**Public Health**
ဆီးချိုသွေးချိုရောဂါ ခံစားရသူများမှာ
ကျောက်ကပ်ရောဂါ၊
နှလုံးရောဂါ၊ အာရုံကြောပျက်စီး
မှုရောဂါနှင့် အမြင်အာရုံချို့ယွင်းသည့်
ရောဂါများအား နောက်ဆက်တွဲရောဂါ
များအဖြစ် ခံစားကြရကြောင်း ဆေး
ပညာရှင်များက ရှာဖွေဖော်ထုတ်ခဲ့ပြီး
ဖြစ်သည်။ ယခုအခါ ဂျပန်နိုင်ငံမှ
လေ့လာဆန်းစစ်ချက်တစ်ရပ်အရ ဆီးချို သွေးချိုသမားများသည် ဆီးချိုသွေးချိုသမားမဟုတ်သူများထက်
အမြင်အာရုံအပြင် အကြားအာရုံချို့
ယွင်းနိုင်မှုနှုန်း နှစ်ဆကျော်ရှိ ကြောင်း
လေ့လာတွေ့ရှိခဲ့သည်ဟု ဆိုသည်။ Journal of Clinical Endocrinology and Metabolism ဂျာနယ်မှ ဖော်ပြချက်အရ သုတေသီများသည် ယခင်က တစ်သျှူး သုတေသနပြုရာတွင် ငယ်ရွယ်သူ ဆီးချိုရောဂါသည်များသည် အသက်ကြီးသူ ဆီးချိုရောဂါသည်များထက်ပင် ပို၍အကြားအာရုံချို့ယွင်းမှုနှုန်း မြင့်မားသည် ကို တွေ့မြင်ခဲ့ကြကြောင်း၊ ယင်းကဲ့သို့ဖြစ်ရသည့် အကြောင်းရင်းကိုမူ ၄င်းတို့ ပင်လျှင် အတိအကျ ရှင်းလင်းချက်မထုတ်နိုင်သေးကြောင်း ဆိုသည်။ ဂျပန်နိုင်ငံ နီကာတာဆေးတက္ကသိုလ်မှ သုတေသီ ချီကာဟော်ရီကာဝါကမူ ၄င်းတို့၏ လောလောဆယ် တွေ့ရှိချက်အရ ဆီးချိုသမားမှာ ဆီးချိုသမားမဟုတ် သူများထက် အကြားအာရုံချို့ယွင်းမှုနှုန်းမြင့်မားခြင်းဆိုသည်မှာ အသက်အရွယ် နှင့် သက်ဆိုင်မှုမရှိကြောင်း ဆိုသည်။ ဆီးချိုသွေးချိုသမားများ အကြား အာရုံ ချို့ယွင်းကွယ်ပျောက်နိုင်သည့် တွေ့ရှိချက်သည် သုတေသီများအဖို့ ပထမအကြိမ် တွေ့ရှိချက်မဟုတ်ပေ။ ၂ဝဝ၈ခုနှစ်က အမေရိကန်ပြည်ထောင်စု အမျိုးသားကျန်းမာရေး တက္ကသိုလ်မှ သုတေသီများက အလားတူဖြစ်ရပ်များ ဆီးချိုသမား ၁၁ဝဝဝကျော်တွင် တွေ့ရှိခဲ့ကြပြီး ဆီးချိုသမားများမှာ ဆီးချို သမားမဟုတ်သူများထက် အကြားအာရုံကွယ်နိုင်မှုနှုန်း နှစ်ဆခန့်မြင့်မားသည်ကို တွေ့ရှိခဲ့ကြကြောင်း အဆိုပါဂျာနယ်တွင်ရေးသားဖော်ပြထားသည်။
**ဒေါက်တာသာစိန်**
-လူထုကျန်းမာရေး (ဆီးချိုသွေးချိုသမားများ အမြင်အာရုံသာမကအကြားအာရုံပါ ချို့ယွင်းသွားနိုင်)-

No comments:
Post a Comment