ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, January 5, 2013

> -လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ မဆို၊ မရ ရအောင်ယူမယ့် ဗိုလ်ချုပ်အောင်ဆန်း၏ ဥပမာပေးပုံ-

(သခင် တင်မောင်-ကျုံမငေး ၊ ၄.၁.၁၉၆၃ နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဤကဲသို့ရေးသားခဲ့ပါသည်...)
၁၉၄၀ ခုနှစ် ဇန်နာဝါရီလတွင် တို့ဗမာအစည်းအရုံးကြီး၏ အမှုဆောင်အစည်းအဝေးကို မန္တလေးမြို့၌ ကျင်းပလေသည်..။ တို့ဗမာအစည်းအရုံးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး လိုသည့် အတွက် ဗြိတိသျှလေဘာတီခေါင်းဆောင်တစ်ဦး ဖြစ်သူ 'ဆာစတက်ဖို့ကရစ်ပ်' သည် မန္တလေးမြို့သို့လိုက်လာခဲ့လေသည်..။ မန္တလေးတွင် ထိုလေဘာတီခေါင်းဆောင်ကြီးနှင့် တို့ဗမာအစည်းအရုံးအမှုဆောင်များ တွေ့ဆုံကြပုံမှာ ကျနော့်တစ်သက်တွင် မမေ့နိုင်အောင်ရှိတော့သည်...။ ဆွေးနွေးပွဲကို သခင်အောင်ဆန်း ၊ သခင်သန်းထွန်း ၊ သခင်စိုး၊ သခင်လေးမောင် တို့အားဆွေးနွေးရန် သတ်မှတ်ထားကြပါသည်..။ ကရစ်ပ် က 'ဗမာပြည် ကို မလာခင်တုန်းက တို့ဗမာအစည်းအရုံး နဲ့ခေါင်းဆောင်တွေရဲ့ အကြောင်းကို ကျနော်နားလည်တာနဲ့၊ ဒါတွေဟာ ဗမာပြည်မြေပေါ်ရောက်လို့ တစ်ညလဲ အိပ်မိရော ကျနော်သိထားတာတွေ အားလုံး အမြီးနဲ့ခေါင်း လွဲနေတာတွေ့ရပါတယ်..' ဟုပြောရင်း ဟားတိုက်ရယ်လိုက်ပါသည်..။ 'ကျနော်သိခဲ့တာက ခင်ဗျားတို့ အစည်းအရုံးဟာ လူရမ်းကားလေးတွေ..၊ ဆင်ခြင်တုံတရားကင်းမဲ့သူတွေ..၊ သူပုန်ထဖို့သွေးဆူနေတဲ့သူ ကလေးတွေ..၊ ပညာမဲ့ အလုပ်လက်မဲ့ ကလေးတွေ စုပေါင်းပါဝင်တဲ့ အစည်းအရုံးကြီးပဲလို့ နားလည်လာခဲ့ပါတယ်..။ အခုမှ ဒီလိုမဟုတ်မှန်းသိပါတော့တယ်...'။ သခင်အောင်ဆန်းက ရယ်လျက် "ဒါဟာ ဓမ္မတာပါဘဲ..၊ အုပ်စိုးသူ ဆိုတာဟာ အုပ်စိုးခံရသူများအပေါ်မှာ ဒီလိုပဲ သဘောထားတတ်ပါတယ်..။ အထူးသဖြင့် ကျနော်တို့က အတိုက်အခံလုပ်နေတော့ ဒီလိုပဲ သတင်းပေးကြမှာပဲ..။ တစ်ခုပဲပြောချင်တာက ဗမာပြည်မှာရှိတဲ့ လူငယ်တိုင်းဟာ ဒီလိုပဲ ပညာမဲ့ အလုပ်လက်မဲ့ လူပေ လူတေ ကလေးတွေချည်း ဖြစ်နေတယ်ဆိုရင်လည်း ဘယ်သူ့အပြစ်လဲ...။ ဗြိတိသျှ အုပ်စိုးခြင်း အောက်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်ရပ်တစ်ခုအနေနဲ့ ဗြိတိသျှလူမျိုးတွေပဲ အရှက်ရစရာ ကောင်းနေမှာပေါ့..." ကရစ်ပ်။ ။ "ကျနော်တစ်ခုမေးပါရစေ...၊ စပ်စုတယ်လို့လဲမထင်ပါနဲ့..။ ရင်းရင်းနှီးနှီး သဘောထားလို့မေးရဲတာပါ..။ ခင်ဗျားတို့က အခု အင်္ဂလိပ် လက်အောက်ခံဘ၀က လွတ်မြောက်ဖို့ကြိုးပမ်းနေကြတယ်..။ လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ ရအောင်လုပ်ကြမှာလဲ.." သခင်အောင်ဆန်း ။ ။ "နည်းကတော့ ကျနော်တို့ တရားတယ်ထင်တဲ့ နည်းနဲ့ရအောင်ယူရမှာပဲ..." ကရစ်ပ်။ ။ "မစ္စတာအောင်ဆန်း ပြောတာ ကျနော်နားမလည်သေးပါဘူး..။ ထပ်ရှင်းစမ်းပါအုံး.."

သခင်အောင်ဆန်း ။ ။ "ရှင်းပါတယ်..၊ တရားတယ်ထင်တဲ့နည်း ဆိုတာဟာ ရရာနည်းနဲ့ လုပ်ရမယ် လို့ဆိုတာပဲ..။ ဥပမာဗျာ.. ခင်ဗျား အိပ်ထဲမှာထည့်ထားတဲ့ ဖောင်တိန်က ကျနော် ပိုင်တဲ့ဖောင်တိန် ဆိုပါတော့..။ ခင်ဗျားက ကျနော့်ဆီက အနိုင်ကျင့်ပြီး လုယူထားတယ်ဆိုပါတော့...။ ဒီတော့ ကျနော်က ခင်ဗျားကိုတောင်းပန်ပြီး ပြန်ပေးပါ လို့ ချော့တောင်းမယ်..။ မရရင် နောက်တစ်နည်း နဲ့ တောင်းမယ်..။ အဲ့ဒီလိုမရတဲ့အဆုံးကျတော့ မပေးဘူးလား..ပေးမလား ဆိုပြီး ခြိမ်းခြောက်တောင်းမယ်..။ ဒါနဲ့မှမရရင် ဟောဒီလို အတင်းလုယူမယ်..." သခင်အောင်ဆန်းသည် ပြောပြောဆိုဆို ဆာစတက်ဖို့ကရစ်ပ် ၏ အိပ်ကပ်ထဲက ဖောင်တိန်ကို ဆွဲယူလိုက်ရာ ကရစ်ပ်၏ ကုတ်အင်္ကျီအိပ်ကြီးပါ ပြဲ၍ပါလာတော့သည်..။ သခင်အောင်ဆန်းမှာ ဧည့်သည်တစ်ယောက်၏ အင်္ကျီ ပြဲသည်ကိုပင် အားမနာတတ်..၊ အလိုက်မသိတတ်ပဲ ဆက်၍ပြောလိုက်သေးသည်...။ "ကဲ..အဲ့ဒီနည်းဟာ ကျနော်တရားတယ်ထင်တဲ့ နည်းပဲ..။ ကျနော့်ဖောင်တိန်ပြန်ရတာ လိုရင်းပဲ...." ကရစ်ပ်မှာ ဘာမျှမပြောနိုင်..၊ အားရပါးရ ဟားတိုက်၍ရယ်မောနေရှာတော့၏..။ သခင်အောင်ဆန်းက ဆက်ပြီး... "ကဲ..အခုလိုနည်းနဲ့ လုပ်ယူတော့ ကောင်းသေးရဲ့လား..။ ကျနော့်မှာတော့ ကျနော့်ဖောင်တိန်ပြန်ရ ပါလေရဲ့..။ ခင်ဗျားမှာတော့ အင်္ကျီအိပ် အပြဲခံရတာသာ အဖတ် တင်တာပေါ့..။ စောစော ကသာ ပြန်ပေးလိုက်ရင် အင်္ကျီလည်းမပြဲဘူး..။ ကျနော့်လက်တောင် တော်တော် နာသွားတယ်...။ ခု ကျနော်ပြောနေတာတွေဟာ အပိုပြောတာလဲ မပါဘူး..။ ခြိမ်းခြောက်နေတာလဲမဟုတ်ဘူး..။ တကယ်ဖြစ်လာနိုင်တဲ့ သဘောကိုပြောပြနေတာပဲ.." ကရစ်ပ်မှာ ဘာမှမပြောနိုင်..။ အူတက်မတတ်ဖြစ်နေရှာသည်..။ နောက်အတန်ကြာမှ..."အို.. ချစ်စရာကောင်းတဲ့ အောင်ဆန်း..၊ ချစ်စရာကောင်းတဲ့ အောင်ဆန်း..." ဟူ၍သာ ထပ်ကာ ထပ်ကာရေရွတ်နေရှာ ပါတော့သည်...။ ကျနော်တို့တစ်တွေမှာ ဧည့်သည်များကိုလဲ အားနာ..၊ မရယ်ပဲလဲ မနေနိုင်ဖြစ်ကာ မျက်နှာအထားရ ခက်နေကြရတော့၏...။ သခင်အောင်ဆန်း ရိုင်းခြင်း..၊ ကြမ်းခြင်း(၀ါ) လောက၀တ်ကို ဂရုမစိုက်ခြင်း တို့သည် သူတစ်ပါး အပေါ်တွင် စော်ကားမော်ကားပြုလိုသောကြောင့်မဟုတ်...။ နိုင်ငံရေးကိုသာ အမြဲစဉ်းစားနေသောကြောင့်ဖြစ်သည်ဟု ယူဆချင်ပါသည်..။ အမှန်မှာ သခင်အောင်ဆန်းသည် အလွန်ကိုယ်ချင်းစာတရားရှိသူဖြစ်ပါသည်..။ ကိုယ်ချင်းစာတရားမရှိသော တကိုယ်ကောင်း ဆန်သော သူများကို အလွန်စက်ဆုပ်သူဖြစ်ပါသည်..။ သခင်အောင်ဆန်း မည်မျှရဲဘော်စိတ် ရှိသည်ကို သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်များ အားလုံးသိပါသည်..။ အချို့သောခေါင်းဆောင်များ ကဲ့သို့ ဆွေမျိုးသားချင်းအပေါ်တွင် ၀ံသာ မနုဘဲ...၊ သူ၏ရဲဘော်များကိုသာ ဦးစားပေးလေ့ရှိကြောင်းကို သူ၏နောက်ပိုင်းလုပ်ရပ်များက သက်သေခံပါသည်...။ အောင်သန်း ၏ အောင်ဆန်း စာအုပ်မှ ထုတ်နုတ်၍ ၄.၁.၂၀၁၃ နေ့တွင်ကျရောက်သော လွတ်လပ်ရေးနေ့ မှ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစာစွာဦးညွှတ် အလေးပြု လိုက်ပါသည်...။

 ကိုနေမျိုး (ချယ်ရီမြေ) ဖေ့ဘုတ် မှ ကူးယူဖော်ပြပါသည်။ 

by တို့ဗမာအစည်းအရုံး -- 

Posted By Blogger လူဗိုလ်

-လွတ်လပ်ရေးကို ဘယ်လိုနည်းနဲ့ မဆို၊ မရ ရအောင်ယူမယ့် ဗိုလ်ချုပ်အောင်ဆန်း၏ ဥပမာပေးပုံ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)