ပရိုဖိုင် နှစ်ခုနဲ့ အကောင့် နှစ်ခုထားတာမျိုး မလုပ်ရပါဘူး လို့ဆိုပါတယ်။ ဒါကို အနောက်နိုင်ငံက Facebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများ ရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebook ရဲ့ အခြား အစိတ်အပိုင်းများ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါခါ ဖုန်းနံပါတ် ထည့်မရလို့ အကောင့် ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် ယင်းထားတဲ့ အကောင့်ကု နောက်လူ တစ်ယောက်ပုံစံအနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက် အမြဲ အသင့်ရှိစေတဲ့ အကောင့်လိုပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။ ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ် အခြား တစ်မျိုးတင်တယ် ဆိုရင်တောင် Personal အရ အခြားလူ မြင်ရင်တောင် မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြုနိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Group ကို တစ်ဦးတည်း လုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။
 ၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊ နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Like ရင် iPhone အလကားပေးမယ်။ ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။

 ၄။ မက်လုံးပေးသော App များကို အသုံးပြုခြင်း အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်။ ဒီမှာ User တစ်ယောက်က ယင်း app ကို click နှိပ်မိရင် အလိုအလျောက် သူ့သူငယ်ချင်းများထံ ဆက်လက် ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက် အကောင့်လုံခြုံရေး လျော့နည်းသွားပါတယ်။ အချို့ ကျတော့လည်း လူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့ တတ်ပြီး Like နှိပ်သူ Wall မှာ ဆက်တိုက် တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတုယ်။

 ၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင် အချို့ က ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာလို အသုံးပြုတတ်ပါတယ်။ ဒါက မလုံခြုံတဲ့အပြင် လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။

 ၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ ကလည်း ဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ်။ ယင်း အချက်အလက်ကို ကြည့်ပြီးတော့ ဟက်ကာ များက အကောင့် ခိုးယူနိုင်ပါတယ်။

 ၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း အသုံးပြုဖို့အတွက်ကိုပဲ Facebook က :) :D :P အစရှိသဖြင့် အရုပ်ကလေးများ (emoticons) တို့ကို ပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီး မကြာသေးမီကမှ Facebook အသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Comment တိုင်းမှာ ပေါပေါသီသီ အသုံးမပြုစေဖို့ အနောက်တိုင်းက User များက လက်ခံထားပါတယ်။ ယင်း လက္ခဏာများအား အလွန်အကျွံသုံးစွဲခြင်းဟာ တစ်ဖက်ရဲ့ တင်ပြချက်ကို မလေးစားရာ၊ အခြား ထင်မြင်စရာပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင်အသုံးပြုဖို့ဆိုပြီး အနောက်တိုင်းက user များက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင် Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။ 

 ၈။ ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အားလုံးကို Facebook ပေါ်မှာ တင်နေရင်တော့ အကောင့်တင်မကပဲ မိမိနဲ့ ပတ်ဝန်းကျင် လုံခြုံရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဓားပြတိုက်ဖို့အတွက် Facebook မှာ Status တင် လူစုတဲ့ ဖြစ်ရပ်ကြောင့်လည်း ထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။

 ၉။ သတိထားဖွယ် ကွန်းမင့် ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa, haaaaaa, အစရှိသဖြင့် ဘယ်မှာမှ ရှာလို့မရတဲ့ စာတွေ၊ အက္ခရာ အကြီးနဲ့ ရေးတဲ့စာတွေ (WOW, AMAZING, WHO IS HE?) အစရှိသဖြင့်တို့ကို ရှောင်ကြဉ်ရေးသား ရပါတယ်။ Facebook ကအဲဒီလိုစာများနဲ့ ကွန်းမင့်ပေးရင် သူ့အလို အလျောက် လိုက်ဖြတ်ပါတယ်။ အဲဒီလို ပေးပါများရင်တော့ Facebook က သတိပေးစာ ရောက်လာတတ်ပြီး ကံမကောင်းရင် အကောင့် လော့ကျ သွားနိုင်ပါတယ်။ 

 ၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးမသုံး ဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။ အချို့ နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင် လုပ်ထးတာမျိုးတို့ ရှိပါတယ်။ ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလိုအလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။ အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ --

 **အောင်ခမ်း (TSJ team)** — --

 Posted By Blogger လူဗိုလ်

-Facebook ပေါ်တွင် မလုပ်ရ ၁၀ ချက်-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)