နင့်ရဲ့.... အငွေ့ပျံလွယ်တဲ့ အရှိန်အ၀ါတွေနဲ့
ငါ့ကို ဘယ်လောက်ပဲ မျက်ရည်ကျအောင်လုပ်စမ်းပါစေ...
နင့်ကို.... လွှမ်းခြုံထားတဲ့ အလွှာတွေနဲ့
နင့်ဘ၀ ဘယ်လောက်ပဲ လုံခြုံနေပါစေ... နင်အားကိုးတဲ့ အရှိန်အ၀ါတွေနဲ့
နင်အားကိုးတဲ့ အလွှာတွေနဲ့
ဘ၀င်မြင့်နေတဲ့ နင့်ဘ၀လည်း
အိမ်ရှင်မတွေရဲ့ လက်ထဲအရောက် အလွှာတွေလည်းပျောက်လို့ လုံးပါး ပါးသွားခဲ့ရပြီပဲမဟုတ်လား ကြက်သွန်နီလေးရယ်...။
မှတ်ချက်။ ။ ဟင်းချက်မလို့ ကြက်သွန်ခွာနေရင်း မျက်ရည်ကျ... စိတ်ကတိုလာ... ကံဆိုးစွာပဲ တရားခံက ကြက်သွန်ဖြစ်ရောပေါ့။ ဒါနဲ့ ငါ့ကို မျက်ရည်ကျအောင်လုပ်တဲ့ အဲ့ကြက်သွန်ကို ဖွတ်ဖွတ်ညက်ညက် ကြေအောင်ကျိတ်ပြစ်ပြီး ဟင်းအိုးထဲထဲ့ချက်လိုက်တာ အစတောင်ရှာလို့ မတွေ့တော့တဲ့အဖြစ် ... မှတ်ထား။
*( ဘာရယ်မဟုတ် ဟာသလေးပါ... သူငယ်ချင်းတို့လည်း ဒီကဗျာလေးဖတ်နေချိန်မှာ နည်းနည်းလေးတော့ တွေးပြီး ပြုံးမိမယ်ထင်တယ်...ဟုတ်)*
Posted by လေပြေချို
-သူ့ရဲ့ ဇာတ်သိမ်းခန်း-

No comments:
Post a Comment