ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, December 30, 2012

> -၂ဝ၁၂ ခုနှစ် အတွက်အကောင်းဆုံးဘောလုံးအသင်း-
၂ဝ၁၂ ခုနှစ်ကို ပြည်ဖုံးကားချတော့မှာဖြစ်ပါတယ်။ တစ်နှစ်တာအတွင်းမှာ ကမ္ဘာတစ်ဝန်းယှဉ်ပြိုင်ကစားခဲ့ကြတဲ့ နိုင်ငံအလိုက်ဘောလုံးပြိုင်ပွဲတွေ၊ လိဂ်ပွဲစဉ်တွေနဲ့ ဆုဖလား ပွဲတွေမှာ ပါဝင်ဆင်နွှဲနေကြတဲ့ ဘောလုံးသမားတွေအနက်က တစ်နှစ်တာအတွင်း ခြေစွမ်းပြနိုင်ဆုံး ဘောလုံးသမားတွေကို ပြင်သစ်နိုင်ငံရဲ့ ကမ္ဘာကျော်အားကစားသတင်းစာူနါကငစန က နေရာအလိုက် ဘောလုံးတစ်သင်းစာကို ရွေးချယ်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံးဘောလုံးအသင်းဖြစ်တာမို့ ကမ္ဘာ့ပရိ သတ်တွေ စောင့်မျှော်စိတ်ဝင်စားနေတဲ့ ဘောလုံးအသင်းလည်းဖြစ်နေပါတယ်။ ပြင်သစ်ဘောလုံးသတင်းစာ
က ရွေး ချယ်ထားတဲ့ ဘောလုံးသမား ၁၁ ဦးရဲ့ အမည်စာရင်းမှာ တိုက်စစ်မှူးနှစ်ဦး အဖြစ် ဘာစီလိုနာက မက်ဆီနဲ့ ရီးရဲမက် ဒရစ်က စီရိုနယ်ဒိုတို့ကို ရွေးချယ်ထားပါ တယ်။ မက်ဆီဟာ ဘာစီလိုနာအသင်း အတွက်ရော မိခင် အာဂျင်တီးနားအသင်း အတွက်ပါ စွမ်းဆောင်မှုတွေနဲ့အတူ ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး လာလီဂါမှာ ဒီနှစ်တစ်ရာသီအတွင်း သွင်း ဂိုး ၉၂ ဂိုးအထိသွင်းယူကာ စံချိန်တင်ထား နိုင်သူဖြစ်ပါတယ်။ အသက် ၂၅နှစ်အရွယ်ရှိတဲ့ မက်ဆီ ဟာ ဘောလုံးပါရမီထူးချွန်သူဖြစ်ပြီး ကမ္ဘာ့ တိုက်စစ်မှူးတွေထဲမှာ အရည်အချင်းမြင့် မားတဲ့ တိုက်စစ်မှူးဖြစ်လို့ ရွေးချယ်ခြင်း ဖြစ်တယ်လို့ ဆိုထားပါတယ်။ ရီးရဲမက် ဒရစ်တိုက်စစ်မှူး စီရိုနယ်ဒိုကတော့ ပြိုင် ဘက်အသင်းရဲ့ခံစစ်ကြောင်းကို ထိုး ဖောက်ဖြတ်ကျော်တဲ့အခါ အလွန်လျင်မြန် ပြီး ဂိုးသွင်းခြေစွမ်းလည်း ထက်မြက်သူ ဖြစ်ပါတယ်။ မိခင် ပေါ်တူဂီအသင်း အတွက် အောင်မြင်မှုတွေ ရရှိအောင်ကြိုး စားပေးသူဖြစ်ပြီး ဘောလုံးကစားတဲ့အခါ တိုက်ပွဲဝင်စိတ်ဓာတ် မြင့်မားသူဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ အသက် ၂၇နှစ် အရွယ်ရှိတဲ့ စီရိုနယ်ဒိုဟာ ပြိုင်ဘက် ခံစစ်မှူးတွေကို အန္တရာယ်အပေးနိုင်ဆုံး တိုက်စစ်မှူးဖြစ်တာမို့ ၂ဝ၁၂ ခုနှစ်အတွက် အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ရွေးချယ် ကာ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးအသင်းရဲ့ တိုက်စစ်မှူး တစ်ဦးအဖြစ် ရွေးချယ်ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရီးရဲမက်ဒရစ်အသင်းက အလွန်ဆိုကိုလည်း ၂ဝ၁၂ ခုနှစ်ရဲ့ အကောင်းဆုံးအသင်းထဲမှာ ကွင်းလယ်ကစား သမားအဖြစ် ထည့်သွင်းထားပါတယ်။

 (အလွန်ဆို)
အလွန်ဆိုဟာကွင်းလယ်ကစားအားကို အကောင်းဆုံးပုံဖော်ပေးနိုင်သူဖြစ်ပြီး တိုက်စစ်၊ ခံစစ်ကို ထူးချွန်စွာလိုက်ပါကစားနိုင်သူဖြစ်ပါတယ်။ လိုအပ်ရင် တိုက်စစ်ကိုလိုက်ပါဖြည့်ဆည်းပေးပြီး ဂိုးလည်း ရအောင် သွင်းယူနိုင်သူဖြစ်ပါတယ်။ ကွင်းလယ် နောက်ထပ်ကစားသမားအဖြစ် ရာမီးရက်စ်ကို ရွေးချယ်ထည့်သွင်းထားပါတယ်။ ချယ်လ်ဆီးကစားသမား ရာမီးရက်စ်ဟာ တောင်ပံတွေကနေပြီး ထိုးဖောက်ဂိုးသွင်းနိုင် သူဖြစ်ပြီး သူ့ဆီက ဘောလုံးရယူဖို့အတွက် ခက်ခဲတဲ့ ကွင်းလယ် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ကွင်းလယ်တိုက်စစ်အားသန်သူ ဖြစ်ပြီး အထူးသဖြင့် ဘယ်တောင်ပံက ထိုးဖောက်မှုကို အားသန် သူတစ်ဦးဖြစ်ပြီး ထူးခြားတဲ့ကွင်းလယ်ကစားသမားဖြစ်တာမို့ ရွေးချယ်ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ နောက်ထပ် ကွင်းလယ်ကစားသမားတွေကတော့ ဇာဗီ (ဘာစီလိုနာ)နှင့် အင်နီယေစတာ (ဘာစီလိုနာ)တို့ပဲဖြစ်ပါတယ်။
ဘာစီလိုနာအသင်း အောင်မြင်မှုတွေရရှိအောင်နဲ့ ကမ္ဘာကျော် ထိပ်တန်းဘောလုံးအသင်းတစ်သင်း ဖြစ်လာစေဖို့ သူတို့က ဖြည့်ဆည်းဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကွင်းလယ်မှာ ဘောလုံးဖြန့်ဝေမှု၊ ခံစစ်နဲ့တိုက်စစ်ကို စတင်နိုင်မှု၊ ပြိုင်ဘက် အသင်းတိုက်စစ်ကို ကွင်းလယ်ကပဲ ဟန့်တားဖြတ်တောက် နိုင်မှုစတဲ့ အားသာချက်တွေဟာ သူမတူအောင်ထူးခြားတဲ့ စွမ်းဆောင်မှုတွေဖြစ်ပါတယ်။ ကွင်းလယ်ကစားကွက်ကို အတွဲညီစွာ စိုးမိုးနိုင်သူတွေဖြစ်ပါတယ်။ ဘာစီလိုနာရဲ့ ကွင်းလယ် ကစားအားကို သူတို့နှစ်ဦးက ပုံဖော်နေတာဖြစ်ပါတယ်။ ဒါကြောင့် တစ်နှစ်တာ အကောင်းဆုံးဘောလုံးအသင်းထဲမှာ ထည့်သွင်းထားခြင်းဖြစ်ပါတယ်။ နောက်တန်းကစားသမားတွေအဖြစ် ဘိုင်ယန်မြူးနစ် အသင်းက
ဖီလစ်လန်း၊မန်စီးတီးကကွန်ပနီ၊ရီးရဲမက်ဒရစ်ကရာမို့စ်နဲ့ဘာစီလိုနာအသင်းက ဂျော်ဒီအယ်လ်ဘာတို့ကို
 ရွေးချယ်ထည့်သွင်းထားပါတယ်။ ဘိုင်ယန်မြူးနစ်က ဖီလစ်လန်း ဟာ ပြိုင်ဘက်တိုက်စစ်မှူးတွေ ဖြတ်ကျော်ရခက်ခဲတဲ့ နောက်ခံလူ တစ်ယောက်ဖြစ်ပြီး အမှားအယွင်းမရှိအောင် ကစားတတ်သူ တစ်ဦးဖြစ်ပါတယ်။ မန်စီးတီးမှ ကွန်ပနီကတော့ အသင်း ခေါင်းဆောင်ပီပီဘောလုံးသမားတွေကို စုစည်းမှုကောင်းပြီး မန် စီးတီးအသင်း အောင်မြင်မှုရအောင် ကစားနိုင်သူဖြစ်ပါ တယ်။ ရာမို့စ်နဲ့ အယ်လ်ဘာတို့ကတော့ ခံစစ်ကြောင်းကို သိပ်သည်း အောင်၊ ထိုးဖောက်ရခက်ခဲအောင် ခြေစွမ်းပြကစားနိုင်သူတွေဖြစ် တာမို့ အကောင်းဆုံးအသင်းမှာ ထည့်သွင်းထားခြင်းပဲဖြစ်ပါတယ်။ ဂိုးသမားကိုတော့ ရီးရဲမက်ဒရစ်အသင်းက ကာဆီးလက်စ် ကို ရွေးချယ်ထည့်သွင်းထားပါတယ်။ ကာဆီးလက်စ်ဟာ မိမိအသင်း ဂိုးမပေး ရအောင် အစွမ်းထက်ထက်နဲ့ကာကွယ်နိုင် သူဖြစ်တဲ့အပြင် အမှားအလွန်နည်းပြီး တည်ငြိမ်တဲ့ ဂိုးသမားဖြစ်တာမို့ ၂ဝ၁၂ ခုနှစ်ရဲ့ အကောင်းဆုံးဘောလုံးအသင်း ဂိုးသမားအဖြစ် ရွေးချယ်ထည့်သွင်းခဲ့ခြင်း ပဲဖြစ်ပါတယ်။

**နိုင်လင်းကြည်**

-၂ဝ၁၂ ခုနှစ် အတွက်အကောင်းဆုံးဘောလုံးအသင်း-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)