**မီးတစ်တို့လောက်**
ကိုဘမောင်အား ၀မ်း စစ်ရန်လိုအပ်
သည်ဟု ဆရာဝန်ကပြော၏။မနက်စောစော ထသွားသော ၀မ်းကို သာ ယူခဲ့ရန်လည်းမှာ၏။ ဒါနဲ့မနက်ဖက်တွင်သစ်သား မီးချစ်ဗူး အလွတ်တခု ထဲသို့ အစစ်ခံမည့်ပစ္စည်း ( ၀မ်း )ကိုထဲ့ကာ ဆေးရုံသို့ ယူသွားသည်။ တရက်ကြာသွားသည် ကိုဘမောင် အိမ်ပြန်မရောက်လာချေ။နှစ်ရက်၊ သုံးရက်ကြာသွား၏။ကိုဘမောင်ကား ပေါ်မလာချေ။ မိန်းမဖြစ်သူမှာ စိတ်ပူလာကာမိတ်ဆွေသူငယ်ချင်းများထံ ဖုန်းဆက်၏။ရောက်မလာကြောင်းပြောကြသောအခါ ပို၍စိတ်ပူလာ၏။ နောက်ဆုံးတွင် ဆေးရုံ သို့ သွားရောက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ ဆီး၊၀မ်း၊သွေး စသည်တို့ကို စစ်ဆေးသော ဓါတ်ခွဲခန်းမှ တာဝန်ကျသူများကိုမေးရာ သူတို့လဲ ဘာမှ မသိကြောင်းဖြေ၏။ ဤ တွင် သန့်ရှင်းရေး အလုပ်သမား က ကိုဘမောင်မိန်းမအား လှမ်းပြော၏။ " ခွဲစိတ်ဆောင်ကိုသွားကြည့်ပါလားဗျ။အဲဒီမှာ ယောက်ကျားကြီးတစ်ယောက် ရောက်နေတာ သုံး လေး ရက်လောက်ရှိပီဗျ။ ခင်ဗျား ယောက်ကျား ဖြစ်ချင်ဖြစ်နေမှာ " စကားမဆုံးမီစိုးရိမ်စိတ်ဖြင့် ခွဲစိတ်ဆောင်ဘက်သို့အပြေးသွားလိုက်မိ၏။ ခွဲစိတ်ဆောင်အတွင်းကုတင်ပေါ်တွင်ကား မျက်နှာ တခုလုံးပတ်တီးစီးထားသော ယောက်ကျားဖြစ်သူကို ရင်နင့်ဖွယ်ရာ မြင်လိုက် ရ၏။ ဇနီးဖြစ်သူလဲ ငိုယိုပီး ယောက်ကျား ကိုမေး၏။ " ကိုဘမောင်၊ရှင်ဘယ်လိုဖြစ်ရတာလဲ။ရှင့်ကို ဘယ်သူတွေကများ ခုလို ရက်ရက်စက်စက် လုပ်လိုက်ကြတာလဲဟင်...ပြောပါအုန်းရှင် " ထိုအခါ အားယူရင်း ကိုဘမောင် ပြန်ဖြေလိုက်တာက..... " ဘာမှ မမှတ်မိတော့ပါဖူး မိန်းမရာ။အဲ...ဒါပေမဲ့ မီးတစ်တို့လောက်ဆိုပီး လူသုံးယောက် ငါ့ဆီကတောင်းတာကိုပဲ နောက်ဆုံးမှတ်မိတော့တယ် ကွာ "....တဲ့ တိန်..
.ရီမောပျော်ရွှင်ပါစေ
Lon Ely .....
(Sent via Seesmic http://www.seesmic.com/)
**Richard Aung**
-အူတက်အောင်ရီရသောဟာသများနဲ့အခြား-

No comments:
Post a Comment