ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 1, 2012

>
-လူထုကျန်းမာရေး( ခေါင်းမူးစာတမ်း - Discussion with a Burmese Doctor)-
**Public Health**
 မေး။ ။ဆရာခင်ဗျား၊ ခေါင်းမူးတဲ့ရောဂါကုခြင်းကို
စိတ်ဝင်စား၊  ဆွေးနွေးတဲ့အတွက်
 ကျေးဇူးအထူးတင်ပါတယ်။ ကျွန်တော်လို ခေါင်းမူးတတ်သူများအတွက် ဆရာ့အတွေ့အကြုံလေးတွေ ဝေငှပေးပါဦး။
 ဖြေ (A Burmese Doctor)။ ။ ကျနော်ဆရာဝန်တဦးပါ။ ကျနော်လဲ ခေါင်းမူးရော ဂါကို ၁၉၉၃- ၉၄- မှာ တော်တော်ခံလိုက်ရပါတယ်။ အခုလဲ အစားမှားရင် မူးတာ ဘဲ ။ မူးရင် ၃၆-နာရီလောက်ကိုမူး အန်နေတော့တာပါ ။ နောက် ၉၄မှာတော့ အစားအသောက်ကြောင့်ဆိုတာ သိလာပြီး မူးတာကို ကုတတ်သွားပါတယ် ။ နောင်မူးခဲ့ရင် ကျနော့်ဆေးနည်းစမ်းကြည့်ဖို့  သိလိုတယ်ဆိုရင် မျှဝေချင်ပါတယ် ။ ဗောဓီတစ်ထောင်ဆရာတော် လှည်းတန်းက ရန်ကင်းကျောင်းတိုက်ဆရာတော်နစ်ကတော့ ကျနော်ကလွဲ ရင် တခြားဆရာဝန်ကုတာကိုလက်မခံခဲ့ပါဘူး ။ ဗောဓိဆရာတော်က ကျနော် ၂၀၀၅-နစ်ကုန် နိုင်ငံခြားထွက်တော့ ငါနေမကောင်းရင် ခက်ပြီပြောရှာပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင် ကျနော်နိုင်ငံခြားထွက်ဖို့  လေယာဉ်ပေါ်တက်ချိန် ဆရာတော်ပျံလွန်တော်မူချိန် ဖြစ်သွားပါတယ် ။ ကျနော်မိတ်ဆွေ တိုင်းတရားသူကြိးအမဖြစ်သူ အထူးကုပါဘဲ ။ ရှေးခေတ်ကထည်းက ဆူပါသူဌေးကြိးတွေပေါ့ ။ သူလဲ ခေါင်းမူးတတ်တာနဲ့  အထူးသဖြင့် လေယာဉ်စီးရင် သွက်သွက်ခါမူးအန်တော့တာပါ ။ ကျနော်ဆေးနည်းလေးပေးလိုက်တာ လေယာဉ်ပေါ်မှာ အစားတောင်စား လို့ရတဲ့အထိ ကောင်းသွားပါတယ် ။ ထုံးစံအတိုင်း ဆူပါသူဌေးတွေ အလှုလုပ်တော့ သူတို့ မိတ်ဆွေ ဆရာဝန်တွေ အထူးကုတွေ ဆုံကြတော့ မေးကြပါတယ် ။ ခင်ဗျား ဒီဆေးနည်းကို ဘယ်စာအုပ်ထဲက တွေ့ လို့  သုံးတာလဲပေါ့ ။ ဒါကို မျှခြင်လို့  ၂၀၀၅- ဆရာဝန်များညီလာခံအတွက် စာတမ်းရေးခဲ့ပါတယ်။ .....မြန်မာဆရာဝန်ကြီးများက ဒါတွေ Literature ထဲ မှာ မရှိဘူး ..ပြောလာလို့ အခြေတင် ဖြစ်ခဲ့ဖူးပါတယ် ။ ဆရာဝန်လောကမှာလည်း လူ့အတတ်ပညာနဲ့ ဖြေရှင်းလို့မရတာတွေ အများကြီးရှိပါတယ်။ ဒါကြောင့် တိုင်းရင်းဆေးတွေ အခုထိ ထွန်းကားနေဆဲဖြစ်ပါတယ်။ ထားပါတော့။ မေး။ ။ ခေါင်းမူးရောဂါကုထုံး ကို အရမ်းသိချင်ပါတယ်။ ဆရာရဲ့ ခေါင်းမူးရောဂါ စာတန်းကို သိချင်၊ဖတ်ချင်ပါတယ်။ ကျွန်တော့အတွက် ခေါင်းမူး၊ ခေါင်းဆူရောဂါရပြီး၊ ဒီပရက်ရှင် ၂နှစ်လောက်ဖြစ်ခဲ့ဖူးပါတယ်။ သေမှာကြောက်ရွံပြီး အိပ်မက်ဆိုးများ၊ တရက်အိပ်ဆေး၎လုံးကနေ ၁၂လုံးထိ ဒိုင်ယာစီပင်များစွာ သောက်ခဲ့ရပြီး၊ ဦးနှောက်အားတိုးဆေးများ၊ Stress Medicine များ သောက်ခဲ့ရတဲ့ ၂၀၀၂-၂၀၀၄ ကာလများက ကိုယ့်ကိုယ်ကို သေပြီလို့ စိတ်လျှော့ခဲ့ရပါတယ်။ စေတနာရှိသူ ဆရာဝန်များ ကျန်းမာရေးအမေးအဖြေ ကဏ္ဍ အချိန်ပေးပြီး ဖြေကြားရင် သိပ်ကောင်းမှာပါ။ ဆရာ့အတွေ့အကြုံလေးတွေ၊ ခေါင်းမူးစေတဲ့အကြောင်း နဲ့ အမူးပြေစေတဲ့ ဆေးများ၊ နည်းများကို ပြောပြပါဦးခင်ဗျာ..။

 ဖြေ (A Burmese Doctor)။ ။ ခေါင်းကိုမူးစေခြင်းအကြောင်း နားထဲက cochlea and vestibular ကပါ ။ တနည်း ဒါတွေ တင်းလာရင် ( ဖိအားများလာရင် ) မူးတာပါ ။ ဥပမာ ကားမူး/ လေယာဉ်မူးတာက တော့ ခေါင်း မျက်လုံးအကြည့်တွေ ကနေ လှုံ့ ဆော်လာလို့ နားထဲအရည်စုလာပြီး မူးတော့တာပါ ။ ခင်ဗျား/ ကျနော်တို့ မူးတာက မတည့်တဲ့အစား စားမိတဲ့အခါ ပထမ မျက်နာတွေတင်းလာပါမယ် ။ သတိထားမိရင်ပေါ့ ။ မျက်လုံးတွေ တင်းလာပါမယ် ။ အမ်းလာပါတယ် ။ သတိမမူရင်တော့ ဂူမတွေ့  ဆိုသလိုပေါ့ ။ အဲဒီမှာ တကယ်ဆိုးဆိုးဝါးဝါးမမူးခင်မှာ သတိထားလို့ ရတာကတော့ အောက်ကို ငုံကြည့်မိ ခဲ့ရင် တခုခုငုံ့ ကောက်မိခဲ့ရင် ပြာသလိုလို ဖြစ်တာ ခံစားရတတ်ပါတယ် ။ ခြာခနဲ မူးသလိုမျက်လုံး ပြာသွားတတ်ပါတယ် ။ နောက်နေ့ ဆို မူးတဲ့အဆင့်အထိလာတော့တာပါ ။ ပိုသတိထားရင် ဗိုက်လဲလေပွ လာပါတယ် ။ နည်းနည်းမူးတာ စတာနဲ့ လေမလည်တော့ပါဘူး ။ အမူးစပြေတော့မယ်ဆိုရင်လဲ လေလည်တာက ကပြန်စပါတယ် ။ အဲဒီအချိန်မှာ နားထဲ အရည်တွေ စုနေခါစ အချိန်ဖြစ်ပါတယ် ။ ဒီအချိန်မှာ နားထဲက အရည်ကို အမြန်ဆုံး အထိရောက်ဆုံး ထုတ်ပြစ်နိုင်တာက ဆီးဆေးပါဘဲ ။ ဒါကို ဆေးလောက ကြီးတခုလုံးက အကြောင်းးရင်းကို မကုစားဘဲ လက္ခဏာ ကိုကုစားနေကြတာ အစဉ်အဆက်ပါဘဲ ။ Not correcting the real cause just alleviating the symptoms. ဒါပါဘဲ ။ ခင်ဗျားကိုကုပေးနေတာ ( အားလုံး )က ယာယီဘဲ ။ အကြောင်းရင်းတရားကို လူနာ နားလည်ထားရင် လူနာရှင်က ရှောင်မှာပါ ။ ဆရာဝန်ကိုယ်တိုင်က ဖြစ်ရင်းအကြောင်းခံ ကို မရှာဖွေနိုင်သေးသမျှ လူနာကခံရလိုက်ရ၊ လက္ခဏာကိုကုလိုက် အိုကေ ဆိုပြေနေကြတာ ကျနော့်အတွက် စိတ်မချမ်းသာဘူး ။ မူးတာက လွယ်တဲ့ကိစ္စမဟုတ်ဘူး ။ မသေတာပေမဲ့ သေလုမတတ်ခံရသလိုဘဲ ။
အဓိကကတော့ ဥိးခေါင်းဒဏ်ရာ Head injury ( concussion )ရရင် ဆေးရုံမှာ အရေးပေါ်မှာ I.V Mannyl ထိုးဆေး တောက်လျှောက်ချိတ်တော့တာပါ ။ လူနာမျက်လုံး ကိုကြည့်ပြီး လိုအပ်နေသသေးသမျှ ချိတ်နေတော့တာပါ ။ အခု လိုမျိုး မူးရင် ဥိးခေါင်းဒဏ်ရာ ရထားတဲ့ လူနဲ့ အပေါ်ယံအားဖြင့် တူနေတာပါဘဲ ။ အဲဒီလောက်အထိ ပိုတွေးစဉ်းစားလိုက်ရင် အကြောင်းရင်းခံ ဆင်တူတူ တွေ့ လာရတော့ ကုသချက်က ဆင်တူတူ လေးပါ ။
ဒီတော့ ဥိးဏှောက်ထဲက အရည်အပိုတွေ ကို အကောင်းဆုံး ထုတ်ပစ်နိုင်တာက မျက်စေ့ဝေဒနာရှင်တွေ Glaucoma/ maculoma( macular oedema ) မျက်ကျောယောင် / အတွင်းတိမ်သမားတွေ နေ့ စဉ်သောက်ရတဲ့ ဆီးဆေး DIAMOX ( Acetazolamide -125 mg ) ရဲ့  တ၀က်လောက်ကို တိုက် ။ ရေများများနဲ့  ဖြစ်နိုင်ရင် ဖရဲသီးရည် တိုက်ပါ ။ ဆီးစသွားပြီး ၆-နာရီလောက်ဆို မူးတာ စသက်သာလာပါမယ်။ ရေများများ စသောက်နိုင်ပြီးဆို ဆီးပိုသွားလာရင် မူးတာ ပိုသိသိသာသာ သက်သာလာပါမယ်။ လေစလည်ပြီဆိုရင် ပျောက်ပြီသာ မှတ်ပါတော့ ။

**အမူးပြေဆေးအကြောင်း* *

ဘာအမူးပျောက်ဆေးမှ မလိုပါဘူး ။ သိချင်ရင် ကားမူးတတ်သူ တဥိးကို ခရီးမသွားမှီ တရက်အလို ( ၄-နာရီလောက် စောသောက်တောင်ရပါတယ် ) ဒီဆီးဆေး တ၀က် တိုက်ပေးလိုက်ပါ ။ နောက်နေ့ ကားစီးရင် မူးဖို့ နေနေသာသာ စားလို့ တောင်ရပါတယ် ။ အမူးပျောက်ဆေးတွေ ကြိုတိုက်ကြည့်ပါ ။ တူးသလား လို့သာမေးပါ ။ ဒီတော့ မူးစေတဲ့အကြောင်းရင်းတွေ ဆက်ပြောပါမယ် ။ မူးရတာ မတဲ့တဲ့ အစားအစာတွေ နဲံ ဆိုင်ပါတယ် ။ လူတဥိးနဲ့ တဦး ဓါတ်ခံမတူတော့ မတူနိုင်ဘူး ။ တဥိးက ကြက်ဥနဲ့မတဲ့ဘူး ။ တဦးက နွားနို့  ။ တဦးက ပုဇွန် ။ ကျနော်က အချို မှုန့် တွေ preservatives တွေ artificial flavours တွေ နဲ့မတဲ့ဘူး ။ preservatives တွေပါတာ ဘီစကစ်မှုန့် စားရင် တနာရီလောက်နေရင် နာခေါင်းသွေးကျလာတယ် ။ တရုတ်ဆိုင်မှာစားရင် ၂-၅-မိနစ်ဆိုကျလာပြီ ။ ယိုးဒယားဆိုင်ဆို ၀မ်းသွားရင်သွာ မသွားရင်နောက်တနေ့ မူးအန်တော့တာ ။ ၀မ်းသွားရင်လဲ ဆိုင်ထဲတင်ပန်းတော့တာ ။ ကျနော်မြေး၃-ယောက် ။ ၃-ယောက်လုံး အစားအစာမတဲ့ကြဖူး ။ ဘာဘူ သမိးက ပဲနို့  / နွားနို့ / ကြက်ဥ / Nuts တွေ မတဲ့ဘူး ။ သန္တာလှိုင်သမိးက ကြက်ဥ/နွားနို့ / nuts တချို့  ။ အပြင်စာ အထူးသဖြင့် အချို မှုန့်  အရသာမှုန့်တွေ ရှောင်ကြည့်ပါ ။ မတော်စားမိရင် diamox တာတန်းသောက်ပါ ။ စမ်းကြည့်ပါ ။ တွေ့ ရှိတာလေးတွေ feed back ပြန်ပေးပါဦး ။ တခြားသူတွေကိုလဲ မျှပါ ။ မိတ်ဆွေတွေ ကို ကျနော်ကလို့ ပြောရင် စမ်းကြပါမယ် ။ ကျနော့် တို့ တတွေ ရဲ့တွေ့ ရှိချက်ကနေ လူသာများအတွက် တင်ပြနိုင်ရင် ကုသိုလ်တွေ ရမယ် ။ လူတွေ မူးတာ တရက်သက်သာရင် နည်းတဲ့ လုပ်အားဆုံးရှုံးမှုကို ကာကွယ်နိုင်တာလား ။ တဥိးမူးရင် တဥိးပါအလုပ်ပျက်ရတော့တာပါ ။ ခေါင်းမူးတတ်သူများ မတဲ့တာတော့ စားရရင်း သတိထားမိရင် တဖြေးဖြးသိလာပါမယ် ။ ကိုယ်တိုင်ကအသိဆုံးပါ ။ ဆရာဝန်က ၀ါးလုံးသိမ်း ပြောလို့ မရပါဘူး ။ အခုစာရေးဆရာ (ကို) ကျော်ဝင်းက အသက်ကျနော့်ထက် တနစ်တိတိငယ်တယ်။ သူက အတန်း တတန်းကြီးပါတယ် ။ ငယ်ငယ်က ကျောင်းထားရင် ကျောင်းကထွက်ပြေး လမ်းမှာ ခွေးကိုက်ခံရ လမ်းမျာပျောက်လို့အိမ်က ကျောင်းမထားရဲတော့..၇-နစ်ကျော်မှ ကျောင်းစလိုက်တာ ။ ညီ-အငယ်ကျောင်းတက်မှ လိုက်တက်တာ ။ ဒါပေမဲ့ ၄-တန်းကနေ ၆-တန်းကျော်တက်ရလို့ ။ မဟုတ်ရင် အသက်၂၀-မှ ဆယ်တန်းအောင်ဖြစ်တော့မလို့ ။ ငယ်ငယ်က ကက်သလစ်ကျောင်းကြိးတွေ နေရတော့..kindergarten က အေ/ဘီ/စီ သုံးတန်းတက်ရတာလဲပါတယ် ။ ကျနော် ကိုယ့်မြို့ပြန်ပြီး ၁၉၈၂ မှာမှ ဆေးခန်းပြန်ဖွင်ဖြစ်တယ် ။ ကျနော့် ခေါင်းမူစာတမ်းက ရန်ကုန်အိမ်မှာထားခဲ့တာ အိမ်ကပစ္စည်းများလည်း ပျောက်တယ်ဗျာ ။ နိုင်ငံခြားကတိုက်ကရိုက် ထွက်လာရတော့ ဘာမှ မသယ်နိုင်ခဲ့ဘူး ။ ဘယ်ရောက်လို့ ဘယ်ပေါက်မယ်မသိဘဲ ရည်ရွယ်ချက်မဲ့ ထွက်လာခဲ့ရသူပါ ။ နက်ဖန်ဆိုတာ ဘယ်မှန်းမသိတဲ့ဘ၀ ပါ ။ အားငယ်ငယ်နဲ့  နိုင်ငံခြားထွက်လာခဲ့ရတာ။ စာတမ်းကို ပြန်ရှာဖို့ထက် အသစ်ပဲ ထပ်ရေးဖို့ လုပ်နေပါတယ်။ အချိန်အခါပေးရင်တော့ လူအများဖတ်နိုင်ဖို့ ရေးရပါမယ်။ ဆရာနှင့်အမေးအဖြေကဏ္ဍ၊ ဤမျှနဲ့ပဲ အဆုံးသပ်ပါမယ်။ 

**ကျွန်ုပ်အတွေ့ကြုံဖြင့်သုံးသပ်ခြင်း**
 ခေါင်းမူးခြင်းဟာ အထူးသဖြင့် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ရောဂါများရှိပါတယ်။ ခေါင်းမူရောဂါနဲ့ ဆက်စပ်နေကြောင်း အင်တာနက်မှာဖတ်ကြည့်မိပါတယ်။ ဆူညံခေါင်းမူခြင်းများဟာ အသက်ကြီးလာရင် ပိုဖြစ်လာမှာသေချာပါတယ်။ ဆရာပြောသလို အဓိကအကျဆုံးကတော့ အစားအသောက်ဖြစ်ပါတယ်။ တချို့က ခန္တာပါရမီကောင်းပါတယ်။ ဘယ်လောက်စားစား မ၀ဘူး၊ အခုတော့ အသက်ကြီးလာတောမှ အစားသတိထားရတယ်။ အထူးသဖြင့် ဆရာပြောတဲ့ အချိုမှုန်၊ Flavor များကို ရှောင်ရမှာပဲ။ SAR ရောဂါဖြစ်တုန်းက တရုပ်ပြည် အာရုံကြောအထူးကု ဆရာဝန်ကြီးရေးတာကို မြန်မာပြည်က မောင်မောင်ညှပ် (အပ်စိုက်ဆရာ) ဘာသာပြန်ရေးထားတဲ့ စာကို သတိရသလောက်ရေးရရင် အကောင်းဆုံးသောဆရာဝန်သည် မိမိသာဖြစ်သည်။ အကောင်းဆုံးသောလေ့ကျင့်ခဏ်းသည် လမ်းလျှောက်ခြင်းဖြစ်သည် .. ဆိုပဲ။ ကျွန်တော့အတွက်တော့ အကောင်းဆုံးသော အစာအသောက်သည် အိမ်တွင်ချက်သောအစားအသောက်ဖြစ်သည် လို့ ဖြည့်စွတ်ချင်ပါတယ်။ ဒီနေ့မနက်ကတောာင် အစားအသောက်ကြောင့် လူတွေ ဒေါသဖြစ်ရတာတွေ၊ အစားအသောက်ချက်ပြုတ်၊ စီစဉ်တတ်သူများ လူချစ်လူခင်များကြောင်း အတူအလုပ်လုပ်တဲ့ ကိုအောင်နဲ့ ပြောနေကြသေးတယ်။ လွန်ကျုးခြင်းဟာ ငယ်ရွယ်စဉ်တုံးက သိပ်မသိသာပေမဲ့ အသက်ကြီးလာတော့ အရမ်းသိသာတယ်။ ဥပမာ အစားသောက်၊ ဆေးလိပ်၊ အရက်သေစာ၊ လိင်ကိစ္စ၊စိတ်ပိုင်းဆိုင်ရ ဒေါသ၊လောဘ၊၀မ်းနည်း၊၀မ်းသာမှုတွေ၊ နောက်ဆုံး ကိုယ်လက်လှုပ်ရှား၊အားကစားတောင် လွန်ကျူးလို့မရဘူး။ တခါလွန်တာနဲ့ အသက်ပျောက်သွားရင် တော်သေးတယ်။ နာတာရှည်ဖြစ်နေရင် ကိုယ့်ကြောင့် ကိုယ့်မိသားစု အခက်ခဲဖြစ်ရတတ်ပါတယ်။ ကျွန်တော် အမေရိကားမှာ ဒေါ်လာ၅ထောင် ပေးပြီး MRI ရိုက်ကြည့်တာ ပိုက်ဆံတတ်နိုင်လို့ မဟုတ်ပါဘူး။ အမေရိကာကျန်းမာရေးစနစ်က လူတိုင်း ဆေးစစ်ခွင့်ရှိတယ်။ ငွေကိုတော့ ရှိတဲ့အချိန်ပေးပေါ့။ မရှိဘူး သက်သေပြနိုင်ရင် အစိုးရက ပေးတယ်။ ကျွန်တော် အလုပ်မရှိကြောင်း သက်သေပြနိုင်လို့ အခမဲ့ ဒေါ်လာ၅၀၀၀တန် MRI ဆေးစစ်ခဲ့တာပါ။ တချို့ သူငယ်ချင်းတွေ ဒေါ်လာသိန်းနဲ့ချီကုန်ကျတဲ့ ဆေးကုသမှုတွေ အခမဲ့လုပ်နိုင်တယ်။ ဟိုမှာ ဒေါ်လာ ၅သိန်းကုန်ရင် ဒီမှာ (စင်ကာပူ) Cash Down or Installment payment နဲ့ ဒေါ်လာ၅သောင်း ဆိုကုလို့ရပြီးပဲ။ အမေရိကားမှာ ဆရာဝန်နဲရှေ့ နေ Doctor & Lawyer စရိတ်တွေပဲ ထောင်းနေတာကြောင့် ၀င်ငွေမရှိပဲ ကြာကြာနေမရလို့ စင်ကာပူပြန်လာ ရတယ်။ အမေရိကားမှာ ရပ်တည်ရှင်သန်ဖို့၊ မလွယ်လှပါဘူး။ ကျွန်တော့် ဇနီးသည်လည်း ရုပ်ရှင်ဝါသနာပါတော့ တီဗွီညသန်းကောင် သူကြည့်တဲ့ ရုပ်ရှင်ကား၊ စိတ်ရောဂါကု ဆိုက်ကရေးထရစ် ဆရာဝန်ကြီး လူနာတွေကိုကုသရင်း နောက်ဆုံး လူနာတယောက်ကို ကပ်ကြေးနဲ့ထိုးသတ်ပြီး၊ သူလဲရူးသွားတဲ့ရုပ်ရှင်အကြောင်း ပြောပြတယ်။ ဒီလိုပါပဲ အသက်ကြီးလာမှ လောကကြီးမှာ ကိုယ်လုပ်နိုင်တာ နည်းသထက်၊ နည်းလာတာ၊ အထူးသဖြင့် ခေါင်းမူးရောဂါကြောင့် စိတ်တွေ လျှော့ထားလိုက်မှ နေရတာ သက်တာတယ်။ ဒါပေမဲ့ ဒေါသ၊ မာန တွေက ပြိုင်ဆိုင်ချင်တုန်း။ ကိုယ်လုပ်တာမှ အဟုတ်ထင်နေတုံပဲဗျ... လူ့သဘာဝဆိုတော့၊ ခက်ပါတယ်။ နိဂုံးချုပ် ကျွန်တော်ခေါင်းမူးရောဂါကို ဆရာဝန်များစွာနဲ့ ကုသခဲ့ပါတယ်။ အသက်၇၈နှစ်အရွယ် ကျွန်တော့် ဖခင်ကြီးလည်း ခေါင်းချာလပတ်လည်အောင်မူးလို့ ဆိုပြီး ခေါင်းခွဲစိတ်ကုသရအောင် ၂၀၁၁ တုန်းက စင်ကာပူကို အဖိုးကြီး၊ အဖွားကြီး ဇနီးမောင်နှံ ရောက်လာပါတယ်။ ဆီးချို တအားတက်နေတာ အစားမလျှော့လို့ ခေါင်းမူတယ် ဆိုပြီး သူငယ်ချင်းမြန်မာဆရာဝန် (စင်ကာပူအစိုးရ Poly Clinic Doctor) က ဆေးစစ်၊ ကုသပေးပြီး CT Scan လုပ်ပေးလိုက်ပါတယ်။ ဈေးသိပ်မကျပါဘူး။ ဒေါ်လာ၃၅၀လောက်ပဲ ကျသင့်ပါတယ်။ ပြန်သွားကြပါပြီ။
ကျွန်တော် ခေါင်းမူးရောဂါကို ခံစားရတာ ၁၀နှစ်လောက်ရှိပါပြီ။ စိတ်နေစိတ်ထားပဲ ပြောင်းလဲပြီး၊ How Big Are You .. ဆိုတဲ့၊ ငါဆိုတာ ဘာမှမဟုတ်ပါလား။ ငါအတင်းလုပ်လိုက်တိုင်း ငါပဲစိတ်ဆင်းရဲရတယ် .. ဆိုတဲ့၊ အားလုံး ဘုရားအလိုတော်ပါပဲ (ဗမာလိုပြောရရင် ရှေးဘ၀ကုသိုလ်၊ ကံတရားပါပဲ) နေလိုက်တော့ တော်တော်သက်သာပါတယ်။ သေမှာလည်း အရင်လောက် သိပ်မကြောက်တော့ပါဘူး။ အိုခြင်းထက် နာခြင်းကို အရမ်းကြောက်ပေမဲ့ ဘာတတ်နိုင်မှာလဲ၊ အို၊နာ၊သေရမှာ သေချာနေတာ ဒါတွေမတွေးတော့ ခေါင်းမူးရောဂါတွေလည်း သက်သာလာတယ်။

 လေးစားလျှက် ။
 ဇော်အောင်

 Ref: http://murann.com/headproblems.htm Relative Article ကျန်းမာရေး ... Singapore, USA ဆေးပညာ၊ ဆရာဝန်၊သူနာပြုများ နှင့် CT Scan http://www.murann.com/ezine/index.php?option=com_content&view=article&id=1496%3A---discussion-with-a-burmese-doctor&catid=2%3Aknowledge&Itemid=4

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)