**Public Health**
ဆီးချိုရောဂါ ခံ စားနေရသူအများစုသည်
သွေးအတွင်း ကိုလက်စထရော များလာမှုကို ထိန်းချုပ်နိုင် စွမ်းမရှိလျှင် နှ လုံးရောဂါဖြစ် ပွားမည့် အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း ဗြိတိသျှသုတေသနပညာရှင်များက သတိပေး ပြောကြား လိုက်သည်။ဆီးချိုရောဂါဝေဒနာ
ခံစားနေကြရသော ဝေဒနာရှင်များသည် နှစ်စဉ် ကိုလက် စထရောအနည်းအများကို စစ်ဆေးမှုခံယူသင့်ကြောင်း၊ မကြာသေးမီက ဗြိတိန်နိုင်ငံတွင် ဆီးချိုရောဂါဖြစ်ပွားသူများနှင့်ပတ်သက်ပြီး လေ့လာခဲ့ရာ ၉ဝရာခိုင်နှုန်းမှာ သွေးအတွင်း ကိုလက်စထရောမြင့်တက်လာမှုကို စစ်ဆေးမှုခံယူကြခြင်းမရှိကြောင်း သုတေသနအဖွဲ့ အကြီးအကဲ ဘာဘာရာယွန်းဆိုသူက ပြောကြားသည်။ ဗြိတိန်နိုင်ငံတွင် ဆီးချိုရောဂါဖြစ်ပွားနေသူ ၃ ဒသမ ၇သန်းခန့်ရှိသည်။ ယင်းတို့ အနက် ၉ဝရာခိုင်နှုန်းမှာ ဆီးချိုရောဂါအဆင့် (၂)ရှိကြသူများဖြစ်ကြသည်။ ယင်းတို့ သည် ခန္ဓာကိုယ်အတွင်း အင်ဆူလင်ဓာတ်အလွန်နည်းပါးလျက်ရှိသည်။ ထို့အတူ ဆီးချိုရောဂါအဆင့်(၁)ရှိသူများမှာလည်း ခန္ဓာကိုယ်မှ အင်ဆူလင်လုံးဝထုတ်ပေးနိုင်စွမ်း မရှိဟုဆိုသည်။ ဆီးချိုအဆင့် (၁) ရှိသူရော အဆင့်(၂)ရှိသူပါ သာမန်လူများထက် နှလုံးရောဂါပိုမိုဖြစ်ပွားနိုင်သည်ဟုဆိုသည်။ နှလုံးရောဂါကြောင့် သေဆုံးသူ ၄၄ ရာခိုင် နှုန်းမှာ ဆီးချိုရောဂါအဆင့် (၁)နှင့် (၂)ရှိသူများနှင့် ဆက်စပ်လျက်ရှိသည်ဟု ဆိုသည်။ တစ်ဖန် ဆီးချိုရောဂါအဆင့် (၂)ရှိသူများသည် သာမန်လူများနှင့် နှိုင်းစာလျှင် ရောဂါဖြစ်ပြီး ပထမငါးနှစ်အတွင်း လေဖြတ်ရန် နှစ်ဆပိုများကြောင်းလည်း သတိပေး ထားသည်။ (ဆင်ဟွာ)
စုစည်းဘာသာပြန် - အာကာကျော်
-လူထုကျန်းမာရေး (ဆီးချိုရောဂါဖြစ်ပွားနေသူများ….ကိုလက်စထရော မတက်ရန်ထိန်းသင့် )-

No comments:
Post a Comment