-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**ကမ္ဘာ့နံပါတ်-၃ တင်းနစ်ကစားသမားအင်ဒီမာရေး ဆားဘီးယားတင်းနစ်သမားအားရှုံးနိမ့်**(အဘူဒါဘီ ဒီဇင်ဘာ ၂၈) ဆားဘီးယားတင်းနစ်ကစားသမား တစ်ဆာရေဗစ်သည် အဘူဒါဘီ၌ ကျင်းပသော မူဘာဒါလာ ကမ္ဘာ့တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲ အဖွင့်ပွဲတွင် ဗြိတိသျှ နာမည်ကြီးတင်းနစ်
ကစားသမား အင်ဒီမာရေးအား ၆-၃၊ ၆-၄ ဖြင့် အနိုင်ရ ရှိသွားခဲ့သည်။ အဆိုပါ ဆားဘီးယားတင်းနစ်
ကစားသမားက ကမ္ဘာ့နံပါတ်-၃ တင်းနစ် ကစားသမားအင်ဒီမာရေးအား ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၅ဝဝဝဝ ချီးမြှင့်သည့်ပြိုင်ပွဲတွင် အနိုင်ရရှိသွားခြင်းဖြစ်သည်။ အသက် ၂၅ နှစ်ရှိ အင်ဒီ မာရေးသည် ယင်းပြိုင်ပွဲတွင် ရှုံးနိမ့်သွား၍ ဇန်နဝါရီ ၁၄ ရက်၌စတင်မည့် သြစတြေးလျအိုးပင်းပြိုင်ပွဲအတွက် သင်ခန်းစာရရှိသွားသည်။ မာရေးသည် သြစတြေးလျအိုးပင်းတွင် နှစ်ကြိမ်တိုင် ဒုတိယဆုရရှိခဲ့သူဖြစ်သည်။ (ရိုက်တာ)
**မန်ယူတိုက်စစ်မှူး ဘီဘီအား ပေါ်တူဂီကလပ် သို့ အငှားချ**

(လန်ဒန် ဒီဇင်ဘာ ၂၈)
မန်ယူတိုက်စစ်မှူး ဘီဘီအား ပေါ်တူဂီကလပ်တစ်ခုဖြစ်သည့် ရီယိုအဗီသို့ ပေါင် ၇ ဒသမ ၄သန်းဖြင့် အငှားချထားလိုက်သည်။ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။ အသက် ၂၂နှစ်ရှိ ဘီဘီသည် မန်ယူတွင် ပုံမှန် နေရာမရဖြစ်နေခြင်းကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လကလည်း တူရကီကလပ် ဘက်ရှီး အောက်ပြိုင်ပွဲတွင် ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး ပြိုင်ပွဲများနှင့် လွဲချော် ခဲ့ရသည်။ (ရိုက်တာ)
**ဘလက်ဘန်းနည်းပြဟင်နင်ဘတ်၅၇ ရက်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် အလုပ်မှဖြုတ်**
(လန်ဒန် ဒီဇင်ဘာ ၂၈)
ဘလက်ဘန်းအသင်း နည်းပြဟင်နင်ဘတ်အား ၅၇ ရက်ကြာ တာဝန် ထမ်းဆောင်ပြီးနောက် အလုပ်မှဖြုတ်ခဲ့သည်။ အသက် ၄၃နှစ်ရှိ ဘလက်ဘန်း နောက်တန်းကစားသမားဟောင်း ဟင်နင်ဘတ်သည် အောက်တိုဘာ ၃၁ရက်က သည် လွန်ခဲ့သော ခြောက်ပွဲတွင် ငါးပွဲရှုံးခဲ့သည်။ (ရိုက်တာ)
**အားကစားသတင်းအတိုအထွာ**
ပရီမီယာလိဂ်ဖလားမျှော်မှန်းချ က် ပျက်ပြယ်သွားမည်မဟုတ်ကြောင်း နည်းပြမန်ချီနီက ထုတ်ဖော်ပြောကြားသည်။
ပရီမီယာလိဂ်ဖလားရယူနိုင်ရေးအတွက် မိမိတို့မန်ယူအသင်းအား မည်သည့်အသင်းကမျှ ဟန့်တား၍ရနိုင်တော့မည်မဟုတ်ကြောင်း မန်ယူတိုက်စစ်မှူး ဗန်ပါစီက ပြောကြားသည်။
ဘာစီလိုနာ တိုက်စစ်မှူးမက်ဆီကို ပြောင်းရွှေ့ကြေးပေါင် သန်း ၃၂ဝ ခန့်ပေး၍ခေါ်ယူခြင်းထက် ပရီမီယာလိဂ်ကလပ်အသင်းတစ်သင်းကို ဝယ်ယူရန် စဉ်းစားမည်ဖြစ်ကြောင်း အာရပ်စော်ဘွားများပြည်ထောင်စုမှရေနံလုပ်ငန်း ပိုင်ရှင် ရှိတ်မက်က ထုတ်ဖော်ပြောကြားသည်။
ဂျူဗင်တပ်စ်အသင်းသည် မန်ယူကွင်းလယ်ကစားသမား နာနီကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
စပါးကွင်းလယ်နှင့် တောင်ပံကစားသမား ဂါရက်ဘေးလ်ကို ခေါ်ယူ ရေးစိတ်ဝင်စားမှုမှာ မိမိတို့ လက်လျှော့လိုက်ပြီဖြစ်ကြောင်း ရီးရဲမက်ဒရစ်ကလပ် တာဝန်ရှိသူများက ပြောကြားသည်။
မန်စီးတီးတိုက်စစ်မှူး အဂွီရိုအား အာဆင်နယ်က ခေါ်ယူရန် စိတ်ဝင်စား လျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန် ကြိုးစားနေသော်လည်း နည်းပြ မန်ချီနီက ရောင်းချမည့် တိုက်စစ်မှူးမဟုတ်ကြောင်း ငြင်းဆိုထားသည်။
ဘိုင်ယန်မြူးနစ်မှ တောင်ပံကစားသမား ရော်ဘင်က မိမိတို့အသင်းသည် ဘွန်ဒက်စ်လီဂါဖလားကို ရယူရေးမှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ် ကြောင်း ထုတ်ဖော်ပြောကြားသည်။
ဆွမ်ဆီးအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူမည်ဖြစ်ကြောင်း နည်းပြလော့ဒရပ်က ပြော ကြားသည်။
ဘရာဇီးကလပ်ဆန်တို့စ်အသင်းမှ အသက် ၂ဝ အရွယ်တိုက်စစ်မှူး နေမာကို မန်ယူကစိတ်ဝင်စားလျက်ရှိပြီး မန်စီးတီး၊ ချယ်လ်ဆီးတို့နှင့် အပြိုင်ခေါ်ယူ ရန် ကြိုးစားလျက်ရှိသည်။
စပိန်နည်းပြဒဲလ်ဘော့က ယခုနှစ်ချန်ပီယံလိဂ်ဖလားကို ဘွန်ဒက်စ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ်တို့ရရှိနိုင်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
မန်ယူကွင်းလယ်ကစားသမားကာဂါဝါသည် မကြာမီကြံ့ခိုင်မှုပြည့်လာ မည်ဖြစ်ပြီး အသင်း၌ ပွဲထွက်ကစားသမားအဖြစ် ခြေစွမ်းပြကစားနိုင်တော့မည်ဖြစ် ကြောင်း နည်းပြဖာဂူဆန်က ပြောကြားသည်။
**နိုင်လင်းကြည်**

No comments:
Post a Comment