ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, November 15, 2012

> -ပါရီမြို့ ကို မမုန်း ။ ခါးပိုက်နှိုက်ကိုတော့ မုန်းပါသည်-
လွန်ခဲ့သော နှစ်လခန့်က ဖင်လန် နိုင်ငံနေ
ကျနော့်မိတ်ဆွေ ကိုမင်းလွင်က မြန်မာပြည်
သူလူထုအတွက် အတတ်နိုင်ဆုံး က ကူညီမှုများ ပြုလုပ်နေသော ကျနော့် အတွက်
 ဂုဏ်ပြု လက်ဆောင် အဖြစ် ကင်မရာ
တလုံးကို ပေးပို့ လှူဒါန်းလိုကြောင်း
ဆက်သွယ် အကြောင်းကြားပြီး သူ့ကင်မရာ
 သစ်လေး ယခု ပုံလေးကို ပေးပို့လာပါသည်။
 ဓါတ်ပုံ ရိုက် အလွန် ၀ါသနာ ပါသော ကျနော့် အတွက် ကင်မရာ ယခု ပုံပါ ကင်မရာ တလုံး
 ( အသစ်ပါကင်) ကို ၀ယ်ယူပြီး လက်ဆောင်
 အဖြစ် လူကြုံနှင့် ပေးပို့လိုက်ပါသည်။ကင်မရာ
 ပုံလေးကို အွန်လိုင်းက တဆင့် ကြိုတင် ရရှိထားပြီး ကင်မရာ လူကြုံကို လည်ပင်းရှည်စွာ စောင့်မျှော် နေခဲ့သည်။ ငယ်စဉ် အထက်တန်းကျောင်းသား ဘ၀ ကတည်း က ဓါတ်ပုံ ကင်မရာဖြင့် ဓါတ်ပုံ ၇ိုက်ခြင်းကို အရူးမူး ၀ါသနာ ထုံခဲ့သော ကျနော်သည် Pro အဆင့်ရှိ ကင်မရာမျိုး ယခု လို လက်ဆောင် အဖြစ် ရရှိလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးသူဖြစ်ပေရာ။ ကိုယ့်အဆင့်နှင့် ကိုယ် မတန်မရာ မမှန်းသာသည်မို့ ယခင်က မမျှော်မှန်းခဲ့ဖူးသော်လည်း ယခု လူကြုံဖြင့် ပေးပို့လာမည့် မိတ်ဆွေကိုမင်းလွင် ဧ။် လက်ဆောင် ကင်မရာလေးကိုတော့ စိတ်ကူးနှင့် မျှော်မိခဲ့ကြောင်း ၀န်ခံပါသည်။ စိတ်ကူးနှင့် ရူးသွပ်ကာ ဘယ်လို ကျေးလက် ရှုခင်း လှလှတွေ ရိုက်မည်။ ဘယ်လို အဝေးဆွဲ ဇူမ်းဖြင့် ဘယ်လို သဘာဝ ပုံများကို ရိုက်ရန် လေ့ကျင့်မည် စသည်ဖြင့် စိတ်ကူးယဉ်နေခဲ့မိသည်။ ကံကြမ္မ္မာက မျက်နှာသာ မပေးခဲ့ဟု ထင်ပါသည်။ ပြင်သစ်နိုင်ငံထိ ထိုကင်မရာ က လူကြုံ အဆင့်ဆင့်ဖြင့် ရောက်ရှိခဲ့ပြီး၊ ပြင်သစ် နိုင်ငံသို့ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး နှင့် လူကြုံပေးမည်ဟု တဆင့်ခံ သယ်ယူပို့ဆောင် ကူညီပေးသော ဆရာတော် တပါးက ဦးကိုကိုကြီး ထံ အသွား ပြင်သစ်နိုင်ငံ ပါရီမြို့ မြေအောက် ရထားပေါ် တွင် ထိုကင်မရာ ပါကင်ထုပ်ကြီးကို ခါးပိုက်နှိုက်ခံလိုက်ရတော့သည်။ စေတနာဖြင့် ကူညီသယ်ပို့ပေးသော ဆရာတော်ခမျာ အားချင်း လက်ငင်းချက်ချင်းကြီး ပျောက်ဆုံး သွားသော ထိုကင်မရာ အတွက် လူမှုရေး အသိစိတ်ဖြင့် အစားဝယ်ပေးရန် ကြိုးစားဖို့ အချိန်ကလည်း မရှိတော့။ ဦးကိုကိုကြီးကလည်း ပြန်တော့မည်မို့ ဆရာတော် အသုံးပြုနေသော ယခု ကင်မရာ လေးကို အစားထိုး အဖြစ် ကမန်းကတန်း ထည့်ပေးလိုက်ရပါသည်ဟု တဆင့်ခံ ကြားသိရပါသည်။ ယနေ့ မြန်မာပြည်သို့ ပြန်လည် ဆိုက်ရောက်လာသော ပြည်သူချစ်သော ခေါင်းဆောင် တဦးဖြစ်သည့် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး က သူ့ထံ လာရောက်ပို့ဆောင်ခဲ့သည့် လူကြုံကင်မရာလေးကို ချက်ချင်းပင် ဖုန်းဆက်ပြီး လာရောက်ယူဆောင်ပါ၇န် အကြောင်းကြားသဖြင့် ကျနော် သွားရောက် ယူဆောင်ခဲ့ပါသည်။ ခါးပိုက်နှိုက်ခံလိုက်ရသောကြောင့် တာဝန်ယူစိတ်ဖြင့် သူ့ကင်မရာ တလုံး အဆုံးခံ ပေးပို့လိုက်သော လူကြုံ စေတနာရှင် ဆရာတော်ကိုလည်း အထူး အားနာမိပါသည်။ တာဝန်သိစွာဖြင့် သူ့တွင် ရှိသည့် ကင်မရာ တလုံး အစားပြန်ထည့်ပေးလိုက်သည်ကို အတူးပင် လေးစားမိပါသည်။ ရထားပေါ်တွင် ပျောက်ဆုံးသွားသည်ဟု ဆိုလျှင်လည်း မိမိ တို့က လက်ခံရမည်မို့ ယခုလို အစား တလုံး ထည့်ပေးသည်ကိုပင် အထူး ကျေးဇူးတင်ပြီး မဆီမဆိုင် အလကား ကူညီသယ်ပို့ပေးရင်း သူပိုင် ကင်မရာ တလုံး ဆုံးရှုံးသွားသည့် အမည်မသိ ဆရာတော် အား ကျနော်မှ အားနာနေမိပါသည်။ ကံထိုက်သည်ကိုသာ ရတတ်သော သဘော အရ ၊ ကျနော်သည် ရရှိလာသော လက်ဆောင် ကင်မရာလေးကို ရင်မှာပိုက်ရင်း အလှူရှင် ဖင်လန် နိုင်ငံမှ ကိုမင်းလွင် ဧ။် စေတနာကို လည်း အသိအမှတ်ပြု ကျေးဇူးတင်ပါကြောင်း။ သယ်ပို့ပေးသော ဆရာတော် အားလည်းကောင်း၊ ပင်ပန်းခံကာ ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံထိ သယ်ယူလာပေးသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အားလည်းကောင်း အထူးကျေးဇူးတင်စွာဖြင့် ဖေါ်ပြအပ်ပါသည်။ ဘာပဲပြောပြော ပြင်သစ် နိုင်ငံ ကြီးကို ကျနော် လေးစားပါသည်။ မြတ်နိုးပါသည်။ သို့ပေမယ့် ကျနော် လွန်စွာမျှော်လင့်မိသော ကင်မရာလေးကို နှိုက်ယူသွားသော ပြင်သစ်က ခါးပိုက်နှိုက်ကိုတော့ မုန်းပါသည်။

 **နေမျိုးဇင်** --

 Posted By Blogger လူဗိုလ်

-ပါရီမြို့ ကို မမုန်း ။ ခါးပိုက်နှိုက်ကိုတော့ မုန်းပါသည်-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)