ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, January 4, 2013

> -လွတ်လပ်ခြင်း အက်ဆေး-
ကျွန်တော်တို့သည် လွတ်လပ်ရေးနေ့ပေါင်း
များစွာကို အမှတ်တမဲ့ပင်ကျော်ဖြတ်ခဲ့ကြသည်။ ထိုနေ့တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ပျော်ကြသည်။ ကလေးတွေက ကျောင်းပိတ်လို့ပျော်သည်။ လူကြီးတွေက ရုံးပိတ်လို့၊ အလုပ်ပိတ်လို့ပျော်သည်။ လွတ်လပ်ရေးနေ့နှင့်တနင်္ဂနွေတိုက်ဆိုင်
သွားသည့်နှစ်ဆိုလျှင် "ဒီနှစ် ပိတ်ရက်တစ်ရက် နစ်နာ သွားတယ်"ဆိုပြီး မချင့်မရဲတောင်ဖြစ်ကြသေးသည်။ လွတ်လပ်ရေးနေ့မှာ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြသည်။ လွတ်လပ်သည့်အရသာကို အပြည့်အဝခံစားသောအားဖြင့် လမ်းတွေကိုပိတ်ပြီးအားကစားပွဲတွေလုပ်ကြသည်။ ထိုနေ့တွင် လွတ်လပ်ရေး၏အနှစ်သာရကို တစိမ့်စိမ့်တွေးတောဆင်ခြင်သည့် သူ ဘယ်လောက်များများရှိသလဲ။ လွတ်လပ်ရေးကိုအရယူပေးခဲ့သော သူရဲကောင်းကြီးများ၏ ဂုဏ်ကျေးဇူးကို တသသအောက်မေ့လွမ်းဆွတ်သူ ဘယ်နှယောက် ရှိသလဲ။ သတင်းစာထဲမှာတော့ လွတ်လပ်ရေးနေ့ ဂုဏ်ပြု ဆောင်းပါးတွေပါတတ်သည်။ ဒါတွေကလည်း မနှစ်တစ်နှစ်က အကြောင်းအရာအချက်အလက်တွေ ကို ပုံစံတစ်မျိုးနဲ့ပြန်ရေးထားတာပါပဲ။ စိတ်ဝင်တစားဖတ်တဲ့လူလည်း သိပ်ရှိပုံမပေါ်။ ကျွန်တော့်ကိုလာမေးလျှင်လည်း "လွတ်လပ်ရေးကို ထိန်းသိမ်းဖို့အရေးကြီးတဲ့အကြောင်းပေါ့ဗျာ"ဟု ခပ်တည်တည်နဲ့ ဖြီးမိမှာပဲ။ သည့်အတွက် အပြစ်ပြောဖို့တော့ခက်သည်။ ယနေ့မြန်မာနိုင်ငံ၏လူဦးရေအများစုမှာ လွတ်လပ်ရေးရပြီးမှ မွေးဖွားခဲ့ကြသူများဖြစ်၏။ လွတ်လပ်ရေးရသည့်နေ့တွင် မွေးသောလူတွေတောင် ခုချိန်မှာ အသက်၆၄နှစ်ကျော်နေပြီ။ ကျွန်တော်ဆိုလျှင် လွတ်လပ်ရေးရပြီးနှစ်အတန်ကြာမှ မွေးခဲ့သည်။အင်္ဂလိပ်ခေတ်ကို သိမီလိုက်သူတွေက အသက်၇ဝတန်းရောက်ပြီ။ တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့ဖူးသူတွေကတော့ ၈ဝကျော် ၉ဝ ကျော်တွေ ဖြစ်ကုန်ပြီ။ ထို့ကြောင့် လူအများစုတို့သည် သူ့ကျွန်ဘဝ၏ အောက်ကျနောက်ကျနိုင်မှု၊ လွတ်လပ်ရေးတိုက်ပွဲခရီးလမ်း၏ ခက်ခဲကြမ်းတမ်းမှုတို့ကို ကိုယ်ချင်းစာနိုင်စွမ်းသိပ်မရှိတော့။ နောက်တစ်ချက်ကတော့ တော်လှန်ရေးခေါင်းဆောင်ကြီးများသည် သူတို့ကို နှောင်းလူတွေက တသသလွမ်းဆွတ် သတိရနေစေချင် သောကြောင့် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြခြင်းမဟုတ်။ သူတို့ပုံတူကို ကြေးရုပ်ထုပြီး ဂုဏ်ပြုစေချင်သောကြောင့်၊ ငွေစက္ကူပေါ်မှာ ရိုက်နှိပ်ဖော်ပြစေချင်သောကြောင့်၊ ဓာတ်ပုံတွေကို အိမ်မှာ ချိတ်ဆွဲစေချင်သောကြောင့် (လမ်းဘေးမှာ ချရောင်းစေချင်သောကြောင့်) အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြခြင်းမဟုတ်။ နောင်လာနောက်သားတို့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေစေချင်လို့သာ ကြိုးပမ်းခဲ့ကြခြင်းဖြစ်၏။ ထို့ကြောင့် လွတ်လပ်ရေးနေ့တွင် အစွမ်းကုန်ပျော်ရွှင်ကြခြင်းမှာ ဘိုးဘေးတို့၏ဆန္ဒကိုဖြည့်စွမ်းပေးရာ ရောက်သေးသည်ဟု ဆင်ခြေပေးလို့ ရသည်ပေါ့။ "လွတ်လပ်ရေးဆိုတာ အမှတ်တမဲ့နေရင်း ရုတ်တရက်ဆုံးရှုံးသွားနိုင်တယ်။ ပြန်ရဖို့ကျတော့ နှစ်ပေါင်းများစွာတိုက်ယူရတတ်တယ်"ဟု လူကြီးတွေက သတိပေးကြတာပဲ။ လျှပ်စစ်မီးလိုပေါ့။ ဖျတ်ခနဲ ပျက်သွားဖို့ကလွယ်တယ်။ မီးပြန်လာဖို့ကျတော့ အကြာကြီးစောင့်ရတတ်တယ်လေ။ လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲများကို ခေတ်အဆက်ဆက်မှာ ပုံစံအမျိုးမျိုးဖြင့် ကျင်းပကြသည်။ ကျွန်တော်တို့ ကလေးဘဝတုန်းက ကန်တော်ကြီးကနေဒီကျွန်း (ယခုကရဝိက်)မှာ ပြုလုပ်တာရောက်ခဲ့ဖူးသည်။ အငြိမ့်၊ ရုပ်ရှင်၊ ရေလွှာလျှောစီး စသော ဖျော်ဖြေမှုတွေပါသည်။ စီးပွားရေး ကုမ္ပဏီကြီးတွေက သူတို့ ကုန်ပစ္စည်းတွေကို လျှော့ဈေးနှင့် ရောင်းပြီး ကြော်ငြာကြသည်။ လယုန်မဲနယ်ဖြူလုပ်ငန်းက မိုးပျံ ပူဖောင်းကြီးလွှတ်တင်ထားတာ မှတ်မိနေသည်။ ဘုရားပွဲမှာ ရောင်းသော ပူဖောင်းသေးသေးလေးတွေလောက်သာ မြင်ဖူးသော ကျွန်တော်တို့မှာ တအံ့တသြငေးကြည့်ရတာပေါ့။ ညဘက်ဆို မီးရှူးမီးပန်းတွေမြင်ရသည်။ မီးရောင်စုံတွေထွန်းညှိသည်။ ရေဒီယိုမှလည်း ဗိုလ်ရှုသဘင်သီချင်းကို မကြာခဏဖွင့်သည်။ စကားလုံးအတိအကျတော့ ဟုတ်ချင်မှဟုတ်မည်။ မှတ်မိသမျှကတော့ "ထွတ်မြတ်တဲ့စံဌာနီ၊ လွတ်လပ်တဲ့မြန်မာပြည် မချွတ်အစဉ်လွှတ် သဘင် ဆင်နွှဲခဲ့သည် သဘင်ပွဲသည်းညံစည် မြန်မာ့ဟန်ရေး ရှေးထုံး မပျက်ပါ တံပိုးစည်မောင်းငြိမ့်ညောင်း ဝေဝေစည်"ေ နာက်ပိုင်းကျတော့ လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲတွေကို မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်သာ ကျင်းပကြတော့သည်။ ရုပ်ရှင်သုံးကားပေါင်း မိုးအလင်းပြသည်။ အားကစားပြိုင်ပွဲတွေလုပ်သည်။ ဘော်လီဘောပိုက်ကျော်ခြင်း၊ အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ သံပုံးရိုက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲစသည်ဖြင့်။ တချို့ရပ်ကွက်တွေက စတိတ်ရှိုး စင်တင်ဂီတပွဲတွေနှင့်ဖျော်ဖြေသည်။ အရပ် တီးဝိုင်းတွေ၊ အဆိုဝါသနာရှင်တွေ အစွမ်းပြခွင့်ရကြရသည်။ တချို့နေရာတွေမှာတော့ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စာပေဟောပြောပွဲတွေ ကျင်းပကြသည်။ စာရေးဆရာတွေကလည်း လွတ်လပ်ရေးအကြောင်း ငါးမိနစ်လောက်ပြောပြီးနောက် သူတို့ရေးသည့် ဝတ္တုတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ ဘယ်လောက်ကောင်းကြောင်း တစ်နာရီလောက်ပြောသည်။ ရယ်စရာတွေလည်းပါသည်။ သီချင်းလည်း ဆိုပြသည်။ ရသစုံလင်သဖြင့် ပရိသတ်တွေ ပျော်ကြလေသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားကို ၁၉၄၈၊ ဇန်နဝါရီ ၄ရက်၊ နံနက် ၄နာရီ မိနစ်၂ဝတွင် ကျင်းပသည်။ ဇန်နဝါရီလဆန်းဆိုတာ ဆောင်းရာသီ၏အအေးဆုံးကာလ။ နံနက် ၄ နာရီ ဆိုတာကလည်း အချမ်းစိတ်အပြင်းဆုံးအချိန်။ "ဒီလောက်တောင်လွတ်လပ်ရေး လိုချင်လှတဲ့မြန်မာတွေ၊ နှစ်စဉ်နှစ်တိုင်း အိပ်ရေးပျက်ခံကြရပါစေ၊ မနက်စောစောစီးစီး ခိုက်ခိုက်တုန်ရင်း အလံတင်ကြရပါစေ"ဆိုပြီး အင်္ဂလိပ်တွေက တမင်ပညာပြပြီး ညစ်သွားကြတာများလားလို့ ထင်ခဲ့မိသေးသည်။ နောက်တော့မှ ဒီနေ့ဒီရက် ဒီအချိန်ကို မြန်မာပညာရှိကြီးတွေကိုယ်တိုင် ဗေဒင်ကိန်းခန်းအရ မင်္ဂလာအခါတော် ယူပြီး သတ်မှတ်ခဲ့ကြတာဟု သိရ၏။ ထို့နေ့တွင် မြန်မာတစ်နိုင်ငံလုံး အပျော်ကြီးပျော်ကြသည်။ တစ်ညလုံး မအိပ်ဘဲ စောင့်နေခဲ့ကြသည်။ "လွတ်လပ်ပြီ၊ လွတ်လပ်ပြီ၊ တို့ တစ်တွေလွတ်လပ်ပြီ။ အောင် သပြေကိုဆွတ်ကာတည်၊ ငါတို့ကိုင် ဆောင်မည်" ဆိုသော သီချင်းသံများ တညံညံနှင့်ပေါ့။ အိုးစည်ဗုံမောင်းတွေနှင့် ကခုန်မြူးထူးနေကြလေသည်။ ထိုအချိန်မှာ မပျော်နိုင်တဲ့လူဆိုလို့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ်တစ်ယောက်ပဲ ရှိမည်ထင်၏၊ နှစ်တစ်ရာကျော်ကြာအောင် မြန်မာ့မြေပေါ် မှာ တလူလူလွှင့်နေခဲ့သော ယူနီယံဂျက်အလံကြီးကိုဖြုတ်ချလိုက်ရပြီ။ သူသည် အခမ်းအနားပြီးပြီးချင်းမှာပဲ ထိုအလံကြီးကိုပိုက်ပြီး အင်္ဂလန်သို့ထွက်ခွာမည့် သင်္ဘောရှိရာ ဆိပ်ကမ်းသို့ တစ်ခါတည်း တန်းဆင်းသွားခဲ့ရရှာသည်ဟု ကြားဖူး၏။ သင်္ဘောကြီးထွက်ခွာသွားသောအခါ သူသည် ရန်ကုန်မြို့ကြီးကို လှည့်မကြည့်ဘဲနေနိုင်မှာ မဟုတ်။ ဟိုးက နှင်းမှုန်တွေကြားထဲမှာ ရွှေတိဂုံစေတီတော်က ရွှေတောင်ကြီး မိုးသို့စွင့်နေသယောင်။ ထိုရှုခင်းကို ငေးမျှော်ကြည့်ရင်း သူ့စိတ်ထဲမှာ ဘယ်လိုခံစားရလေမလဲ။ သယံဇာတပေါ ကြွယ်ဝလှသောရတနာရွှေမြေကို နှမြောတသနေမလား။ မမြဲသောသင်္ခါရ သဘောကို တွေးတောဆင်ခြင်ရင်း သံဝေဂတွေရနေမလား။ ဗြိတိသျှအင်ပါယာကြီးနေဝင်စပြုပြီဆိုပြီး ဝမ်းနည်းစိတ်ဖြင့် မျက်ရည်များတောင် လည်နေရှာမလားဟု မြန်မာပီပီ ခွင့်လွှတ်စိတ်ဖြင့် သနားလိုက်မိပါသေးသည်။ ဒီနှစ်လွတ်လပ်ရေးနေ့မှာလည်း အစဉ်အလာမပျက် ပျော်ပွဲရွှင်ပွဲတွေကျင်းပကြသည်။ အရင်နှစ်တွေကထက်တောင် နည်းနည်းပိုပျော်ကြသလားဟု ထင်ရ၏၊၊ ကျွန်တော်လည်း အနီးအနားတစ်ဝိုက်က အားကစားပြိုင်ပွဲတွေလျှောက်ကြည့်ရင်းက တစ်ခုသွားစဉ်းစားမိသည်။ တချို့ကစားနည်းတွေက တခြားအချိန်တွေမှာ သိပ်တွေ့ရလေ့မရှိဘဲ လွတ်လပ်ရေးနေ့ကျမှ ဘာကြောင့်ပြိုင်ကြရတာလဲ။ မုန့်စားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ မျက်စိကိုအဝတ်စည်းပြီး သံပုံးရိုက်တဲ့ပွဲ၊ ချောတိုင်တက်ပွဲ၊ ဒါတွေက လွတ်လပ်ရေးနေ့မှာမပါလို့မဖြစ်။ လွတ်လပ်ရေးအထိမ်းအမှတ်တစ်ခုလို ယှဉ်တွဲပါလာခဲ့လေသလားတောင်ထင်ရသည်။ထိုအချက်ကိုက မြန်မာလူမျိုးတို့၏စရိုက်သဘာဝကို နိမိတ်ပုံတစ်ခုလို ထင်ဟပ်ပြနေသလား။ လွတ်လပ်ရေးရခဲ့တာ ၆၄နှစ်ကျော်လာခဲ့ပြီ။ ခုချိန်ထိအောင် ကျွန်တော်တို့သည် အစားပြိုင်နေကြတုန်း။ တစ်ယောက်နှင့်တစ်ယောက် အောက်ပြုတ်ကျအောင် အသေအလဲ ဆော်နေကြတုန်း၊ အပြစ်မရှိတဲ့သံပုံးကို မမြင်မစမ်းနဲ့လိုက်ရှာ ရိုက်နေကြတုန်း၊ တိုင်ထိပ်က မဖြစ်စလောက် ဆုကြေးငွေလေးကို မက်မောပြီးအချင်းချင်း ခွနင်းကျော်တက်လုယက်နေကြတုန်း။ ငယ်ငယ်တုန်းက ဗိုလ်ရှုသဘင်သီချင်းအလိုက် အတိုင်း ဖျက်ပြီးနောက်ပြောင်သီဆိုခဲ့ကြသော စာသားလေးတစ်ပိုင်းတစ်စကို သွားသတိရမိ၏။ "မစံအေး ဈေးသုံးမပျက်ပါ ဒို့မှာတော့ပေါင်လို့ကုန်ပါပြီ။"

--------------------
 **မင်းလူ**
(၁၃-၁-၂ဝ၁၂)
 ပေါ်ပြူလာဂျာနယ် --

 Posted By Blogger လူဗိုလ်

-လွတ်လပ်ခြင်း အက်ဆေး-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)