**Public Health**
ကလေးငယ်များ၏ အိပ်ခန်းအတွင်း တီဗွီထား
ရှိခြင်းဖြင့် ¤င်းတို့၏ ခန္ဓာကိုယ် အရွယ်အစား နှစ်ဆပို၍ ဝလာနိုင်ဖွယ်ရှိသည့်အပြင် နှလုံးရောဂါနှင့် ဆီးချိုသွေးချို ရောဂါအန္တရာယ်တို့ကို သုံးဆနီးပါးဖြစ်ပေါ်လာနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးနှင့် တီဗွီကြည့်ချိန်တို့နှင့်ပတ်သက်သည့် လေ့လာချက်အသစ်
တစ်ရပ်အရ သိရသည်။ အထူးသဖြင့် အသက် (၅) နှစ်မှ
(၁၈) နှစ်ရှိ လူငယ်များ၏ အခန်းအတွင်း၌ တီဗွီများထား
ရှိခြင်းဖြင့် ပုံမှန်ထက်ပိုဝလာပြီး ကိုယ်အလေးချိန်လွန်ကဲ
လာခြင်းများ ကို ၂ ဒသမ ၅ ဆအထိ ပိုတိုးစေနိုင်သည်။
တီဗွီကို တစ်နေ့လျှင် ငါးနာရီထက်ပို၍ ကြည့်ရှုပါက မူလရှိပြီးသား ရောဂါနှင့် အတွင်းအင်္ဂါအစိတ်အပိုင်းများကို
နှစ်ဆပို၍ အန္တရာယ်ဖြစ်စေနိုင်ကြောင်း သိရသည်။
အဝလွန်ခြင်းနှင့် တီဗွီကို အချိန်ကြာရှည်စွာကြည့်ခြင်းတို့သည် အိပ်ခန်းအတွင်း တီဗွီထားခြင်းများနှင့် ဆက်နွှယ်၍ အမေရိကန်လူငယ် သုံးပုံနှစ်ပုံမှာ အဆိုပါရောဂါ များကို ခံစားနေကြရကြောင်း ယခင်လေ့လာချက်များက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ သို့သော် ကလေးငယ် ၇ဝ ရာခိုင်နှုန်း၏ အိပ်ခန်းများ၌ တီဗွီများထားရှိကြ သောကြောင့် အဝလွန်၍ နှလုံးရောဂါနှင့် ဆီးချိုသွေးချိုရောဂါကဲ့သို့သော ရောဂါ ဝေဒနာ အန္တရာယ်များရှိနိုင်သည်ကို သိရှိနားလည်မှု နည်းပါးနေသေးကြောင်း ၂ဝ၁ဝ ပြည့်နှစ် လေ့လာချက်များအရ သိရသည်။ လူငယ် ၆၆ရာခိုင်နှုန်းအား လေ့လာခဲ့ရာ သုံးပုံတစ်ပုံခန့်သည် အခန်းအတွင်း၌ တီဗွီများထားရှိကြပြီး တစ်နေ့လျှင် အနည်းဆုံး ငါးနာရီ ကြည့်ကြသည်ဟု ဆိုသည်။ ဝမ်းဗိုက်အဆီတက်ခြင်း၊ ခါးတုတ်ခြင်းနှင့် အန္တရာယ်များသော ရောဂါများ ဖြစ်သည့် နှလုံးရောဂါ၊ ဆီးချိုသွေးချိုရောဂါနှင့် ခန္ဓာကိုယ်အဆီဓာတ်မြင့်တက်ခြင်း စသည်တို့သည် အိပ်ခန်းအတွင်း တီဗွီထားရှိသော ကလေးများတွင် ဖြစ်ပွားမှု အမြင့်မားဆုံးဖြစ်ကြောင်း သိရသည်။
(မာမာစိုး)
-လူထုကျန်းမာရေး (အိပ်ခန်းအတွင်း တီဗွီများထားရှိခြင်းဖြင့်  ကလေးငယ်များ
အဝလွန်ခြင်းနှင့်  အခြားရောဂါများ ခံစားရနိုင်ဖွယ်ရှိ)-

No comments:
Post a Comment