** ကွင်းလယ်ကစားသမား
သောမတ်မူလာအား
ဘိုင်ယန်မြူးနစ်က စာချုပ်သစ်ချုပ်ဆို**
(မြူးနစ် ဒီဇင်ဘာ ၂၄)
ဘိုင်ယန်မြူးနစ် နာမည်ကြီးကွင်း လယ်ကစားသမား သောမတ်မူလာအား စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီ လိုက်ပြီဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်က
ကြေညာသည်။ အသက် ၂၃ နှစ်ရှိ ကွင်း လယ်ကစားသမား သောမတ်မူလာအား ဘိုင်ယန်မြူးနစ်က ၂ဝ၁၇ ခုနှစ်အထိ စာချုပ်ရန် သဘောတူထားသည်။ ၄င်းသည် ယခုနှစ်ရာသီတွင် ၁၃ ဂိုးသွင်းယူပြီး ရှစ်ဂိုးဖန်တီးပေးနိုင် ခဲ့သည်။ ကွင်းလယ်ကစားသမား သောမတ် မူလာသည် ဂျာမနီအသင်းအတွက် ၃၈ ပွဲပါဝင်ကစားခဲ့ပြီး ၁ဝ ဂိုးသွင်းယူပေး ထားသည်။ တောင်အာဖရိက၌ ကျင်း ပသော ၂ဝ၁ဝ ကမ္ဘာ့ဖလားတွင် ရွှေဖိ နပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ (ရိုက်တာ)
* *အားကစားသတင်းအတိုအထွာများ**
အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး အသက် ၂၄ နှစ်အရွယ်ရှိ လိုပက်ဇ်အား အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ခေါ်ယူစာချုပ်ရန် စီစဉ်နေပြီဖြစ်သည်။
ကျူပီအာအသင်းက တစ်ပတ်လုပ်ခလစာ ပေါင် ၈ဝဝဝဝ ဖြင့် ကမ်းလှမ်း မှုကို နယူးကာဆယ်တိုက်စစ်မှူး အသက် ၂၇ နှစ်အရွယ်ရှိ ဒမ်ဘာဘာက ပယ်ချလိုက်သည်။
ဘရာဇီးကလပ် ဆန်တို့စ်အသင်းတိုက်စစ်မှူး အသက် ၂၂ နှစ်အရွယ် နေမာအား ပြောင်းရွှေ့ကြေး ပေါင် ၃၂ သန်းဖြင့် မန်စီးတီးက ခေါ်ယူစာချုပ်ရန် မန်စီးတီးကလပ်မှ အားကစားဒါရိုက်တာတစ်ဦးဖြစ်သူ ဘီဘီရစ်စတင်းက ဘရာဇီး နိုင်ငံ ဆန်တို့စ်ကလပ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
မန်စီးတီးတိုက်စစ်မှူး အသက် ၂၂ နှစ်အရွယ်ရှိ ဘာလော့တီလီအား အေစီမီလန်အသင်းက ပြောင်းရွှေ့ကြေးပေါင် သန်း ၂ဝ ပေး၍ခေါ်ယူရန် စီစဉ်လျက်ရှိသည်။
ချယ်လ်ဆီးအသင်းက စပါးခံစစ်မှူး အသက် ၂၈ နှစ်အရွယ်ရှိ အီကိုတို အား ပြောင်းရွှေ့ကြေး ပေါင်ခြောက်သန်းဖြင့်ခေါ်ယူစာချုပ်ရန် စီစဉ်နေပြီဖြစ် သည်။
ဆန်းဒါးလန်းအသင်းမှ ဘယ်လ်ဂျီယံဂိုးသမား အသက် ၂၄ နှစ်အရွယ်ရှိ ဆီမွန်မစ်နိလက်အား ဇန်နဝါရီ အပြောင်းအရွှေ့တွင်ခေါ်ယူမည်ဖြစ်သည်။
ဝက်စ်ဟမ်းအသင်းနည်းပြ ဆမ်အလာဒွိုက်က လာမည့်နွေရာသီ၌ နည်းပြအဖြစ်မှနုတ်ထွက်ပြီး အခြားအသင်းကို ကိုင်တွယ်မည်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။
မန်ယူအသင်းသည် နောက်တန်းခံစစ်မှူးအသစ် သုံးဦးအထိ အစားထိုးရန် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ ခေါ်ယူသွားမည်ဖြစ်သည်။
အင်္ဂလန်နည်းပြဟောင်း စတီမက်ကလာရင်က မိမိသည် နည်းပြ အလုပ်မှအနားယူပါက အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်တွင် အလုပ်လုပ်လိုကြောင်း ထုတ်ဖော်ပြောကြားသည်။
ချန်ပီယံလိဂ်တွင် အောင်မြင်မှုမရပါက အာဆင်နယ်အသင်းအတွက် အဓိက စပွန်ဆာပေးနေသောအီမီရိတ်က တစ်နှစ် ပေါင် သန်း ၃ဝ ဆုံးရှုံးရမည်ဖြစ် ကြောင်း အာဆင်နယ်ကလပ်အုပ်ချုပ်ရေးအဖွဲ့က ပြောကြားသည်။
စုစည်းဘာသာပြန် - မောင်ချစ်ကြည်
-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:
Post a Comment