ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, December 28, 2012

> -ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-
**တရုတ်ရိုးရာအ၀တ်အစားကို နှစ်သက်ခဲ့တဲ့ ကိုရီးယားမင်းသမီး ဆောင်းဟေဂို** 
 တောင်ကိုရီးယားသရုပ်ဆောင် ဆောင်းဟေဂိုက တရုတ်ရိုးရာကိုယ်ခံ ပညာအကြောင်းကို
 ဖော်ကျူးရိုက်ကူးထားသည့်
 အမည်ရှိ အက်ရှင် ဒရမ်မာဇာတ်ကား ရိုက်ကူးစဉ်
အတွင်း တရုတ်ရိုးရာအဝတ်အစားများ ဝတ်ဆင် ခဲ့ရမှုအပေါ်ကျေနပ်နှစ်သက်မှုရှိခဲ့ကြောင်း ဆိုသည်။ ယင်းဇာတ်ကားသည် ၁၉၃ဝ ခုနှစ်က ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားခြင်းဖြစ်ပြီး ဒဏ္ဍာရီထဲမှ တရုတ်ကိုယ်ခံ ပညာရပ်များအကြောင်း ဖော်ကျူးထားသည့် အဆိုပါဇာတ် ကားတွင် ဆောင်းဟေဂိုက အဓိကဇာတ်ဆောင်အဖြစ်ပါ ဝင်သရုပ်ဆောင်ထားသည်။ ''ပထမတော့ အဲဒီတရုတ်ရိုးရာဝတ်စုံဖြစ်တဲ့ ဂါဝန်ရှည်ကြီးကိုဝတ်ရတာ ကျွန်မ အတွက် မလွယ်ကူပါဘူး။ ဒါပေမယ့် တကယ်တမ်းကျတော့ အရမ်းလှပါတယ်''ဟု သရုပ် ဆောင် ဆောင်းဟေဂိုက အဆိုပါ တရုတ်ရိုးရာအဝတ်အစား နှင့် ပတ်သက်၍ ပြောကြား ခဲ့သည်ကို သတင်းဝက်ဘ်ဆိုက်က သတင်းဖော်ပြထားသည်။ အဆိုပါဇာတ်ကားတွင် တရုတ်နှင့် တောင်ကိုရီးယားသရုပ်ဆောင်များ၏ အားပြိုင်မှုများကို တွေ့ရမည်ဖြစ်ပြီး ဆောင်းဟေဂိုနှင့်အတူ တိုနီလျောင်ကျူဝေနှင့် မိသားစု၏ ကွန်ဖူးကိုယ်ခံပညာအမွေဆက်ခံသူ အမျိုးသမီးတစ်ဦးအဖြစ် သရုပ်ဆောင် ကျန်းကျိရီတို့ပါဝင်သရုပ်ဆောင်ထားကြပြီး ယင်းဇာတ်ကား၏ ဇာတ်ညွှန်းနှင့် ဒါရိုက်တာများအဖြစ် ဝန်ကာဝေနှင့် တိုနီလျောင်တို့က ရိုက်ကူးပုံဖော်ပေးထားကြသည်။

 **မန်ယူခုနစ်မှတ်အသာဖြင့် ဦးဆောင်၊ မန်စီးတီးက ဆန်းဒါးလန်းကို ရှုံးနိမ့်**
 (လန်ဒန် ဒီဇင်ဘာ ၂၇)
အင်္ဂလိပ်ပရီမီယာလိဂ် ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၆ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားကြရာ ထိပ်တန်းကလပ်များဖြစ်ကြသည့် မန်ယူနှင့် ချယ်လ်ဆီးတို့ အနိုင်ပွဲနွှဲနိုင်ခဲ့ပြီး မန်စီးတီးတို့ ဆန်းဒါးလန်းအိမ်ကွင်း၌ ရှုံးပွဲ ကြုံခဲ့သည်။ မန်ယူက အိမ်ကွင်းတွင် နယူးကာဆယ်အသင်းကို လေးဂိုး-သုံးဂိုးဖြင့် အနိုင်ရလိုက်၍ အမှတ်ပေးဇယားတွင် ခုနစ်မှတ်အသာဖြင့် ဦးဆောင်နိုင်ပြီဖြစ် သည်။ မန်ယူအတွက်ဂိုးများကို အီဗန်း၊ အီဗရာ၊ ဗန်ပါစီနှင့်ဟာနန်ဒက်ဇ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြသည်။ နယူးကာဆယ်တို့ အဝေးကွင်းကစားခဲ့ရ သော်လည်း ပွဲစပြီးလေးမိနစ်မှာပင် ဂျိမ်းပတ်က နယူးကာဆယ်အတွက် အဖွင့် ဂိုးသွင်းယူသည်။ မန်ယူကစားသမားအီဗန်းက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိ၍ လက်ဆောင်ဂိုးတစ်ဂိုးရခဲ့သည်။ ပွဲချိန် ၆၈ မိနစ်တွင် ဆစ်ဆေးက နယူးကာ ဆယ်အတွက် တတိယဂိုးသွင်းယူခဲ့သည်။

 **မန်စီးတီးရှုံးပွဲကြုံ**

 မန်စီးတီးက ဆန်းဒါးလန်းအိမ်ကွင်းတွင် အဒမ်ဂျွန်ဆင်၏ တစ်လုံးတည်း သောဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။ မန်စီးတီးအသင်းသည် ပထမပိုင်းတွင် ခြေစွမ်း ပြကစားနိုင်ခဲ့သော်လည်း ကွန်ပါနီသွင်းယူသော ဘောမှာ ဂိုးဘားတန်းထိမိသွား၍ တစ်ဂိုး နစ်နာခဲ့ရသည်။ ယာယာတိုရေးနှင့် ဒေးဗစ်ဆီးလ်ဗားတို့ သွင်းယူသောဂိုးများ ကိုလည်း ဆန်းဒါးလန်း ဂိုးသမားကာကွယ်နိုင်ခဲ့သည်။ မန်စီးတီးတို့ ယင်းပွဲရှုံး၍ မန်ယူနှင့် ခုနစ်မှတ်ကွာခြားသွားပြီဖြစ်သည်။

 **ချယ်လ်ဆီးနိုင်** 
ချယ်လ်ဆီးက နော့ဝှစ်အိမ်ကွင်းတွင် မာတာ၏တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ဒုတိယနေရာရောက် မန်စီးတီးနောက်မှ လေးမှတ်ခွာ၍ လိုက်လာ သည်။ ပထမပိုင်းမပြီးမီ မာတာက ၂၅ ကိုက်အကွာမှ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ စပါးက အက်စ်တွန်ဗီလာ အိမ်ကွင်းတွင် လေးဂိုးပြတ်ဖြင့်နိုင်သည်။ ယင်းပွဲတွင် ဂါးရက်ဘေးလ်က စပါးအတွက် ဟက်ထရစ်ဂိုးသွင်းသည်။ အက်စ်တွန်ဗီလာသည် ပြီးခဲ့သောပွဲတွင်လည်း ချယ်လ်ဆီးကို ရှစ်ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ စတုတ်က အိမ်ကွင်းတွင် လီဗာပူးကို သုံးဂိုး-တစ်ဂိုးဖြင့် နိုင်လိုက်၍ ကိုးပွဲကစားရာတွင် ရှုံးပွဲ မရှိစံချိန်တင်ထားသည်။ (ရိုက်တာ) 

**အားကစားသတင်းအတိုအထွာ**

 􀁘 ရီးရဲမက်ဒရစ်တိုက်စစ်မှူး စီရိုနယ်ဒိုအား ပြောင်းရွှေ့ကြေးပေါင် ၁၂၂ သန်းဖြင့် ခေါ်ယူရန် မန်ယူက စဉ်းစားနေကြောင်း သတင်းထုတ်ပြန်သည်။ 

 􀁘 ကျူပီအာအသင်းနည်းပြ ဟယ်ရီရက်နက်က တိုက်စစ်မှူးအနယ်ကာအား ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ ခေါ်ယူရန်သေချာသွားပြီဖြစ်ကြောင်း သတင်း ထုတ်ပြန်သည်။ 

􀁘 အေစီမီလန်အသင်းသည် ကျူပီအာကွင်းလယ်တိုက်စစ်မှူး ကာရက်အား ခေါ်ယူရန် နှစ်ဖက်ဆွေးနွေးမှုများပြုလုပ်နေပြီဖြစ်သည်။ 

 􀁘 ဆောက်သမ်ပတန်နည်းပြ နီကယ်အက်ကင်သည် ဘရစ်တန်တောင်ပံ ကစားသမား အသက် ၂၄ နှစ် အရွယ်ရှိ ဝီလ်ဘက်လေအား ခေါ်ယူရန်စီစဉ်နေ ပြီဖြစ်သည်။

 􀁘 ဆွမ်ဆီးအသင်းနည်းပြဒေါက်ကလပ်သည် ဘာစီလိုနာတိုက်စစ်မှူး အသက် ၃၁ နှစ်အရွယ်ရှိ ဒေးဗစ်ဗီလာအား အငှားစာချုပ်ဖြင့် ခေါ်ယူမည်ဖြစ် သည်။

 􀁘 ဆန်တို့စ် အသင်းမှ အသက် ၂ဝ အရွယ် တိုက်စစ်မှူးနေမာအား မန်စီးတီး၊ ချယ်လ်ဆီး၊ ရီးရဲမက်ဒရစ်တို့က ခေါ်ယူရန် ကြိုးစားနေသလို ဘာစီလိုနာအသင်း ကလည်း ခေါ်ယူရန်စီစဉ်လျက်ရှိသည်။

 􀁘 လီဗာပူးအသင်းသည် ဝီဂန်တိုက်စစ် မှူး အသက် ၂၃ နှစ်အရွယ်ရှိ ဖရန် ကို ဒီဆန်တိုအားခေါ်ယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

 􀁘 နယူးကာဆယ်တိုက်စစ်မှူး ဒမ်ဘာဘာ ၂၇ နှစ်အား ချယ်လ်ဆီး၊ လီဗာ ပူး၊ ကျူပီအာနှင့် အာဆင်နယ်တို့က အပြိုင်ခေါ်ယူလျက်ရှိသည်။ 

 􀁘 ရက်ဒင်းပိုင်ရှင် အန်တန်ဇန်ဂါရီဗစ်သည် တိုက်စစ်မှူး အရှာဗင်အား ဇန်နဝါရီအပြောင်းအရွှေ့၌ ခေါ်ယူမည်ဖြစ်ကြောင်းထုတ်ဖော်ပြောကြားသည်။

 􀁘 ဘာမင်ဂမ်အသင်းဂိုးသမား အသက် ၁၉ နှစ်အရွယ်ရှိ ဂျက်ဘက်လန်အား လီဗာပူးက ခေါ်ယူစာချုပ်ရန် ပြင်ဆင်နေသည်။ 

 􀁘 မန်စီးတီးနည်းပြ မန်ချီနီက ပရီမီယာလိဂ်ဖလားရယူရေး စိတ်ဓာတ်ပြင်းပြ နေကြောင်း၊ မန်ယူကိုမိမိတို့ ကျော် ဖြတ်နိုင်မည်ဟု ယုံကြည်နေကြောင်း ထုတ်ဖော် ပြောကြားသည်။ 

**နိုင်လင်းကြည်**

-ယခုလအတွင်း ဟိုအကြောင်း၊ ဒီအကြောင်း၊ သူတို့အကြောင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)