ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, October 20, 2012

> -လူထုကျန်းမာရေး(နှာခေါင်းကင်ဆာ - Nasal cancers )-
**Public Health**
 နှာခေါင်း ကင်ဆာကလည်း သွေးနဲ့ သွေးပြန်ရည် လမ်းကြောင်း တွေကနေ တခြားတခြား သွားတော့တာဘဲ။ Lymph system သွေးပြန်ရည်စနစ်ကနေ ကူးတော့ Lymph nodes တက်စေ့တွေ ကြီးလာစေတယ်။ ဆိုးတာက အဆုပ်၊ အသဲ၊ အရိုးတွေဆီပါ ရောက်လို့ဘဲ။ ဆရာဝန်တွေဆီ ရောက်လာရင် ၈ဝ% လောက်က ပြန့်နေတဲ့အဆင့် ရောက်နေတတ်တယ်။ အမျိုးသားတွေက ၂ ဆ ပိုဖြစ်တယ်။ အသက် ၄၅ နှစ် ကျော်တွေ ပိုဖြစ်တယ်။ Risk Factors and Prevention ဘာ့လိုဖြစ်နိုင်သလဲ၊ ဘယ်လိုကာကွယ်မလဲ။ သုတေသန လုပ်ထားတာတွေထဲက အချက်တိုင်းကြောင့် ဖြစ်ရတာတော့ မဟုတ်ပါ။ အခွင့်အလမ်း များစေတာသာ ဖြစ်ပါတယ်။ ရေးပြတဲ့ အချက်တွေနဲ့ အတော်ကြီး နီးကပ်၊ ထိစပ်နေသူတွေမှာ ကင်ဆာ မဖြစ်တာတွေ အများကြီးရှိပါတယ်။ ၁။ ဆေးလိပ်၊ စီးကရက်၊ ဆေးတံ၊ ဆေးငုံ၊ ဆေးရှူ၊ ၂။ အရက်၊ ၃။ Human papillomavirus (HPV) ဆိုတဲ့ ဗိုင်းရပ်စ်၊ ဒီအကောင်က လိင်ဆက်ဆံရာကနေလည်း ကူးတဲ့ပိုး။ ၄။ Specific inhalants အမှုံအမွှား၊ အငွေ့အသက်တွေ၊ သစ်သား၊ အဝတ်အထည်၊ သားရေ၊ Flour dust ဂျုံမှုံ့၊ Nickel dust (နစ်ကယ်လ်)၊ Chromium dust (ခရိုမီယမ်)၊ Mustard gas မုန်ညင်းငွေ့၊ Asbestos မျက်နှာကျက်လုပ်အမှုံ၊ Isopropyl alcohol fumes (အိုင်ဆိုပရိုပိုင်းလ်) အရက်ပြန်၊ Radium fumes (ရေဒီယမ်) ငွေ့၊ Glue fumes ကော်ငွေ့၊ Formaldehyde fumes (ဖေါ်မယ်လ်ဒီဟိုက်) ငွေ့ Solvent fumes used in furniture and shoe production ပရိဘောဂ နှင့် ဖိနပ်လုပ်ငန်း သုံး ဖျော်ဆေးတွေ၊
၅။ Air pollution လေထုညစ်ညမ်းမှု၊ စဖြစ်တော့ အအေးမိ နှာစေးသလိုနဲ့ စတယ်။ ကြာတော့မှ ရောဂါရှိမှန်း သိရလို့ နောက်ကျ နေတတ်တယ်။ နှာခေါင်း ပိတ်တာ၊ မျက်စိထဲမှာ အရာနှစ်ခုမြင်တာ၊ မျက်ရည် ဆက်တိုက် ကျနေတာ၊ သွားတွေ ချောင်လာတာ၊ ခေါင်းကိုက်တာတွေ ဝင်လာတယ်။ အနံ့မရဖြစ်၊ နှာရည်ယို၊ နှာခေါင်းသွေးယို၊ ကိုယ်ပူတာတွေလည်း ရှိနိုင်တယ်။ ပါးစပ်-နှာခေါင်းနဲ့ မျက်နှာမှာ အလုံးပေါ်တာမယ်။ ပါးစပ်ဟရတာ ခက်တာမယ်။ လည်ပင်း အကြိတ်တွေ ပေါ်လာမယ်။ ကြာလေလေ အားယုတ်၊ အစားပျက်၊ ပိန်လာမယ်။ သေခြာအောင် Endoscopy လည်ချောင်းထဲ ကရိယာထဲ့ စစ်ဆေးနည်း၊ Biopsy အသားစဖြတ်ယူ စစ်ဆေးနည်း၊ X ray ဓါတ်မှန်၊ CT or CAT scan စီတီ-စကင်န်၊ MRI တွေ လုပ်ရတယ်။ ဆေးကုတဲ့အခါ အဖွဲ့လိုက်ကနေ ကုပေးရတယ်။ ခွဲစိတ်ဆရာဝန်၊ သမားတော်၊ ကင်ဆာအထူးကု၊ ရောဂါဗေဒပညာရှင်၊ သူနာပြု၊ ဓါတ်ကင်ဌာန၊ စိတ်ရောဂါအထူးကု၊ အာဟာရအထူးကု၊ လူမှုရေးပညာရှင် စသူတွေ ပါနိုင်တယ်။ အများဆုံးက ခွဲစိတ်တာရယ်၊ ဆက်ပြီး ဓါတ်ကင်တာ ၄-၅ ပါတ်ကြာ လုပ်ပါတယ်။ နောက်ကျနေရင် မခွဲခင်ကတည်းက ဓါတ်ကင်ပေးတယ်။ ဓါတ်ကင်ကုသတာက ပိုအဆင်ပြေတတ်တယ်။ ခွဲတာလို ရုပ်သိပ်မပျက်ဘူး။ ခွဲစိတ်တာမှာလည်း ဖြစ်တဲ့နေရာက ရှုတ်ထွေးတဲ့အတွက် ရိုးရိုးခွဲတာအပြင် Laser surgery လေဆာနည်း၊ Cryosurgery အေးခဲနည်းတွေ ပါရတတ်သေးတယ်။ Reconstructive surgery ခွဲစိတ်ထားတဲ့ နှာခေါင်းကို အသစ်ပြင်နည်း၊ Prosthesis နှာခေါင်းအတု လုပ်တာတွေပါ လိုတတ်သေးတယ်။ ဓါတ်ကင်တာမှာ ၂ နည်းလုပ်တယ်။ External-beam radiation therapy အပြင်ကနေကင်တာ နဲ့ Implants internal radiation therapy ရက်အကြာကြီး အချောင်းထည့်တာတွေ ဖြစ်တယ်။ အပြင်နည်းတခုဖြစ်တဲ့ Intensity modulated radiation therapy (IMRT) နည်းသစ်က ပိုထိရောက်တယ်လို့ ဆိုပါတယ်။ နောက်ကျသူတွေကို Chemotherapy ဆေးပေးကုတာ လုပ်ပါတယ်။ တခြားနည်းတွေလည်း လုပ်ကြသေးပါတယ်။ Massage, Meditation, Music therapy, Prayer, Yoga နှိပ်တာ၊ တရားထိုင်တာ၊ ဂီတနဲ့ ကုတာ၊ ဆုတောင်းတာ၊ ရောဂ လေ့ကျင့်ခန်းနည်။
ဓါတ်ကင်တော့ အားယုတ်တယ်။ အစာအာဟာရ ကောင်းကောင်း စားသင့်တယ်။ စိတ်ဓါတ် မကျအောင် လုပ်ရမယ်။ လေ့ကျင့်ခန်း လုပ်သင့်တယ်။ ဓါတ်ကင်လို့ အနာဖြစ်ရင် ကုရမယ်။ ပဋိဇီဝဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အနာအကိုက် ပျောက်ဆေး၊ ဗီတာမင်၊ ပျို့-အန် ပျောက်ဆေးတွေ လိုမယ်။ ဆံပင်ကြွတ်တာက နောက်တော့ ကောင်းလာနိုင်တယ်။ ကင်ဆာမှန်သမျှ ဖြစ်ပြီးနောက် ဘယ်လောက် အသက်ရှည်နိုင်သလဲ ဆိုတာကို ပြောရင် ၅ နှစ်ခံနှုံးနဲ့ ပြောတယ်။ ဒီရောဂါမှာ ၅၄% ရှိလို့ အဆိုးကြီး မဟုတ်ပါ။

**Dr. တင့်ဆွေ**

-လူထုကျန်းမာရေး(နှာခေါင်းကင်ဆာ - Nasal cancers )-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)