ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, December 13, 2012

> -တွံတေးမြို့က မသန်သော်လည်းစွမ်းသူတစ်ဦး- 
ဒီဇင်ဘာ မှာ ကျွန်တော်တို့စက်ရုံက အမြဲတန်း ဘုရားဖူး
ထွက်လေ့ရှိသည်။ ထို့အတွက် စက်ရုံက နှစ်ရက် ဆက်
ပိတ်ပေးသည်။ ဒီနှစ် ကျွန်တော်တို့မိသားစု ဘယ်ကိုမှမသွားဖြစ်သည့်အတွက်
 နီးလည်းနီး အလွယ်တကူ သွားလို့ရကာ လမ်းလည်းကောင်း
နေပြီဖြစ်သော တွံတေး ရွှေဆံတော်ဘုရားနှင့် ဗောင်းတော်ချုပ်
ဘုရား။ ဗောဓိတစ်ထောင် ဘုရား၊ ကျိုက်ဖူးကျိုက်ပါ ဘုရား
စသည်တို့ကို ဖူးမျှော်ရန် ကိုလူစိမ်းတို့မိသားစု ကိုအဖော်စပ်၍
မိသာစုနှစ်စု ကြိုတင်မရည်ရွယ်ဘဲ picnic ဘုရားဖူး
ထွက်ြ့ဖစ်ခဲ့ကြသည်။ မနက်အစော ၇ နာရီတွင် လှိုင်သာယာ
 သပြေရိပ်မှာ မနက်စာ စားပြီး ဘီအိုစီတွင် ဆီဖြည့်ကာ
တွံတေးတံတား (လှိုင်သာယာ)ကို ဖြတ်ပြီး ဘယ်သူမှ မရောက်ဖူးဘဲ ခြေဦးတည့်ရာမောင်းခဲ့ကြသည်။ ယခင်က
လမ်းမကောင်း၍ ဆိုင်ကယ်နှင့် ဂျစ်ကားလောက်သာ သွားခဲ့သော
 လမ်းမှာ ယခုလမ်းကောင်းသဖြင့် ကားမျိုးစုံ သွားလာ နေတာကိုလည်း တွေ့ရသည်။ ပါတ်ဝန်းကျင်တွင် တမြော်တစ်ခေါ် လယ်ကွင်းပြင်များ တွံတေးမြို့ဝင်ကာနီးတွင် ရာဘာတောစိုက်ခင်းများ စိမ်းလမ်းစိုပြေစွာ တွေ့ရသဖြင့် မြို့၏မွန်းကျပ်သော အချုပ်အနှောင်မှ ခတ္တ လွတ်မြောက်ခဲ့ရသဖြင့် စိတ်ကြည်နူးမိသည်။ တွံတေးမရောက်ခင် ဗောင်းတော်ချုပ်သို့ ခွဲသော မြေနီလမ်းကလေးသို့ချိုးဝင်ခဲ့သည် ။ ဗောင်းတော်ချုပ်မှာ နောက်ခေါ်တွင်သောနာမည်ဖြစ်ပြီး ယခင်နာမည်မှာ ဗောင်းတော်ကျ ဖြစ်ကြောင်း လိုက်လံရှင်းပြသော ဦးဇင်းတစ်ပါးမှ မိန့်ကြားပါသည်။ နတ်တို့ စုဝေးရာ ဋ္ဌာနေတစ်ခုဖြစ်မည်။ ကိုပေါင်ပေါင် သွားသင့်သည့် နေရာပါ(သူက နတ်ကိုးကွယ်လို့)။ နောက် ယခုမှ အသစ်တည်နေသော ဗောဓိတစ်ထောင်သို့လည်း ရောက်ခဲ့သည် ။ ရုပ်ပွားတော်များစွာကို တစ်ပုံစံတည်း တည်ထားသည်မှာ ကြည့်လို့ သပ္ပါယ်လှပါသည်။ ဗောင်းတော်ချုပ်သည် မန္တလေးနားက စစ်ကိုင်းတောင်အလား သာသနာ့နယ်မြေတစ်ခုသဖွယ်ဖြစ်သည်။ ပါတ်ဝန်းကျင်တွင်လည်း သစ်တောကြီးများ ရှင်သန်နေကြသည်မှာ ကျိုက်ထီးရိုး များရောက်နေသလား ထင်မိသည်။ ကျွန်တော်တို့ ဗောင်းတော်ချုပ်မှ ထွက်ကာနီးတွင် ဗုဒ္ဓဂါယာ နှင့် ဆင်အောင်တည်ထားသော ဘုရားသို့ဝင်ဖူး သည်။ အေးချမ်းပြီး သစ်ပင်များ ပေါများသောခြင်း။ ဆိတ်ငြိမ်ပြီး သာယာလှသဖြင့် ကျွန်တော် နောက်တစ်ခေါက် လာဦးမည်ဟု စိတ်မှာ မှန်းထားသည်။ မိသားစု နှစ်စု ယူလာသော လက်ဖက်နှင့်အကျော် တို့ကို ဘုရားရိပ်ခိုရင်း ဝိုင်းထိုင်ကာ လက်ယာယစ် လှည့်ပြီး လက်ဆင့်ကမ်းစားကြရာ ဆယ်ပါတ်လောက်တွင် လဘက်ကုန်သွားလေသည်။ ဆာနေကြတာကိုး နေ့လည်စာကို တွံတေးက နာမည်ကြီးထမင်းဆိုင်မှာ စားကြမည် ဟုအားခဲထားကြ၍ဖြစ်သည်။ ကျွန်တော်တို့ ဆရာတော်ကြီး၏ ရုပ်တုကို သွားရောက်ဖူးမျှော်ပြီး ပြန်ရန် ထွက်လာ ကြစဉ် ဘုရားဝင်းလမ်းဘေးတွင် အကျီခပ်နွမ်းနွမ်း ဝတ်ထားကာ လက်နှစ်ဖက် လက်မောင်းရင်းမှ မပါသော(မွေးရာပါ) လူငယ်လေးတစ်ယောက် ထိုင်ပြီး တစ်စုံတစ်ခု ပြုလုပ်နေတာကို မြင်လိုက်ရသည်။ ကိုယ်လက်အင်္ဂါ ချို့ယွင်းသောအသက်နှစ်ဆယ်ကျော် လူရွယ်လေး တစ်ယောက်ကို မြင်ရသဖြင့် (အကျီနွမ်းနွမ်း လေးနှင့် ခေါင်းမှာလည်း ဆီနှင့် ဝေးနေသဖြင့် စုတ်ဖွာနေခြင်း) တို့ကြောင့် ကျွန်တော့်အမျိုးသမီး မှာ အလှုခံစားသူ (ရင့်ရင့်သီးသီးပြောရပါမူ ငွေတောင်းစားနေရသူ) ဟု အထင်လွဲကာ ကျွန်တော့်အား မျက်နှာရိပ်မျက်နှာကဲဖြင့် ငွေပေးရမလားဟု နှစ်ရာတန်လေးကို ကိုင်ကာ လှမ်းမေးသည်။

ကျွန်တော်ကခေါင်းငြိမ့်ပြရာ ကျွန်တော့်အမျိုးသမီးက ပေးမယ်
အလုပ်--
 ``ဟို --- ဟို သားက ကျောင်းသား
ပါခင်ဗျ---`` ဟု ပြာပြာသလဲရှင်းပြ
သဖြင့် ကျွန်တော်လည်းခေါင်းန
ပမ်းကြီးကာ (ကြီးမှာပေါ့ လူတစ်ယောက်
ကို အပေါ်ယံမြင်ပြီးလွယ်လွယ်သတ်မှတ်
လိုက်တာကိုး) ထို လူငယ်လေးအားကြည့်လိုက်ရာ ဗလာစာအုပ်ကို မြေတွင်ချပြီး ဘယ်ဘက်ခြေထောက်ဖြင့် ဘောလ်ပင်ကို ခြေမနှင့် ခြေညိုးကြား ညှပ်ပြ်ီး စာရေးနေဖြင်းဖြစ်သည်။ ရေးနေတာက အင်္ဂလိပ်လို အဆောက်အဦးတွေအကြောင်း ဗိသုကာနှင့် ပါတ်သတ်သော စာတမ်းပြုစုနေခြင်းဖြစ်သည်။ ဒါကြောင့် လည်း ဘုရားဝင်းအတွင်း ဟိုဟိုဒီဒီ သွားကြည့်ကာ လမ်းဘေးတွင် ဖြစ်သလို ထိုင်ရေးရာက မှားယွင်းမိခြင်းဖြစ်သည်။ ကျွန်တော်မှာ အားနာခြင်း တောင်းပန်ခြင်း လေးစားခြင်း စသော အမည်မဖော်နှိုင်သော ခံစားချက်တို့ဖြင``့် ညီလေး အကိုတို့ မုန့်ဘိုးပေးတာတော့လက်ခံပေးပါ`` ဟု ပြောပြောဆိုဆို မုန့်ဘိုး တစ်သောင်းခွဲကို သူ၏ လွယ်အိပ်ထဲသို့ ထည့်ပေးပြီး စကားစမြည်ပြောဖြစ်သည်။ သူနှင့်စကားပြောမိမှ သူ၏အမည်မှာ ပိုင်လေး ဟုခေါ်ကြောင်း။ သူသည် ဆယ်တန်းကို လေးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြောင်း။ ဆေးတက္ကသိုလ် တတ်ရန် အမှတ်ပေါင်း လေးရာကိုးဆယ်ကိုး ရမှတ်ဖြင့် မှီခဲ့သော်လည်း သူ၏ ကိုယ်အင်္ဂါ ချို့ယွင်းမှုကြောင့် စက်မှုတက္ကသိုလ် Civil တတ်နေကြောင်း။ အမှတ်တရ စာရေးပေးပါမည့်အကြောင်း။ ကျွန်ပြူတာလည်း တတ်ကျွမ်းပါကြောင်း (လုံးဝ ကြွားဝါလိုခြင်း မာန်တတ်လိုခြင်း မရှိပဲ ) ရှင်းပြပါသည်။ ဘဝကို လုံးဝလက်မလျှော့ အားမငယ်ပဲ လှေခွက်ချည်းကျန် အလံမလှဲမည့် စိတ်ဓါတ်မှာ တစ်ခါတစ်လေ အကြောင်းမဲ့ စိတ်ဓါတ်ကျနေသော ကျွန်တော်တို့ များစွာရှက်မိပါသည်။ သူ့တွင် ကိုင်စရာ လက်နှစ်ဖက်လုံးမပါသဖြင့် ဖယ်ရီကို တစ်လ သုံးသောင်းခွဲပေးစီးရသည်။ ကဲ------ သူငယ်ချင်းတို့ရေ ---- အားငယ်သူအားပေးပါ လဲနေသူ ထူပေးပါ ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ဓါတ်နဲ့ ဒို့တတွေ တတ်အားသ၍ လေး ကူညီကြရင် ကောင်းမလားကွယ်။ လိုအပ်တဲ့ တစ်ခုခုပေါ့။ သူ့ကြည့်ရတာ ငွေကြေးလည်း ချို့တဲ့မယ့်ပုံ ပေါ်လို့ပါခင်ဗျာ။ ကျွန်တော်တို့အများသိတဲ့`` စုပုံချစ်`` က သူ့ပါတ်ဝန်းကျင်မှာ ပြည့်စုံတဲ့ မိသားစုလေး ရှိတာ အားသာချက်ပါဘဲ။ ကျွန်တော်တို့ အမှတ်မထင်တွေ့ ခဲ့တဲ့ မောင်ပိုင်လေး ကတော့ဖြင့် အဲဒီအပိုင်းပါ အားနဲ သိမ်ငယ်နေရမယ်လို့ ထင်မိလို့ပါခင်ဗျာ။

အားလုံးကို လေးစားခင်မင်လျှက်

 **ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)**
ဲJoin us at https://www.facebook.com/groups/Myanma.ArunThit.Org/

-တွံတေးမြို့က မသန်သော်လည်းစွမ်းသူတစ်ဦး- 

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)