၂၀၁၃ အားလုံးပေါင်းရင် ၆ ဗီးနပ်စ် နတ်သမီး
စိုးမိုးတဲ့ ကိန်းပါ.... ၂၀၁၃ ခုနှစ်ဟာ ၁၃ ဂဏန်းနဲ့ ဆုံးတဲ့အတွက် "၁၃" ဂဏန်းသည် အနောက်တိုင်းတွင် နိမိတ်မကောင်းသော ဂဏန်းအဖြစ် မှတ်ယူထားကြသည်။ အရှေ့ တိုင်းတွင်လည်း "၁၃" ဂဏန်းသည် လာဘ်ကောင်းလေ့မရှိ။ လေယာဉ်ပျံများတွင်
"၁၃" နံပါတ် ထိုင်ခုံမပါ။ ဟိုတယ်အတော်များများ၌ "၁၃" နံပါတ် အခန်းမရှိ..... ဆိုတာလေး တွေ့လို့ပါ..
.... ၁၃ ဂဏန်းကို လေယာဉ်ပျံထိုင်ခုံတွေမှာ ထားလေ့မရှိဆိုပေမယ့် လေယာဉ်ပျံတိုင်းမှာ ၁၃ ယောက်မြောက် ခရီးသည်တော့ ရှိသလို ၁၃ ယောက်မြောက် တည်းခိုတဲ့ဧည့်သည်လည်း ဟော်တယ်တွေမှာ ရှိတာပါပဲ... ဥပဒါန်ကြောင့် ဥပါဒ်ရောက်မှာ စိုးပါတယ်..... ဗိုလ်ချုပ်အောင်ဆန်းကို မွေးခဲ့တာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖြစ်ပါတယ်.... ၁၃ ဂဏန်းဟာ နိမိတ်မကောင်းဘူးဆိုရင် ၁၃ ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ယောက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့တာ မမေ့ဖို့ လိုအပ်ပါတယ်.... ၁၃ ဂဏန်းနဲ့ ပါတ်သက်လို့ ဗိုလ်ချုပ်ရဲ့ အမြင်ကို သူကိုယ်တိုင်ရေးခဲ့တဲ့ အတ္ထုပတ္တိမှာ ဒီလိုရေးခဲ့ပါတယ်..... လူတိုင်းလိုလိုပင် ဂဏန်း ၁၃ ကို အထူးတလည် ကြောက်ရွံ့ကြလေသည်.... အမှန်စင်စစ်ကိုသာ သိကြလျင်မူ ဂဏန်း ၁၃ သည် သူတို့ထင်သလောက် နိမိတ်မကောင်းသည့် ဂဏန်းမဟုတ်ချေ..... ဂဏန်း ၁၃ နှင့် သက်ဆိုင်သော အရုပ်ကားကို အမျိုးမျိုး အဖုံဖုံ ရေးကြဆွဲကြသော်လည်း အမြဲတစေ သဘောတစ်ခုထဲပင် ဆောင်လေသည်..... ထိုပုံတွင် လယ်ထဲ၌ အရိုးစုတစ်ခုသည် ကောက်ရိတ်လျက်၊ ၎င်း၏ခြေနှင့်လက်များသည် အသစ်ပေါက်သော မြက်တောထဲမှ ထိုးထောင်နေ၏..... သရဖူဆောင်းထားသည့် ယောက်ျားဦးခေါင်းတစ်လုံးသည် ဆံပင်ကို ခေါင်းအလယ်တည့်တည့်တွင်ခွဲကာ ဖားလျားချပြီး နောက်ပိုင်းနားတွင် ပေါ်ထွက်နေသည်..... ဤမျှ ထူးဆန်းထွေလာ အတိတ်ပြ၊ နိမိတ်ပြ အဓိပ္ပါယ် နက်နဲလှသောအရုပ်ကား၏ အမှန်သဘောကို လှန်လှော၍ သိရှိနားလည်ရန် ဂဏန်း ၁၃ မှ ၁ နှင့် ၃ နှစ်ခုပေါင်းရသော ၄ ဂဏန်းတစ်ခုတည်း၏ အဓိပ္ပါယ်ကို ပြန်ပြောင်းစိစစ်ရပေမည်..... ၄ ဂဏန်းတစ်လုံးသည် သူကိုယ်တိုင်ကပင် ထူးဆန်းသော ဂဏန်းတစ်လုံးဖြစ်သည်။ ဤဂဏန်းစီးနင်းခြင်း ခံရသူလူများသည် အထင်လွဲ အမြင်လွဲ ခံရတတ်၏.... အဖော်မပါပဲ တစ်ကိုယ်တည်းသာ နေရတတ်၏.... မိမိတိုကအား အမြဲတစေ တိတ်တဆိတ်ကြိတ်၍ ကြံစည်သော ရန်သူများနှင့် အတိုက်အခံပြုရတတ်၏...... ရပ်ရွာကိစ္စ၊ အစိုးရကိစ္စတို့တွင် ထုံးတမ်းစဉ်လာကို မှတ်၍ ခေတ်ပြောင်းတော်လှန်တတ်ကြသည်...... ၄ ဂဏန်းစီနင်းထားသူတို့သည် အမျိုးစုံသော လူမှုရေးပြဿနာများ၊ ခေတ်ပြောင်းပြုပြင်ရေးကိစ္စများကို ဆောင်ကြဉ်းရန် ၀ါသနာပါကြသည်..... သူတို့သည် အထက်အာဏာပိုင်များကို ပုန်ကန်ခြားနား၍ သမ္မတနိုင်ငံတော်သစ်ကိုလည်းကောင်း၊ ထီးသစ် နန်းသစ်များကိုလည်းကောင်း တည်ထောက်စိုက်ထူတတ်လေသည်..... ၁၃ ဂဏန်းသည် ဤအထက်တန်းကျသော ဂုဏ်ပုဒ်တို့နှင့် အားလုံးပြည့်စုံသည်သာမက ပို၍ပင် နက်နဲထက်မြက်ပေ၏..... အထက်ပါကိုင်ရို၏ ဟောစာတမ်းသည် ကျွန်ုပ်အတွက်မူ ယခုထိ တစ်စိတ်တစ်ဒေသ မှန်သင့်သလောက် မှန်ခဲ့ချေပီ..... ဗေဒင်ပညာ၌ ဤသို့သော မှန်နိုင်သည့် သတ္တိတစ်ခုခုရှိဟန်တူလေသည်... သို့ရာတွင် ထိုဗေဒင်၏ သဘာဝကို လုံးဝနားလည်ကာ စနစ်တကျ လောကဓါတ်ပညာတစ်ရပ်ဖြစ်အောင်စုရေးကာ ထိုပညာတွင် ပါရှိသည့် မှန်ကန်အောင် အဟောထုတ်နိုင်ခြင်းဆိုင်ရာ အဓိကဖြစ်သော အခြေခံအကြောင်းတရားကို ဗေဒင်ပညာလိုက်စားသူတို့ ရှာဖွေတွေ့ရှိလာသော အချိန်အခါထိ စောင့်ဆိုင်းနေကြရပေသည်..... လို့ ဗေဒင်ပညာနဲ့ ၁၃ ဂဏန်း၊ ၄ ဂဏန်းကို ဗိုလ်ချုပ်ရဲ့ လေ့လာမှုနဲ့ ထင်မြင်ယူဆချက်တွေပါ...... ဒီအတွက် မလိုအပ်တာကို တွေးပီး စိတ်ပူနေမယ့်အစား၊ မိမိ လုပ်သင့်တာကို အကောင်းဆုံး လုပ်ဆောင်သွားကြရင်း အပြန်အလှန် ကိုယ်ချင်းစာစိတ်လေးများနဲ့ မိမိတာဝန်သိသိ နေ့တဓူဝ လုပ်ဆောင်သွားကြရင်ဖြင့် လှပတဲ့ အနာဂါတ်တွေ ပိုင်ဆိုင်မှာပါလို့ပဲ ဆိုပါရစေ..... ၂၀၁၃ ခုနှစ်ဟာ ၁၃ ဂဏန်းနဲ့ ဆုံးတဲ့အတွက် "၁၃" ဂဏန်းသည် အနောက်တိုင်းတွင် နိမိတ်မကောင်းသော ဂဏန်းအဖြစ် မှတ်ယူထားကြသည်။ အရှေ့ တိုင်းတွင်လည်း "၁၃" ဂဏန်းသည် လာဘ်ကောင်းလေ့မရှိ။ လေယာဉ်ပျံများတွင် "၁၃" နံပါတ် ထိုင်ခုံမပါ။ ဟိုတယ်အတော်များများ၌ "၁၃" နံပါတ် အခန်းမရှိ..... ဆိုတာလေး တွေ့လို့ပါ...... ၁၃ ဂဏန်းကို လေယာဉ်ပျံထိုင်ခုံတွေမှာ ထားလေ့မရှိဆိုပေမယ့် လေယာဉ်ပျံတိုင်းမှာ ၁၃ ယောက်မြောက် ခရီးသည်တော့ ရှိသလို ၁၃ ယောက်မြောက် တည်းခိုတဲ့ဧည့်သည်လည်း ဟော်တယ်တွေမှာ ရှိတာပါပဲ... ဥပဒါန်ကြောင့် ဥပါဒ်ရောက်မှာ စိုးပါတယ်.....
ဗိုလ်ချုပ်အောင်ဆန်းကို မွေးခဲ့တာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖြစ်ပါတယ်.... ၁၃ ဂဏန်းဟာ နိမိတ်မကောင်းဘူးဆိုရင် ၁၃ ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ယောက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့တာ မမေ့ဖို့ လိုအပ်ပါတယ်.... ၁၃ ဂဏန်းနဲ့ ပါတ်သက်လို့ ဗိုလ်ချုပ်ရဲ့ အမြင်ကို သူကိုယ်တိုင်ရေးခဲ့တဲ့ အတ္ထုပတ္တိမှာ ဒီလိုရေးခဲ့ပါတယ်..... လူတိုင်းလိုလိုပင် ဂဏန်း ၁၃ ကို အထူးတလည် ကြောက်ရွံ့ကြလေသည်.... အမှန်စင်စစ်ကိုသာ သိကြလျင်မူ ဂဏန်း ၁၃ သည် သူတို့ထင်သလောက် နိမိတ်မကောင်းသည့် ဂဏန်းမဟုတ်ချေ..... ဂဏန်း ၁၃ နှင့် သက်ဆိုင်သော အရုပ်ကားကို အမျိုးမျိုး အဖုံဖုံ ရေးကြဆွဲကြသော်လည်း အမြဲတစေ သဘောတစ်ခုထဲပင် ဆောင်လေသည်..... ထိုပုံတွင် လယ်ထဲ၌ အရိုးစုတစ်ခုသည် ကောက်ရိတ်လျက်၊ ၎င်း၏ခြေနှင့်လက်များသည် အသစ်ပေါက်သော မြက်တောထဲမှ ထိုးထောင်နေ၏..... သရဖူဆောင်းထားသည့် ယောက်ျားဦးခေါင်းတစ်လုံးသည် ဆံပင်ကို ခေါင်းအလယ်တည့်တည့်တွင်ခွဲကာ ဖားလျားချပြီး နောက်ပိုင်းနားတွင် ပေါ်ထွက်နေသည်..... ဤမျှ ထူးဆန်းထွေလာ အတိတ်ပြ၊ နိမိတ်ပြ အဓိပ္ပါယ် နက်နဲလှသောအရုပ်ကား၏ အမှန်သဘောကို လှန်လှော၍ သိရှိနားလည်ရန် ဂဏန်း ၁၃ မှ ၁ နှင့် ၃ နှစ်ခုပေါင်းရသော ၄ ဂဏန်းတစ်ခုတည်း၏ အဓိပ္ပါယ်ကို ပြန်ပြောင်းစိစစ်ရပေမည်..... ၄ ဂဏန်းတစ်လုံးသည် သူကိုယ်တိုင်ကပင် ထူးဆန်းသော ဂဏန်းတစ်လုံးဖြစ်သည်။ ဤဂဏန်းစီးနင်းခြင်း ခံရသူလူများသည် အထင်လွဲ အမြင်လွဲ ခံရတတ်၏.... အဖော်မပါပဲ တစ်ကိုယ်တည်းသာ နေရတတ်၏.... မိမိတိုကအား အမြဲတစေ တိတ်တဆိတ်ကြိတ်၍ ကြံစည်သော ရန်သူများနှင့် အတိုက်အခံပြုရတတ်၏...... ရပ်ရွာကိစ္စ၊ အစိုးရကိစ္စတို့တွင် ထုံးတမ်းစဉ်လာကို မှတ်၍ ခေတ်ပြောင်းတော်လှန်တတ်ကြသည်...... ၄ ဂဏန်းစီနင်းထားသူတို့သည် အမျိုးစုံသော လူမှုရေးပြဿနာများ၊ ခေတ်ပြောင်းပြုပြင်ရေးကိစ္စများကို ဆောင်ကြဉ်းရန် ၀ါသနာပါကြသည်..... သူတို့သည် အထက်အာဏာပိုင်များကို ပုန်ကန်ခြားနား၍ သမ္မတနိုင်ငံတော်သစ်ကိုလည်းကောင်း၊ ထီးသစ် နန်းသစ်များကိုလည်းကောင်း တည်ထောက်စိုက်ထူတတ်လေသည်..... ၁၃ ဂဏန်းသည် ဤအထက်တန်းကျသော ဂုဏ်ပုဒ်တို့နှင့် အားလုံးပြည့်စုံသည်သာမက ပို၍ပင် နက်နဲထက်မြက်ပေ၏..... အထက်ပါကိုင်ရို၏ ဟောစာတမ်းသည် ကျွန်ုပ်အတွက်မူ ယခုထိ တစ်စိတ်တစ်ဒေသ မှန်သင့်သလောက် မှန်ခဲ့ချေပီ..... ဗေဒင်ပညာ၌ ဤသို့သော မှန်နိုင်သည့် သတ္တိတစ်ခုခုရှိဟန်တူလေသည်... သို့ရာတွင် ထိုဗေဒင်၏ သဘာဝကို လုံးဝနားလည်ကာ စနစ်တကျ လောကဓါတ်ပညာတစ်ရပ်ဖြစ်အောင်စုရေးကာ ထိုပညာတွင် ပါရှိသည့် မှန်ကန်အောင် အဟောထုတ်နိုင်ခြင်းဆိုင်ရာ အဓိကဖြစ်သော အခြေခံအကြောင်းတရားကို ဗေဒင်ပညာလိုက်စားသူတို့ ရှာဖွေတွေ့ရှိလာသော အချိန်အခါထိ စောင့်ဆိုင်းနေကြရပေသည်..... လို့ ဗေဒင်ပညာနဲ့ ၁၃ ဂဏန်း၊ ၄ ဂဏန်းကို ဗိုလ်ချုပ်ရဲ့ လေ့လာမှုနဲ့ ထင်မြင်ယူဆချက်တွေပါ...... ဒီအတွက် မလိုအပ်တာကို တွေးပီး စိတ်ပူနေမယ့်အစား၊ မိမိ လုပ်သင့်တာကို အကောင်းဆုံး လုပ်ဆောင်သွားကြရင်း အပြန်အလှန် ကိုယ်ချင်းစာစိတ်လေးများနဲ့ မိမိတာဝန်သိသိ နေ့တဓူဝ လုပ်ဆောင်သွားကြရင်ဖြင့် လှပတဲ့ အနာဂါတ်တွေ ပိုင်ဆိုင်မှာပါလို့ပဲ ဆိုပါရစေ.....
Seaman Nayminthu --
Posted By Blogger လူဗိုလ်
-"၁၃" ဂဏန်း-

No comments:
Post a Comment