ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 28, 2012

> -ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-
**ကမ္ဘာ့အရှည်ဆုံးအမြန်ရထားလမ်း
တရုတ်နိုင်ငံ၌ဖွင့်လှစ်**
 (ပေကျင်း ဒီဇင်ဘာ ၂၇)
ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ကျည်ဆန်ရထားလမ်း
တစ်လမ်းကို တရုတ်နိုင်ငံ၌ ဒီဇင်ဘာ ၂၆ရက်က ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ တရုတ်နိုင်ငံမြောက်ပိုင်းရှိ မြို့တော် ပေကျင်းမှ နိုင်ငံတောင်ပိုင်းရှိ ကွမ်ကျိုးမြို့သို့ ဆက်သွယ်ထားသော ယင်းရထားလမ်းသည် ယင်းမြို့နှစ်မြို့အကြား ကူးလူးသွားလာရာတွင် ကြာမြင့်သည့်ရထားခုတ်မောင်းချိန်ကို ထက်ဝက်ကျော် လျှော့ချပေးနိုင်ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။ အဆိုပါ အမြန်ရထားလမ်းသည် ၂၂၉၈ ကီလိုမီတာ (၁၄၂၈မိုင်)ရှိပြီး ပထမဆုံးအကြိမ် ခရီးစဉ်ပြေးဆွဲသည့် ရထားသည် မြို့တော်ပေကျင်းမှ စီးပွားရေး အချက်အချာမြို့ကြီးဖြစ်သော ကွမ်ကျိုးမြို့သို့ ဒီဇင်ဘာ ၂၆ရက် နံနက် ၉နာရီတွင် စတင်ထွက်ခွာခဲ့သည်။ နောက်တစ်နာရီအကြာတွင် ကွမ်ကျိုးမှ ပေကျင်းသို့ အမြန်ရထား တစ်စင်း စတင်ထွက်ခွာခဲ့သည်။ တရုတ်နိုင်ငံ၌ ရထားလုပ်ငန်းဝန်ကြီးဌာနက အမြန်ရထားခရီးစဉ်များ တိုးချဲ့နိုင်ရန် ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ပြုလုပ်လျက်ရှိသည်။ အသစ်ဖွင့်လှစ်လိုက်သော ကျည်ဆန်ရထားလမ်းပေါ်တွင် ခုတ်မောင်းသော ရထားများ၏ အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၃ဝဝ(တစ်နာရီလျှင် ၁၈၆မိုင်)ရှိပြီး မြို့ကြီးနှစ်မြို့အကြား ခုတ်မောင်းချိန်မှာ ရှစ်နာရီကြာမြင့်သည်။ ယခင်ကမူ ယင်းခရီးတာအတွက် ရထားများ၏ခုတ်မောင်းချိန်မှာ နာရီ ၂ဝ ကျော်ဖြစ်သည်။ (ဆင်ဟွာ)

 **ကာဇက်စတန်လေယာဉ်ပျက်ကျ၊ ၂၇ ဦးသေဆုံး**
(အက်စကာနာ ဒီဇင်ဘာ ၂၇)
ကာဇက်စတန်နိုင်ငံတောင်ပိုင်းတွင် အင်န်တိုနော အင်န်-၇၂ လေယာဉ်တစ် စင်းပျက်ကျခဲ့ရာ ကာဇက်စတန်နယ်စပ် လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင်နှင့် အခြား ၂၆ ဦးတို့ သေဆုံးခဲ့ကြောင်း အမျိုးသား နယ်စပ်လုံခြုံရေးဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အဆိုပါလေယာဉ်သည် ကာဇက် စတန်နိုင်ငံတောင်ပိုင်း ရှန်ကန့်အနီး၌ ဒီဇင်ဘာ ၂၆ ရက်က ပျက်ကျခဲ့ခြင်းဖြစ် ပြီး ယင်းလေယာဉ်ပျက်ကျမှုကြောင့် ကာဇက်စတန် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ ခေါင်းဆောင် တာဂန်ဘက်စတန် ဘီကော့ဗ်နှင့်အတူ သူ၏ဇနီးသည်တို့ သေဆုံးခဲ့ကြောင်း နယ်စပ်လုံခြုံရေးဌာန အဖွဲ့က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။ ထို့အပြင် လေယာဉ်အမှုထမ်းခုနစ် ဦး အပါအဝင် လေယာဉ်ပေါ်လိုက်ပါသူ ၂၇ ဦးစလုံး သေဆုံးခဲ့ကြောင်း၊ ယင်း သေဆုံးသူများတွင် နယ်စပ်လုံခြုံရေးတပ် ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စတန်ဘီ ကော့ဗ်နှင့် အရာရှိအုပ်စုတစ်စုပါရှိခဲ့ ကြောင်း အဆိုပါလုံခြုံရေးဌာနမှ ထုတ် ပြန်ချက်တွင် ဆက်လက်ပြောကြား သည်။ ကာဇက်စတန်လုံခြုံရေးတပ်ဖွဲ့ပိုင် ၄င်းလေယာဉ်သည် ရှန်ကန့်အနီး ဆင်း သက်စဉ်ပျက်ကျပြီး မီးလောင်သွား ခဲ့ခြင်းဖြစ်သည်။ ယင်းလေယာဉ်သည် အက်စတာနာမှ ရှန်ကန့်သို့ ပျံသန်း လာချိန်တွင် ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ပိုင်းကရေဒါမှ ပျောက်ကွယ်သွားကြောင်း ဒေသဆိုင်ရာ အရေးပေါ်ဌာနမှ သတင်း ထောက်များအား ပြောကြားခဲ့သည်။ (ဆင်ဟွာ)

 **အာသံပြည်နယ်တွင် လက်ဖက်ခြံလုပ်သားများက ခြံပိုင်ရှင်လင်မယားကို မီးရှို့သတ်ဖြတ်မှုဖြစ်ပွား** (နယူးဒေလီ ဒီဇင်ဘာ ၂၇) 
အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း အာသံပြည်နယ်တွင် ရာပေါင်းများစွာသော လက်ဖက်ခြံအလုပ်သမားများက ¤င်းတို့၏လက်ဖက်ခြံပိုင်ရှင်နှင့် ဇနီးတို့ကို မီးရှို့ သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၂၇ ရက်တွင် ပြောကြား သည်။ လက်ဖက်ခြံပိုင်ရှင်နှင့် ခြံအလုပ်သမားများအကြား နှစ်ပတ်ကြာအငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၆ ရက် နှောင်းပိုင်းတွင် အာသံပြည်နယ် ကူနာပါသာမြို့ရှိ လက်ဖက်ခြံပိုင်ရှင်နေအိမ်ကို လက်ဖက်ခြံလုပ်သားများက မီးရှို့ခဲ့ကြခြင်းဖြစ်သည်။ လက်ဖက်ခြံပိုင်ရှင်က အလုပ်သမားအချို့အား ¤င်းတို့နေထိုင်ရာမှ နှင်ထုတ် ခဲ့ပြီးနောက်တွင် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲအဖွဲ့ကပြောကြားသည်။ အိန္ဒိယနိုင်ငံ၌ထွက်ရှိသော လက်ဖက်ခြောက်များ၏ထက်ဝက်ကျော်ခန့်မှာ အာသံပြည်နယ်မှ လက်ဖက်ခြံ ၈ဝဝ ခန့်မှထွက်ရှိသည်ဟုဆိုသည်။ ဒီဇင်ဘာ ၂၆ရက် ညနေပိုင်းတွင် လက်ဖက်ခြံပိုင်ရှင်များကို ၇ဝဝ ခန့်ရှိသော လက်ဖက်ခြံအလုပ်သမားများက ဝန်းရံကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း၊ ¤င်းလက်ဖက်ခြံ ပိုင်ရှင်များ ပိုင်ဆိုင်သည့်ကားနှစ်စီးကိုလည်း မီးတင်ရှို့ခဲ့ကြောင်း ယင်းဒေသတာဝန်ရှိသူ မီနာရှီဆန်ဒါရမ်က ပြောကြားသည်။ မီးရှို့ခံရ၍သေဆုံးခဲ့သော လက်ဖက်ခြံရှင်နှင့် ဇနီးတို့၏မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်းများကို အပျက်အစီးများအောက်မှ ရှာဖွေတွေ့ရှိရကြောင်း ¤င်းက ဆက်လက်ပြောကြားသည်။ ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဆက်နွှယ်မှုရှိသည့် လက်ဖက်ခြံ အလုပ်သမားသုံးဦးကို ရဲအဖွဲ့က ထိန်းသိမ်းထားသည်။ (ဘီဘီစီ)

**အိန္ဒိယမြောက်ပိုင်းတွင် အအေးလှိုင်းဖြတ်သန်း ၂၄ နာရီအတွင်း လူ ၃ဝ ကျော် သေဆုံး**
 (လပ်ခ်နောင်း ဒီဇင်ဘာ ၂၇) 
အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ထူးကဲပြင်းထန်သော ရာသီဥတုဖြစ်ပေါ်နေပြီး ဥတာပရာဒေ့ရှ်ပြည်နယ်တစ်ဝန်းတွင် အအေးလှိုင်းကျရောက်မှုကြောင့် ၂၄နာရီအတွင်း လူ ၃ဝကျော်သေဆုံးကြောင်း ဒီဇင်ဘာ ၂၇ရက်သတင်းတွင် ဖော်ပြသည်။ ဥတာပရာဒေ့ရှ်ပြည်နယ် ဘာဒိုဟီးခရိုင်တွင် ဒီဇင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်က အအေးလွန်ကဲမှုဒဏ်ကြောင့် လူငါးဦးသေဆုံးကြောင်း၊ ဘာလီယာခရိုင်တွင် လေးဦး သေဆုံးကြောင်း၊ အလာဟာဘက်ဒ်၊ မီရာဇာပါ၊ ဘိုနက်ဟာဒရာ၊ ဂါဇီပါ၊ ဘာရာဘန်ကီ၊ ချန်ဒေါလီနှင့် အဇမ်ဂါ့ရှ်ခရိုင်များတွင် သုံးဦးစီသေဆုံးကြောင်း၊ ရှာရာဝါခတီနှင့် မောခရိုင်တို့တွင် တစ်ဦးစီသေဆုံးကြောင်း ပြည်နယ်အစိုးရတာဝန်ရှိသူများက ပြောကြား ကြသည်။ ယင်းပြည်နယ်၏များစွာသောဒေသများတွင် အပူချိန်မှာ ၄ဒီဂရီဆဲလ်ဆီးယပ်စ် အောက် ကျဆင်းသွားသည်။ အချို့ဒေသများတွင် နှင်းများထူထပ်စွာဖုံးအုပ်လျက်ရှိပြီး လေအေးများ ဆက်လက်တိုက်ခတ်ခြင်းခံရသဖြင့် ပြည်သူအများ ဒုက္ခနှင့်ရင်ဆိုင်နေကြရသည်။ (ဆင်ဟွာ) 

 **တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလား ကျန်းမာရေးပြန်ကောင်း**
 (ဂျိုဟန်နစ္စဘတ် ဒီဇင်ဘာ ၂၇)
 ဆေးရုံ၌ ၁၉ ရက်ကြာ ဆေးဝါးကုသမှုခံယူခဲ့သော တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားသည် ပြန်လည်ကျန်းမာလာပြီဖြစ်သဖြင့် ဒီဇင်ဘာ ၂၆ ရက်က ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်းသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ အသက် ၉၄ နှစ်ရှိပြီဖြစ်သော မစ္စတာမင်ဒဲလားသည် အားနည်းနေသေးသောအခြေအနေတွင်သာ ရှိနေသေးသဖြင့် လုံးဝပြန်လည်ကောင်းမွန်လာသည်အထိ သူ၏နေအိမ်တွင် ဆေးဝါးကုသမှု ဆက်လက်ခံယူရဦးမည်ဖြစ်သည်။ နယ်လ်ဆင်မင်ဒဲလားသည် အဆုတ်ရောဂါကုသမှုနှင့်သည်းခြေကျောက်များ ဖယ်ရှား ရန် ဆေးရုံတက်ရောက်ခွဲစိတ်မှုခံယူခဲ့ရခြင်းဖြစ်သည်။ မစ္စတာမင်ဒဲလားသည် ၁၉၉၄ ခုနှစ်က ပြုလုပ်ခဲ့သော တောင်အာဖရိကနိုင်ငံ၏ ပထမဆုံးသောဒီမိုကရက်တစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူဖြစ်သည်။ ၁၉၉၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တောင်အာဖရိကနိုင်ငံ ပထမဆုံးအာဖရိက နွယ်ဖွား သမ္မတအဖြစ် နိုင်ငံ့ကို ထမ်းဆောင်ပြီး နိုင်ငံခေါင်းဆောင်ကြီး တစ်ဦးအနေဖြင့် ပြည်သူများ၏ ကြည်ညိုလေးစားမှုကို ရရှိသူဖြစ်သည်။ (ဘီဘီစီ)

 **ဆီးရီးယားတပ်မတော် တပ်ထိန်းချုပ်တူရကီနိုင်ငံ အတွင်းသို့ ထွက်ပြေး**
 (ဒမတ်စကတ် ဒီဇင်ဘာ ၂၇) 
ဆီးရီးယားနိုင်ငံ၏ တပ်မတော် တပ်ထိန်းချုပ်သည် သမ္မတဘာရှာအာဆတ်အစိုးရလက်အောက်မှ တူရကီနိုင်ငံ အတွင်းသို့ ထွက်ပြေးသွားကြောင်း ဘီဘီစီသတင်းတွင် ဒီဇင်ဘာ ၂၆ ရက်က ဖော်ပြသည်။ ထိပ်တန်းအရာရှိကြီးတစ်ဦးဖြစ်သူ တပ်မတော် တပ် ထိန်းချုပ် ဒုတိယဗိုလ်ချုပ်ကြီး အဘူလ်လာဇီက ဆီးရီးယား အစိုးရဆန့်ကျင်ဘက်အဖွဲ့သို့ ကူးပြောင်းသွားခဲ့သည်ဟု ဆို သည်။ ဆီးရီးယားပြည်သူတို့ လုံခြုံရေးကို အကာအကွယ်ပေးရန် စစ်တပ်ကပျက်ကွက်ခဲ့ပြီး လူသတ်ဂိုဏ်းအသွင်ဆောင်နေပြီဟု တပ်ထိန်းချုပ်အဘူလ်လာဇီက ဗီဒီယိုမှတ်တမ်းခွေထုတ်ပြန်၍ ပြောကြားသည်။ နိုင်ငံ၏နေရာအတော်များများ သိမ်းပိုက်ထား ပြီဟု သူပုန်များက ကြေညာလိုက်စဉ် အဘူလ်လာဇီ၏ထုတ်ပြန် ချက်လည်း ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအတောအတွင်း ဆီးရီးယားရေးရာကုလသမဂ္ဂငြိမ်း ချမ်းရေးကိုယ်စားလှယ်က ဒမတ်စကတ်မြို့တွင် နှစ်ဖက်အဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပဋိပက္ခများအဆုံးသတ်နိုင်ရေး ဆွေးနွေးခဲ့သည်။ (ဘီဘီစီ) 

စုစည်းဘာသာပြန် - တင်မောင်လွင်

-ယခုလအတွင်း နိုင်ငံတကာထူးခြားသတင်းများ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)