ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 13, 2012

> - နောက်တစ်ကြိမ်- 

၁၈၉၂ခုနှစ် နွေရာသီတစ်ခုမှာ အမေရိကန်နိုင်ငံ Missouriပြည်နယ်မှာ မိုးသက်လေပြင်းကျရောက်ခဲ့တယ်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမ၊
 နေအိမ်၊ လယ်ယာစိုက်ခင်းတွေဟာ
 တောင်ကျရေရဲ့တိုက်စားခြင်းကို ခံခဲ့ရပြီး လူအများအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်။ ဖာတရာ
ထေးနေတဲ့ အင်္ကျီကိုဝတ်ထားတဲ့ ပိန်လှီလှီကောင်လေးငယ်
တစ်ယောက်ဟာ တောင်ကုန်းထိပ်တစ်ခုမှာရပ်ပြီး လျှံတက်လာတဲ့မြစ်ရေ၊ အတိုက်စားခံလိုက်ရတဲ့ ကောက်ပဲသီးနှံေ တွကို ငေးကြည့်နေခဲ့တယ်။ သူတို့တစ်အိမ်သားလုံးရဲ့မျှော်လင့်ချက်ကို ရေနီလှိုင်းကြီးတွေတိုက်စားသွားခဲ့လို့ ဖခင်ဟာ စိတ်မချမ်းမသာဖြစ်နေခဲ့တယ်။ ချေးယူထားတဲ့ငွေကိုပြန်ဆပ်ဖို့ ရက်ချိန်းနောက်ဆုတ်ပေးပါလို့ ငွေချေးယူထားတဲ့ဘဏ်ကို အကျိုးအကြောင်းရှင်းပြပြီး ခယတောင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာ သူတို့ရဲ့ပိုင်ဆိုင်မှုကို သိမ်းယူချင်တဲ့ဘဏ်က ဖခင်ရဲ့တောင်းဆိုမှုကို ငြင်းဆန်ခဲ့တယ်။ အငြင်းဆန်ခံခဲ့ရတဲ့ဖခင်ဟာ စိတ်ပျက်လက်ပျက်နဲ့ နေအိမ်ကိုပြန်လာချိန် တံတားတစ်ခုကို ဖြတ်ကျော်တော့ တံတားထိပ်မှာခဏရပ်ပြီး တသွင်သွင်စီးဆင်းနေတဲ့ မြစ်ရေကိုငေးမောကြည့်နေခဲ့တယ်။ “ဖေဖေ… ဘယ်သူကိုစောင့်နေတာလဲ” ကောင်လေးငယ်က ဖခင်ကိုနားမလည်သလိုနဲ့ မေးတယ်။ ဖခင်က ဘာမှပြန်မပြောဘဲ မျက်ရည်သာစီးကျနေခဲ့တယ်။ ကောင်ကလေးက ဖခင်ရဲ့ပေါင်ကို ခပ်တင်းတင်းပွေ့ဖက်လိုက်တယ်။ အားပေးမှုတစ်ခု၊ အင်အားတစ်ခုကို သူပေးချင်နေခဲ့လို့ဖြစ်တယ်။ ဒီလိုအဖြစ်အပျက်ဖြစ်ပျက်ပြီး သိပ်မကြာတဲ့နေ့တစ်နေ့မှာ Warrensburgမြို့ထဲ ဟောပြောသူတစ်ဦး လာရောက်ဟောပြောခဲ့တယ်။ ဟောပြောသူရဲ့ အပြောအဆိုကောင်းမှု၊ စိတ်လှုပ်ရှား စိတ်အားတက်ဖွယ်ရာစကားတွေက ကောင်ကလေးကို စိတ်ဝင်တစားဆွဲဆောင်နိုင်ခဲ့တယ်။ “တောရွာမှာကြီးပြင်းတဲ့ ကလေးငယ်တစ်ယောက်ဟာ ဘယ်လောက်ပဲဆင်းရဲနေပါစေ သူဖြစ်ချင်တဲ့ဆန္ဒကို မဆုတ်မနစ်ကြိုးစားခဲ့ရင် တစ်နေ့မှာ အောင်မြင်မှုကိုသူဆွတ်ခူးနိုင်မှာ ဧကန်အမှန်ပဲ။ ဒီရွာထဲမှာ ဘယ်သူက အဲဒီကလေးငယ်ဖြစ်နိုင်မလဲ။ မိဘပြည်သူများ သူ့ကိုကြည့်လိုက်ကြပါ….” ဟောပြောသူဟာ ပြောပြောဆိုဆို လက်ညိုးကိုနေရာတစ်နေရာဆီ အမှတ်မထင်ထိုးလိုက်တယ်။ သူ့ဘက်တည့်တည့်တိုးတာမဟုတ်ပေမယ့် ကောင်လေးက သူ့ကိုပြောနေတယ်လို့ပဲထင်လိုက်တယ်။
 အဲဒီတခဏ တစ်နေ့နေ့မှာ အောင်မြင်တဲ့ဟောပြောသူတစ်ဦးဖြစ်အောင် သူကြိုးစားမယ်လို့ ကောင်လေးအဓိဌာန်ချလိုက်တယ်။ အဲဒီနောက် တုံးတုံးအအ သူ့အပြင်ပန်းသဏ္ဌာန်၊ စုတ်ပြတ်နေတဲ့အဝတ်အစားနဲ့အတူ တုံးတိတိဖြစ်နေတဲ့ ဘယ်လက်ညိုးတစ်ချောင်းကြောင့် သူဟာ ကိုယ့်ကိုယ်ကိုသိမ်ငယ်စိတ်တွေ မကြာခဏဝင်ခဲ့မိတယ်။ တစ်ခါက ဆရာအတတ်သင်ကျောင်းမှာ ကျောင်းသားတစ်ဦးဖြစ်နေတဲ့သူဟာ စုတ်ပြတ်နေတဲ့ ကုတ်အင်္ကျီကိုဝတ်ပြီး ဟောပြောဖို့စင်ပေါ်တက်ခဲ့တယ်။ အဲဒီမှာ ကျောင်းသားတွေရဲ့လှောင်ပြောင်ရယ်မောတာကို သူခံခဲ့ရတယ်။ တစ်ခါတုန်းကလည်း ဟောပြောနေရင်း ဟောပြောဖို့စကားလုံးတွေကို သူမေ့သွားခဲ့တယ်။ လူတွေရဲ့တီးတိုးဝေဖန်မှုအောက်မှာ သူချွေးဇောပြန်ခဲ့ရတယ်။ စင်ပေါ်မှာအကြိမ်ကြိမ် ကျရှုံးရတဲ့ဒဏ်က သူ့ရည်မှန်းချက်ကို ပျက်ပြားစေခဲ့တယ်။ သူ့ရဲ့လုပ်ဆောင်နိုင်အားကို သူသံသယဖြစ်လာခဲ့မိတယ်။ တစ်ခါက ဟောပြောပြိုင်ပွဲတစ်ခုအပြီးမှာ သူဟာ နွမ်းလျလေးလံတဲ့ခန္ဓာကိုယ်နဲ့ နေအိမ်ကိုပြန်လာခဲ့တယ်။ နေအိမ်ရောက်ခါနီး တံတားကိုဖြတ်တော့ တံတားထိပ်မှာ သူခေတ္တရပ်နားပြီး တသွင်သွင်စီးနေတဲ့မြစ်ရေကို အကြာကြီးစိုက်ကြည့်နေခဲ့မိတယ်။ “လူလေး… ဘာဖြစ်လို့ နောက်ထပ်တစ်ကြိမ် မကြိုးစားကြည့်တာလဲ” ဘယ်အချိန်ကတည်းက သူ့နောက်ရောက်နေမှန်းမသိတဲ့ ဖခင်က သူ့ကိုပြုံးကြည့်ပြီးပြောတယ်။ ဖခင်ရဲ့မျက်လုံးထဲမှာ ယုံကြည်မှု၊ အားပေးမှုတွေပြည့်နှက်နေတယ်။ လွန်ခဲ့တဲ့အနှစ် ၂ဝကျော်က ညနေခင်းလိုမျိုး တံတားထိပ်မှာရပ်ပြီး ဖခင်နဲ့သူ တစ်ယောက်ကိုတစ်ယောက် တင်းတင်းလေးပွေ့ဖက်လိုက်ကြတယ်။ အဲဒီအဖြစ်အပျက်ပြီးတဲ့နောက် အချိန်၂ နှစ်အတွင်းမှာ မြစ်ဘေးမှာ လမ်းလျှောက်ရင်း နာမည်ကြီးအောင်မြင်ကျော်ကြားသူတို့ရဲ့ စကားလုံးတွေကို တတွတ်တွတ်ရွတ်ဆိုနေတဲ့၊ အဝတ်အစား အစုတ်အပြတ်ကိုဝတ်ဆင်ထားတဲ့ ပိန်ရှည်ရှည်လူငယ်တစ်ယောက်ကို Warrensburgက မြို့သူမြို့သားတွေ နေ့တိုင်းလိုလို တွေ့မြင်ခဲ့ကြရတယ်။ အဲဒီလူငယ်ဟာ ပတ်ဝန်းကျင်ကိုမေ့ပြီး ကိုယ့်ကိုယ်ကိုပဲ အာရုံစူးစိုက်ထားခဲ့တယ်။ တစ်ခါက မြစ်ဘေးမှာ ပြောဟောပွဲတစ်ခုအတွက် အာရုံစူးစိုက်ပြီး သူလေ့ကျင့်နေခဲ့တယ်။ လက်ဟန်ခြေဟန်နဲ့ တတွတ်တွတ်ရွတ်ဆိုဟောပြောနေခဲ့လို့ သူ့ကို အရူးတစ်ယောက်လို့ လူတွေအထင်အမြင်လွဲခဲ့သေးတယ်။ အဲဒီနောက် ၁၉ဝ၆ခုနှစ်မှာ “ငယ်စဉ်ဘဝ အမှတ်တရ”ဆိုတဲ့ခေါင်းစင်နဲ့ ဟောပြောပြိုင်ပွဲတစ်ခုမှာ သူဟောပြောခဲ့တယ်။ အဲဒီပွဲမှာ လူတွေရဲ့လက်ခုပ်သံကို သူရခဲ့တဲ့အပြင် ဆုတွေပါချီးမြင့်ခံလိုက်ရတယ်။ ဒါဟာ သူ့ဘဝမှာ အောင်မြင်ခြင်းရဲ့ပျော်ရွှင်မှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရတာဖြစ်တယ်။ အဲဒီနောက် အနှစ်သုံးဆယ်နောက်ပိုင်းမှာ သူဟာ အမေရိကန်သမိုင်းမှာ နာမည်အကြီးဆုံး၊ အောင်မြင်မှုအရဆုံး စိတ်ပညာရှင်၊ လူမှုဆက်ဆံရေးပညာရှင်အဖြစ် ထင်ရှားကျော်ကြားခဲ့တယ်။ သူရေးသားခဲ့တဲ့ “အောင်မြင်ခြင်းသို့သွားရာလမ်း”ဆိုတဲ့စာအုပ်တွဲတွေဟာ ကမ္ဘာပေါ်မှာ အရောင်းရဆုံးစံချိန်တင်ခဲ့တယ်။ သူသေဆုံးသွားသည့်တိုင် ကမ္ဘာ့ထောင့်အရပ်ရပ်ကလူတွေဟာ သူ့နာမည်၊ သူ့ကြိုးစားမှုကို ပုံစံအမျိုးမျိုးနဲ့ တမ်းတအောက်မေ့နေကြဆဲဖြစ်တယ်။ သူဟာ ၂ဝရာစုမှာ လူသားကောင်းကျိုးအတွက် လမ်းညွှန်ပြသူ၊ လူလားမြောက်ဖို့ သင်ကြားပြသသူအဖြစ် နာမည်ကျော်ကြားခဲ့တဲ့ “Dale Carnegie” ပဲဖြစ်ပါတယ်။ ယနေ့ထိတိုင် အမေရိကန်ပြည်သူတွေဟာ “ဘာကြောင့် နောက်ထပ်တစ်ကြိမ် မကြိုးစားကြည့်တာလဲ”ဆိုတဲ့ စကားကိုနှစ်နှစ်ခြိုက်ခြိုက်သုံးစွဲပြီး ကိုယ့်သားသမီးတွေကို အားပေးတတ်ခဲ့တယ်။ တွေးခေါ်ပညာရှင် Alice Adams ရဲ့စကားဖြစ်တဲ့ “နောက်ထပ်တစ်ကြိမ် ကြိုးစားကြည့်ဖို့၊ စမ်းသပ်ကြည့်ဖို့ သူ မတွန့်ဆုတ်သရွေ့ လောကမှာ ရှုံးနိမ့်သူဆိုတာမရှိပါဘူး” ဆိုတဲ့အဆိုကို Dale Carnegie က သူ့ရဲ့လုပ်ဆောင်ချက်နဲ့ သက်သေပြခဲ့ပါတယ်။ သူ့ရဲ့အကွေ့အကောက်ဘဝလမ်းက လူတိုင်းကို ခံစားမှုတွေပေးခဲ့သလို တွေးတောမှုတွေပါပေးခဲ့ပါတယ်။ အချိန်တော်တော်များများမှာ အခက်အခဲ၊ ကျရှုံးခြင်းတွေနဲ့ ကျွန်တော်တို့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ “ဘာဖြစ်လို့ နောက်ထပ်တစ်ကြိမ် မကြိုးစားကြည့်တာလဲ”ဆိုတဲ့စကားနဲ့ ကျွန်တော်တို့လည်း ကိုယ့်ကိုယ်ကိုအားပေးသင့်နေခဲ့ပါပြီ။

 နိုင်းနိုင်းစနေ- ဘာသာပြန်သည်။

-- Be Happy,

Moe Moe.

- နောက်တစ်ကြိမ်- 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)