ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 2, 2012

>
-သီတင်းကျွတ်ရင် မင်္ဂလာဆောင်မယ့် ညီမငယ်လေးများအတွက် မေမေရဲ့ "ချစ်သမီးအတွက် ပေးစာ"-
..သမီးငယ်... သမီး မင်္ဂလာဆောင်တော့မယ်ဆိုတဲ့ သတင်းကြားတော့ သမီးအတွက် မေမေတို့ ဝမ်းသာကြတယ်။ မိုင်ပေါင်းထောင်သောင်း ဝေးနေလို့ သမီးမင်္ဂလာပွဲကို မေမေတို့အရောက် မလာနိုင်ခဲ့ဘူး။ မင်္ဂလာပွဲမှာ ဆုံးမသြဝါဒတွေ မပေးနိုင်ခဲ့ဘူး။ ဒါကို မေမေတို့ စိတ်မကောင်းဖြစ်မိကြတယ်။ သမီးက မေမေတို့ရဲ့ သမီးပဲ... မေမေတို့ ခံစားရတာတွေကို သမီးနားလည်မယ်လို့ မျှော်လင့်ပါတယ်။ ဟိုတစ်နေ့က သမီးနဲ့ ဖုန်းပြောပြီးနောက် သမီးဖေဖေနဲ့မေမေတို့ ခဏလောက် တိတ်ဆိတ်သွားကြတယ်။ အော်... ငါတို့သမီးလေးတောင် ဒီလောက်ကြီးပြင်းခဲ့ပြီလို့... သမီးဖေဖေက မှန်ရှေ့မှာရပ်ပြီး “ကြည့်စမ်း... ငါ့ခေါင်းပေါ်က ဆံပင်ဖြူတွေတောင် ဒီလောက်များနေပြီ။ သမီးလည်း အိမ်ထောင်ပြုဖို့ အရွယ်ရောက်ပြီပေါ့” တဲ့။ သမီးဖေဖေ ခေါင်းပေါ်က ဆံပင်ဖြူတွေက မေမေတို့ ဖြတ်သန်းခဲ့တဲ့ အတိတ်တွေကို ဖော်ညွန်းနေသလိုပါပဲ သမီး... ခေါင်းထဲပေါ်လာတဲ့ အတိတ်က ပုံရိပ်တွေကို သမီးဖေဖေက တစ်ခုပြီးတစ်ခု ထုတ်ပြနေတယ်။ ကဲ.. သမီးဆီ စာတစ်စောင် ရေးလိုက်ဦးဆိုလို့ ဒီစာကို မေမေ ရေးဖြစ်လိုက်တယ် သမီး.. သမီးအတွက် ဖေဖေမေမေတို့ရဲ့ မင်္ဂလာလက်ဖွဲ့လို့ သဘောထားပါနော်။ သမီးရေ.. မေမေတို့က ကမ္ဘာပေါ်မှာ ရှိသမျှ မိဘတွေလိုပဲ သာမန်တဲ့မိဘတွေပါ။ သမီးဟာလည်း သာမန်သားသမီးတွေထဲက သာမန်သမီးလေးတစ်ယောက်ပါပဲ။ ဒါကြောင့် မေမေတို့ အများကြီး မတောင်းဆိုဘူး။ သမီးလျှောက်လှမ်းမယ့် မင်္ဂလာလမ်းဟာ ပျော်ရွှင်ခြင်း၊ သာယာခြင်းတွေနဲ့ ပြည့်နေပြီး ခရီးဆုံးတိုင် လျှောက်လှမ်းနိုင်ဖို့ပဲ မေမေတို့ မျှော်လင့်တယ်။ အဲဒီလို သာယာမယ့်လမ်းအတွက် မေမေတို့ တွေ့ကြုံခဲ့တာလေးကို မျှဝေချင်ပါတယ် သမီး.... ပထမဦးဆုံး သမီးကို ပြောချင်တာက “အိမ်” ဆိုတာ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်သလို အလွယ်တကူ ဖြစ်လာတာလည်း မဟုတ်ဘူး။ သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်ဘူးလို့ပြောတာ အဓိပ္ပါယ်မရှိပေမယ့် လုံးဝမှန်တယ် သမီး။ အိမ်ဆိုတာ လင်မယားနှစ်ယောက်၊ မိသားစုဝင်တွေက (မေမေတို့ အပါအဝင်) အချိန်ကာလ၊ အချစ်အမုန်း၊ အတင်းအဖျင်း၊ အမှားအမှန်၊ အချိုအခါး စတာတွေ၊ သပွတ်အူလို ရှုပ်ထွေးပွေလီတဲ့ ပြဿနာပေါင်းစုံထဲကနေ နောက်ဆုံးရလာတဲ့ ရလဒ်တစ်ခုပဲဖြစ်တယ်။ လင်မယားနှစ်ယောက် စပြီး အချေအတင်ဖြစ်ပြီဆိုရင် အိမ်ကို အရိပ်မည်းတွေ လွှမ်းမိုးစပြုလာပြီ သမီး... အတ္တကိုယ်စီနဲ့ သူမှန်တယ်၊ ငါမှန်တယ်လို့ ငြင်းခုံနေကြရင် နောက်ဆုံးမှာ နှစ်ဦးနှစ်ဖက် ထိခိုက်ကြရတယ်။ လင်မယားတစ်ချို့က အတ္တ၊ ခေါင်းမာသာတစ်ခုတည်းနဲ့ အချစ်မဲ့ကုန်ကြတယ်။ “အိမ်” ဆိုတာ အတ္တ မာနတွေပြိုင်၊ မကျေနပ်တာတွေ ရှင်းဖို့အတွက် သင့်တင့်လျော်ကန်တဲ့နေရာ မဟုတ်ဘူး ဆိုတာကို သူတို့ နားမလည်ကြဘူး။ ဒါဆိုရင် “အိမ်” ဆိုတာ ဘာလဲ?
သမီးငယ် မေမေတို့ ငယ်ရွယ်စဉ်က ဒီမေးခွန်းကို မဖြေတတ်ခဲ့ကြဘူး။ တစ်ခြား လင်မယားတွေလိုပဲ ကိစ္စအသေးအမွှားလေးနဲ့ ဖေဖေမေမေတို့ ငြင်းခုံတတ်ကြတယ်။ တစ်ခါက သမီးဦးလေးရဲ့ ကိစ္စတစ်ခုကြောင့် ဖေဖေနဲ့မေမေ ရန်ဖြစ်ကြတာ ကွာရှင်းဖို့အထိ ဖြစ်ခဲ့သေးတယ်။ အဲဒီခေတ်အချိန်အခါမှာ ကွာရှင်းဖို့ မေမေတို့ သတ္တိမရှိခဲ့ကြလို့ မကွာရှင်းဖြစ်ခဲ့ကြဘူး။ တစ်နေ့မှာ မိတ်ဆွေတစ်ဦးက သူ့သားမင်္ဂလာဆောင်မှာ “အိုအောင်မင်းအောင် ပေါင်းရပါစေ။ အမြဲချစ်နိုင်ကြပါစေ” ဆိုတဲ့ ဆုတောင်းစကား တိုတိုလေးက မေမေရင်ထဲ ဝင်ဆောင့်ခဲ့တယ်။ မှန်ပါတယ်... အိမ်ဆိုတာ မေတ္တာစကား၊ ချစ်ခြင်းစကားတွေသာ ပြောဖို့ သင့်တင့်တဲ့နေရာပါ။ ခဏလေးချစ်ဖို့ လွယ်ကူပေမယ့် တစ်သက်၊ တစ်ဘဝချစ်နိုင်ဖို့ဆိုတာ မလွယ်ကူဘူး သမီး။ တစ်သက်၊ တစ်ဘဝဆိုတဲ့ အချစ်ထဲမှာ နားလည်ခြင်း၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ ကြင်နာခြင်းတွေ ရှိရတယ်။ နောက်ဆုံးအနေနဲ့ ပြောရရင် အိမ်ထောင်ဆိုတာ ဘူးအလွတ်တစ်လုံးနဲ့ တူတယ် သမီး။ အဲဒီ ဘူးလွတ်ထဲကို ပစ္စည်းတွေ ဖြည့်ပေးမှ ကိုယ်လိုချင်တဲ့ ပစ္စည်းကို ပြန်ထုတ်ယူနိုင်မှာဖြစ်တယ်။ များများထည့်လေ များများပြန်ရလေပဲ သမီး... လူအများက မင်္ဂလာဆောင်တဲ့အချိန်မှာ အဲဒီမင်္ဂလာထဲမှာ မျှော်လင့်ချက်တွေ ထည့်ထားတတ်ကြတယ်။ မင်္ဂလာထဲကနေ ပစ္စည်းဥစ္စာ၊ ချစ်ခြင်းမေတ္တာ၊ တည်ငြိမ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ ခွင့်လွှတ်ခြင်းတွေ မျှော်လင့်ကြတယ်။ မေမေ အထက်က ပြောခဲ့သလို မင်္ဂလာဆောင်စမှာ၊ အိမ်ထောင်ပြုစမှာ ကိုယ်က ဘူးအလွတ်တစ်လုံးပဲ ပိုင်ဆိုင်ထားတယ်။ အဲဒီဘူးထဲကို ကိုယ်မျှော်လင့်တဲ့ ပစ္စည်းတွေ ဖြည့်ထည့်ပေးရတယ်။ ချစ်ခြင်းတွေ၊ ဖေးမ အားပေးတာတွေ ထည့်မှ ဘူးက တစ်နေ့တစ်ခြား ပြည့်လာမှာဖြစ်တယ်။ ဘူးအလွတ်ထဲ “သတိရ တမ်းတခြင်း” တွေ အရင်ထည့်သင့်တယ် သမီး... တွေ့စ၊ ချစ်စအချိန်ကနေ အိမ်ထောင်ပြုတဲ့အထိ နှစ်ယောက်အတူ ဖြတ်သန်းခဲ့ကြတဲ့ သတိရခြင်း၊ တမ်းတခြင်းတွေက အရိုးထဲအထိ စွဲဝင်နေခဲ့လို့ပဲ သမီး။ သတိရ တမ်းတခြင်းက စိတ်ညစ် အားငယ်နေတဲ့အချိန် အိမ်အရောက်ဖောက်ထားတဲ့ လမ်းငယ်လေးတစ်ခုဖြစ်သလို ချမ်းအေးတဲ့ ဆောင်းညမှာ အနွေးဓာတ်ပေးတဲ့ မီးလင်းဖိုလည်းဖြစ်တယ်။ ပင်ပင်ပန်းပန်းနဲ့ အပြင်က ပြန်လာသူအတွက် အိမ်တံခါးအဖွင့်မှာ အမွှေးနံ့သာကိုလည်း ပေးနိုင်စွမ်းတယ်။ ဘူးအလွတ်ထဲ နောက်ထပ် ထည့်ရမှာက “အနုပညာ” အိမ်ထောင်ဘဝရဲ့ အနုပညာဖြစ်တယ်။ အိမ်ထောင်မှာလည်း အနုပညာရှိတယ်။ စိတ်ဆိုးတဲ့အနုပညာ၊ ရန်ဖြစ်တဲ့ အနုပညာ စတာတွေဖြစ်တယ်။ တစ်ခါက သားသမီး ငါးယောက်ရှိတဲ့ လင်မယားနှစ်ယောက် သားသမီးကိစ္စ အသေးအမွှားနဲ့ ရန်ဖြစ်ကြတယ်။ ရန်ကဖြစ်လေ ကြီးလေ နောက်ဆုံး ထိန်းမနိုင် သိမ်းမနိုင်ဖြစ်တဲ့အချိန် မယားက ရုတ်တရက် “ခဏနေဦး... ငါ ကလေးသွားမွေးလိုက်ဦးမယ်” လို့ ပြောတယ်။ ဒါဟာ ရန်ဖြစ်တဲ့ အနုပညာပဲသမီး... မင်္ဂလာဘူးလွတ်ထဲမှာ “သတိရတမ်းတခြင်း” နဲ့ “အနုပညာ” တွေအပြင် တစ်ခြားထည့်စရာ ပစ္စည်းတွေ အများကြီး ရှိသေးတယ်သမီး။ သမီးတို့နှစ်ယောက်အတူ ပြည့်အောင် ဖြည့်ကြပါနော်။ နောက်ဆုံးအနေနဲ့ စာရေးဆရာတစ်ဦးရဲ့ စကားတစ်ခွန်းကို လက်ဆောင်ပါလိုက်ပါတယ် သမီး ..... “ သားသမီးတွေကို မိဘတွေက ကျွေးမွေးခဲ့တယ်၊ ပြုစုပျိုးထောင်ခဲ့တယ်။ မိဘတွေရဲ့တာဝန်ကို အတတ်နိုင်ဆုံး ကျေပွန်ခဲ့တယ်။ နောက်ဆုံး သူတို့အတွက် အကောင်းဆုံးလက်ဆောင်ကို ပေးလိုက်ပါ။ အဲတာကတော့ အတောင်ပံတစ်စုံပဲဖြစ်တယ်” သမီးငယ် ဒီစာဟာ သမီးအတွက် ဖေဖေမေမေတို့ရဲ့ မင်္ဂလာလက်ဖွဲ့ပါ။ ဖေဖေမေမေတို့ရဲ့ တောင်းဆုနဲ့အတူ သမီးပျော်ရွှင်စွာ ပျံသန်းနိုင်ပါစေ... ချစ်တဲ့ ဖေဖေနဲ့မေမေ 

 မူရင်း...... http://www.tw001.net/novels 

 **နိုင်းနိုင်းစနေ ** 

-- Be Happy, 

Moe Moe.

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)