ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, January 1, 2013

> -အကျော်အမော် နည်းပြဆရာ-
၂ရ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီးကို ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင် ကျင်းပနေပြီ။ ဇာတ်လိုက်ကျော် မမဝသုန်လည်း နိုင်ငံ့ဂုဏ် ဆောင်နိုင်ရန်အလို့ငှာ ပြိုင်ပွဲဝင်ရန် ဆီးဂိမ်း အမီ ပြန်လာခဲ့သည်။ ရေကူး အကျော်အမော်များ ထွက်ရှိရာ ကျွန်းနိုင်ငံကြီးတွင် နှစ်အတန်ကြာ နေခဲ့သောကြောင့် ဝင်ရောက်ယှဉ်ပြိုင်သင့်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်သည်။ ထို့ကြောင့် ၂၀၁၃ မတိုင်ခင် တစ်နှစ်တွင် ရေကူးသင်ရန် စိတ်ကူးရမိသည်။ ထို့ကြောင့် သင်တန်းများကို စုံစမ်းရာတွင် ကလေးများအတွက်သာ ရှိနေသည်ကို တွေ့ရ၍ အတော်ကြီး စိတ်ညစ်ရ၏။ သို့ရာတွင် ကံသည် ကောင်းသည့်ဘက်တွင် ရှိသောကြောင့် ရေကူးသင်ဆရာမ တစ်ယောက်နှင့် တွေ့သည်။ သူမက နှစ်ယောက်ထဲ သီးသန့် သင်ကြားပေးသောကြောင့် မြုတ်တစ်ချီ၊ နစ်တစ်လှည့်နှင့် အတော်အတန် ကူးတတ်လာခဲ့သည်။ ကိုယ့်ကိုယ်ကိုယ်တော့ ကျွမ်းကျင်အဆင့်ဟု သတ်မှတ်ပလိုက်သည်။ အသက်ကလည်း ကြီးနေပြီ ဖြစ်တာကြောင့် အခြား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မဖြစ်နိုင်သော်လည်း ဆီးဂိမ်းတွင် အထူးအစီအစဉ်အဖြစ်ပါဝင်သော အလွတ်တမ်း နည်းမျိုးစုံ အလှကူး တွင်မူ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ +++++ ပြိုင်ပွဲနေ့ ရောက်ရှိလာပြီ..။ အရှေ့တောင်အာရှမှ အသက်ကြီး အမျိုးသမီး ရေကူးဝါသနာရှင်များသည် ပြိုင်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီ။ တာလွှတ်သည်နှင့် တစ်ပြိုင်နက် ရေကူးမယ်များသည် မြှုံးမှလွတ်သော ငါးများသို့ ကူးခတ်ကြသည်။ မမဝသုန်လည်း လှပစွာ ကူးခတ်သည်။ ပရိတ်သတ်၏ လက်ခုပ်သြဘာသံသည် ဟိန်းဟိန်းမြည်၏။ ပထမတွင် ငါးကဲ့သို့ကူး၏။ ထို့နောက် ဖားကဲ့သို့ ကူး၏။ ထို့နောက်များတွင်မူ ခွေးကဲ့သို့ လည်းကောင်း၊ ကြောင်ကဲ့သို့ လည်းကောင်း၊ လိပ်ပြာကဲ့သို့ လည်းကောင်း၊ ဆင်ကဲ့သို့ လည်းကောင်း။ လိပ်ကဲ့သို့ လည်းကောင်း၊ မျောက်ကဲ့သို့ လည်းကောင်း၊ ဝက်ကဲ့သို့ လည်းကောင်း၊ ကျွဲကဲ့သို့ လည်းကောင်း၊ ကြွက်ကဲ့သို့ လည်းကောင်း၊ လှိမ့်၍လှိမ့်၍ လည်းကောင်း မီတာ ၂၀၀ ကို ၅၂ စက္ကန့်အတွင် နည်းလမ်း အစုံဆုံး၊ အလှပဆုံး ကူး၍ ပန်းဝင်ကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။ အခြားနိုင်ငံများမှ ပြိုင်ပွဲဝင် ရေကူးမယ်များသည် မမဝသုန်ကို အထင်တကြီး နှုတ်ဆက်ကြသည်။ ဤကဲ့သို့ ထူးဆန်းလှသော ရေကူးနည်းများကို မည်သည့် သင်တန်းဆရာထံတွင် နည်းနာသင်ယူသနည်းဟုလည်း မေးမြန်းကြသည်။ သင်တန်း တက်လိုကြောင်းလည်း ပြောကြားကြသည်။ မမဝသုန်၏ နည်းပြကြီး ဒေါ်ဆန်နီသည် မိန့်မိန့်ကြီး ပြုံးကာ ပုတ်သင်ညိုမကြီးကဲ့သို့ ခေါင်းတစ်ညိတ်ညိတ်ဖြင့် ကျေနပ်နေသည်။ သူမ၏တပည့်ဖြစ်သူ ဆုရရှိခြင်းသည် သူမ၏ အောင်မြင်မှုပင် မဟုတ်ပါလော။ မမဝသုန်မှာမူ ဒေါသထွက်မှုများကို မြိုသိပ်လျက် ပြိုင်ဘက်များကို ပြုံပြကာ ယင်း နည်းပြဆရာမကြီးထံသို့ ခြေလှမ်းကြဲကြီးများဖြင့် အလျှင်အမြန်သွားခဲ့သည်။ သို့ရာတွင် အားပေးနှုတ်ဆက်နေသူများကြောင့် သူမထံသို့ တော်တော်နှင့် မရောက်နိုင်ပေ။ ဤသည်ကို အခွင့်ကောင်းယူကာ ဆရာမကြီးသည် ထွက်ပြေးလွတ်မြောက် သွားလေသည်။ သူမသည် သူမ၏ တပည့်အကြောင်းကို ကောင်းကောင်းသိကာ ဆု မရမည်ကို စိုးရိမ်လှသဖြင့် ပြိုင်ပွဲမစခင်အချိန်ကလေးတွင် တပည့်ဖြစ်သူ၏ ရေကူးအင်္ကျီ နောက်ကျောထဲသို့ ကင်းလိပ်ရှော အသေးလေးတစ်ကောင်ကို မည်သူမှ မမြင်ခင် အလျှင်အမြန် ထည့်လိုက်သောကြောင့် ဖြစ်သည်။ ထိုသတ္တဝါသည် လက်ပစ်ကူးသော် ကျောပေါ်တက်၏။ ပက်လက်ကူးသော် ဘေးကိုတိုး၏။ စောင်း၍ကူးသော် ဗိုက်ကိုကိုက်၏။ အကောင်းသေး၍ မနာကျင်ငြား အသည်းယားလှ၏။ ထိုအကောင်ကလေး၏ ကိုက်ခဲခြင်းမှ လွတ်ရန် အလျင်အမြန် ကူးရ၏။ သူသည်လည်း ရေမွန်းခြင်းကို မခံနိုင်သောကြောင့် အသက်ဘေးမှ လွတ်ရာလွတ်ကြောင်း ကြိုးစားပုံရ၏။ ပန်းဝင်သော် နောက်ကျောမှတဆင့် ကုန်းပေါ်သို့ ခုန်တက်ကာ အသက်ဘေးမှ လွတ်လေသည်။

++++ ရွှေတံဆိပ်ကြီး လည်မှာဆွဲ၍ တည်းခိုရာသို့ ပြန်ရောက်သော် အနှီ နည်းပြဆရာမကြီးသည် ထိုင်ခုံတွင် ခန့်ခန့်ကြီး ထိုင်လျက် ဟီး ကနဲ ရယ်ပြပါတော့သည်။

 **မမဝသုန်**

-အကျော်အမော် နည်းပြဆရာ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)