--ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**အိုဘားမားကိုမဲပေးမည်ဟု ဗင်နီဇွဲလားသမ္မတချာဗက်ဇ် ပြောကြား**
(ကရာကက်စ် အောက်တိုဘာ ၂)
မိမိအနေဖြင့် အမေရိကန်အစိုးရနှင့် ပုံမှန်ဆက်ဆံမှုများပြုလုပ်သွားရန်ဆန္ဒရှိကြောင်း ဗင်နီဇွဲလား
သမ္မတ ဟူဂိုချာဗက်ဇ်က ရုပ်မြင်သံကြားဌာနတယ်လီဗင်၏ လူတွေ့မေးမြန်းခန်းတွင် ပြော
ကြားကြောင်းအောက်တိုဘာ ၂ ရက် သတင်းများတွင် ဖော်ပြသည်။မိမိသည် အမေရိကန်
တစ်ဦးဖြစ်ခဲ့လျှင် အိုဘားမားကို မဲပေးမည်ဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတဟူဂိုချာဗက်ဇ်က ရုပ်မြင်သံကြားသတင်းဌာနနှင့်ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ပြီး
ယင်းအစီအစဉ်ကို စက်တင်ဘာ ၃ဝ ရက်တွင် ထုတ်လွှင့်ခဲ့သည်။ဗင်နီဇွဲလားသမ္မတက
အမေရိကန်သမ္မတ အိုဘားမား အား လူတော်တစ်ယောက်ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး အမေရိကန်
သမ္မတ အိုဘားမားသာ ဗင်နီဇွဲလားလူမျိုးတစ်ဦးဖြစ်ခဲ့ပါက ၄င်းအား ထောက်ခံမဲပေးလိမ့်
မည်ဟု ထင်ကြောင်းလည်း ပြောကြားခဲ့သည်။အောက်တိုဘာ ၇ ရက်တွင် ကျင်းပမည့်
ဗင်နီဇွဲလားနိုင်ငံ၏ ခြောက်နှစ်သက်တမ်းရှိ သမ္မတရာထူးရွေးချယ်ပွဲတွင် ပြန်လည်ရွေးချယ်ခံ
ရရေးအတွက် သမ္မတဟူဂိုချာဗက်ဇ်က ကြိုးပမ်းလျက်ရှိနေသည်။ ထို့အတူပင်အမေရိကန်သမ္မတ
ဘာရတ်အိုဘားမားသည်လည်း ယခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက်
ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်း မစ်ရွန်နီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ဗင်နီဇွဲလားနိုင်ငံနှင့်
အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးမှာ လွန်ခဲ့သောနှစ်အတန်ကြာကပင် တင်းမာ
လျက်ရှိနေသော်လည်း ယခုထက်တိုင်အောင် ဗင်နီဇွဲလား၏ ရေနံထွက်ကုန်ကို ဝယ်ယူ မည့်
ထိပ်ဆုံးနိုင်ငံအဖြစ်အမေရိကန်က ရပ်တည်နေဆဲဖြစ်သည်။
၂ဝဝ၉ ခုနှစ်တွင် ကျင်းပသော ထိပ်သီးဆွေးနွေးပွဲတစ်ရပ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့်
ဗင်နီဇွဲလား သမ္မတ ချာဗက်ဇ်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။ နှစ်နိုင်ငံဆက်ဆံရေးမှာမူ ယင်းထိပ်သီးအစည်းအဝေးအပြီးမှစ၍ အေးစက်လာခဲ့ခြင်းဖြစ်သည်။
(အေပီ)
**ဟောင်ကောင်တွင် ကူးတို့ရေယာဉ်နှစ်စင်း တိုက်မိ၊တစ်စင်းနစ်မြုပ်ပြီး လူ ၃၆ ဦး
ထက်မနည်း သေဆုံး**
(ဟောင်ကောင် အောက်တိုဘာ ၂)
ဟောင်ကောင်ဒေသ၏ ရေကြောင်းဆိုင်ရာ အဆိုးရွားဆုံးမတော်တဆမှုတစ်ရပ် အောက်တိုဘာ
၁ ရက် ညပိုင်းတွင်ဖြစ်ပွားခဲ့ရာ လူ ၃၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူဒါဇင်များစွာ ဒဏ်ရာ
ရရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် ကုမ္ပဏီတစ်ခုမှ လူ
၁၂ဝ ကျော်ပါသော အပျော်ခရီးစဉ်တစ်ခုထွက်လာသည့် ကူးတို့ရေယာဉ်တစ်စင်းသည် အခြားကူးတို့ရေယာဉ်တစ်စင်းနှင့်တိုက်မိကာနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂ ရက် သတင်းများတွင် ဖော်ပြသည်။နစ်မြုပ်သွားသော ကူးတို့ရေယာဉ်မှာ
ဟောင်ကောင်ဒေသခံ ဘီလျံနာ လီကာရှင်းထိန်းချုပ်ထားသည့် ဟောင်ကောင်
လျှပ်စစ်ကုမ္ပဏီမှပိုင်ဆိုင်ပြီး ဟောင်ကောင်မြို့ ဝိတိုရိယဆိပ်ကမ်း၌ ကျင်းပသည့်
တရုတ်အမျိုးသားနေ့ အထိမ်းအမှတ်နှင့်ဆောင်းဦးပေါက် လမုန့်ပွဲတော်အတွက်
မီးရှူးမီးပန်း ပစ်လွှတ်ပွဲကို ဆင်နွှဲရန်ကုမ္ပဏီဝန်ထမ်းများနှင့် မိသားစုများကို
တင်ဆောင်ခုတ်မောင်းစဉ် လန်မာကျွန်းအနီးတွင် အခြားရေယာဉ်တစ်စင်းနှင့်
တိုက်မိပြီး နစ်မြုပ်သွားခြင်းဖြစ်သည်။ရေယာဉ်ထဲသို့ ရေများဝင်မလာမီ
အသက်ကယ်အင်္ကျီဝတ်ရန် အချိန်အနည်းငယ်သာရရှိကြောင်း ခရီးသည်
များမှာ ရေယာဉ်တွင်းတွင် ပိတ်မိနေကြောင်း၊ ယင်းရေယာဉ်နစ်မြုပ်ရာ၌
အသက်ရှင်ခဲ့သူတစ်ဦးက ပြောကြားသည်။ရေယာဉ်မှာ ၁ဝ မိနစ်အတွင်းတွင်
နစ်မြုပ်သွားခဲ့ကြောင်း ¤င်းအနေဖြင့်ကယ်ဆယ်မှုခံရရန် အနည်းဆုံး မိနစ်
၂ဝ ခန့်အထိ စောင့်ဆိုင်းခဲ့ရကြောင်းအမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် လူအသေအပျောက်များပြားသည့် မတော်တဆဖြစ်ရပ်မျိုးမှာ
၁၉၉၆ ခုနှစ်တွင်ဖြစ်ပွားခဲ့ဖူးပြီး ယင်းဖြစ်ရပ်မှာ စီးပွားရေးလုပ်ငန်း
အဆောက်အအုံတစ်ခု မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ လူ ၄ဝ ကျော် သေဆုံးခဲ့ရ
သည်ဟု ဆိုသည်။ယင်းကူးတို့ရေယာဉ်နှင့်တိုက်မိသောအခြားရေယာဉ်မှာ ဟောင်ကောင်နှင့်
ကောင်လွန်းကျွန်းကူး ကူးတို့ရေယာဉ်ဖြစ်ပြီး ယင်းမှာ ဆိုးဆိုးရွားရွား ပျက်စီး
သွားသည်ဟု သတင်းတွင်ဖော်ပြသည်။ယင်းဖြစ်ရပ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့
သော ခရီးသည်နှင့် ရေယာဉ်အမှုထမ်း၁ဝဝ နီးပါးကို ဆေးရုံသို့ တင်ပို့ပေးခဲ့ရ
သည်။ (ရိုက်တာ)
**ရာသီဥတုပြောင်းလဲမှုကြောင့်  ငါးသတ္တဝါများ၏အရွယ်အစား ကျုံ့ဝင်လာနိုင်** (တိုရွန်တို အောက်တိုဘာ ၂) ကမ္ဘာကြီးပူနွေးလာမှု၏ အကျိုးဆက်ကြောင့် ငါးသတ္တဝါ များ၏ ကိုယ်ခန္ဓာအရွယ်အစားသည် ၂၄ ရာခိုင်နှုန်းကျော် ကျော်မျှ ကျုံ့ဝင်သွားနိုင်ကြောင်း သိပံ္ပပညာရှင်များ၏ ခန့်မှန်း ချက်ကို အကိုးအကားပြု၍ အောက်တိုဘာ ၁ ရက်သတင်း များတွင် ဖော်ပြသည်။ ၂ဝဝ၁ ခုနှစ်နှင့် ၂ဝ၅ဝ ခုနှစ်အကြားကာလအတွင်း ငါးမျိုးစိတ် ၆ဝဝ ကျော်တို့အပေါ် ကမ္ဘာ့အပူချိန် မြင့်တက်လာမှု၏ အကျိုးသက်ရောက်မှုမည်သို့ရှိလာနိုင်မည်ကို သိပံ္ပပညာရှင်များက ပုံစံထုတ်တွက်ချက်ခဲ့ကြသည်။ရေပြင်များ ပိုမိုပူနွေးလာခြင်းကြောင့် သမုဒ္ဒရာရေထု အတွင်း အောက်ဆီဂျင်ပါဝင်မှုအဆင့်မှာလည်း ကျဆင်း ယုတ်လျော့လာမည်ဖြစ်ရာ ငါးသတ္တဝါများနှင့် ကိုယ်အလေးချိန် မှာလည်း သိသိသာသာ ကျဆင်းလာနိုင်ကြောင်း သိပံ္ပပညာရှင် များက ခန့်မှန်းခဲ့ကြသည်။ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်မှုထိန်းချုပ် ရေးကြိုးပမ်းမှုများ အရာမထင်ဖြစ်ရခြင်းသည် အဏ္ဏဝါဂေဟစနစ် များအပေါ် ယခင်တွေးထင်ခဲ့ကြသည်ထက် အကျိုးသက်ရောက်မှု ပိုမိုကြီးမားလာစေလိမ့်မည်ဖြစ်ကြောင်း သိပံ္ပပညာရှင်များက ပြောကြားခဲ့သည်။ကမ္ဘာ့အပူချိန် ပြောင်းလဲမှု၏ ရုပ်ပိုင်းဆိုင်ရာ အကျိုး သက်ရောက်မှုများကြောင့် ငါးသတ္တဝါများ၏ ကိုယ်ခန္ဓာအရွယ် အစားသည် ၁၄ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းအထိ ကျုံ့ဝင်သွား နိုင်ဖွယ်ရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် အတ္တလန္တစ်သမုဒ္ဒရာဒေသ ငါး မျိုးစိတ်များ၌ ကိုယ်ခန္ဓာအရွယ်အစားကျုံ့ဝင်မှု အများဆုံးဖြစ်လာ နိုင်ကြောင်း သုတေသနပညာရှင်များက ခန့်မှန်းထားသည်။ သမုဒ္ဒရာရေပြင်အပူချိန်အပြောင်းအလဲများကြောင့် ငါး မျိုးစိတ်အများအပြား၏ ပျံ့နှံ့လှုပ်ရှားမှုနှင့် မျိုးပေါက်ပွားမှု စွမ်းရည်များအပေါ် အကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း ယခင် သုတေသနပြုလုပ်မှုများက အကြံပြုထားသည်။ (ဘီဘီစီ)
**ကိုရီးယားကျွန်းဆွယ်ဒေသ၌ နျူကလီးယားစစ်ပွဲဖြစ်နိုင်ဟု မြောက်ကိုရီးယားပြောကြား** (ကုလသမဂ္ဂ အောက်တိုဘာ ၂) (၆၇) ကြိမ်မြောက် ကုလသမဂ္ဂနှစ်စဉ်အထွေထွေညီလာခံ နောက်ဆုံးပိတ်အစည်းအဝေးကာလ၌ မြောက်ကိုရီးယားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်ပြည်ထောင်စု၏မူဝါဒများအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြောင်း အောက်တိုဘာ ၂ ရက် သတင်းများတွင် ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စု၏ ရန်လိုသောမူဝါဒများကြောင့် ကိုရီးယားကျွန်းဆွယ်ဒေသသည် နျူကလီးယားစစ်မီး တောက်လောင်သွားနိုင်ပြီး ကမ္ဘာပေါ်၌ အန္တရာယ်အရှိဆုံးဒေသ ဖြစ်လာရကြောင်းမြောက်ကိုရီးယားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ပက်ခ်ကေးလ်ယွန်က ပြောကြားခဲ့သည်။မြောက်ကိုရီးယားအပေါ် လုပ်ဆောင်လာသော မည်သည့် ရန်စလှုံ့ဆော်မှုမျိုးကိုမဆို စစ်အင်အား အသုံးပြုတားဆီးသွား မည်ဖြစ်ကြောင်း ပက်ခ်ကေးလ်ယွန်က ၄င်း၏ အထွေထွေ ညီလာခံမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ စစ်ပွဲကိုတားဆီးရန်နှင့် ကိုရီးယားကျွန်းဆွယ်ဒေသ ရေရှည် ငြိမ်းချမ်းမှုရှိရန်အတွက် အမေရိကန်ပြည်ထောင်စုက မြောက် ကိုရီးယားနိုင်ငံအပေါ် ထားရှိသည့် ရန်လိုသောမူဝါဒများအား အဆုံးသတ်ရန်လိုကြောင်း ¤င်းက ဝေဖန်သုံးသပ်ခဲ့သည်။ မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်းနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက သဘောထားမှတ်ချက်မပေးခဲ့ပေ။ မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်းသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် ကွယ်လွန်အပြီး ¤င်း၏သားဖြစ်သူ ကင်ဂျုံအန်က အုပ်ချုပ်မှု အာဏာဆက်ခံခဲ့သည့်နောက်ပိုင်း ကုလသမဂ္ဂအဖွဲ့၌ ပထမဆုံး ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သည်။ (အေပီ)
စုစည်းဘာသာပြန် - တင်မောင်လွင်

No comments:
Post a Comment