(ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)
၆၅ နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အမှတ်တရ မော်တော်ဆိုင်ကယ်လ်မဲရှင်ဟု တင်စားနိုင် လောက်နိုင်သည့်
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ နေ့သစ်အလယ်တန်းကျောင်း၏ (၇) နှစ်မြောက်ကျောင်းတည်ထောင်ခြင်းနေ့ အထိမ်းအမှတ် ကံစမ်းမဲ ဖွင့်ပွဲမှ ပထမဆုဆိုင်ကယ်လ်ပေါက်မဲအား ယနေ့ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်၊
ဒီဇင်ဘာလ ၃၀ ရက်နေ့မှစပြီး မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ကြီးမှူးပြီး
စက်ရုံအလုပ်သမားများနှင့် အထွေထွေလုပ်သားများကို ရှေ့ဆောင်လမ်းပြကာတည်ထောင်ခဲ့ သည်။
နေ့သစ်အလက ကျောင်းကို မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏
ရှေ့ဆောင်လမ်းပြဖြစ်သောမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက် နေ့၌ ကြီးမှူးတည်ထောင်ခဲ့ပြီး စတင်တည်ထောင်စဉ်ကသောင်ရင်းမြစ်ကမ်းနဖူးဒေသ မယ်တော်ကျေးရွာအုပ်စု၊ လောစုရပ်ကွက်တွင် ကျောင်းသား ၂၅ ဦးဖြင့် မူကြိုအဆင့်၊ ထိုမှ ၂၀၀၆ ခုနှစ်တွင် ကျောင်းသား ၇၀ ခန့်ဖြင့် မူလတန်းကျောင်းအဆင့်၊ ထိုမှ ၂၀၀၈ ခုနှစ်တွင် ကျောင်းသား ၃၀၀ ခန့်ဖြင့် အကြိုအလယ်တန်းကျောင်းအဆင့် ထိုမှ ၂၀၀၉ ခုနှစ်တွင် ကျောင်းသား ၄၀၀ ခန့်ဖြင့် အလယ်တန်းကျောင်းအဆင့်၊ ထိုမှ ၂၀၁၀ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား ဦးရေ ၅၀၀ ကျော်သွားကာ အလှူရှင်အဖွဲ့အစည်း၏ အကန့်အသတ်တစ်ခုကြောင့် ကျောင်းသား ၅၀၀ ခန့်သာ ကျောင်းအပ်လက်ခံခဲ့ရပါသည်။ဤ နေ့သစ်အလက ကျောင်း၏ (၇) နှစ်မြောက် ကျောင်းတည်ထောင်ခြင်းနေ့ အထိမ်းအမှတ်အဖြစ် မဲဆောက် ဖုတ်ဖရ၊ မ ယ်ရမတ်နှင့် တာ့(ခ်) မြို့နယ် (၄) ခုတွင် ၁၀ ဘတ်တန် ကံစမ်းမဲများကို လွန်ခဲ့သော ၂ လခွဲခန့်မှ စတင်ဖြန့်ဝေခဲ့ပြီုး၂၀၁၂ ခုနှစ်ဒီဇင်ဘာလ ၃၀ ရက်နေ့က ကံစမ်းမဲဖွင့်မဲကို စည်ကားသိုက်မြိုင်စွာ ကျင်းပခဲ့သည်။
(၂၀၁၂ မော်ဒယ် မော်တော်ဆိုင်ကယ် ပထမ ပေါက်မဲဆုရှင်နှင့် မိသားစုအား JACBA အမှုဆောင်များနှင့် ပျော်ပျော်ရွှင်ရွှင်တွေ့ရစဉ်)
(၂၁ လက်မ TV စတုတ္ထ ပေါက်မဲဆုရှင်အား ဆုချီးမြှင့်နေစဉ်)
(မ ယ်ရမတ်မြို့နယ်မှအခြားပေါက်မဲဆုရှင်အား လက်ကိုင်ဖုန်းနှင့်အတူ တွေ့ရစဉ်)
(ဖုတ်ဖရမြို့နယ်မှအခြားပေါက်မဲဆုရှင်)
(ဖုတ်ဖရမြို့နယ်မှအခြားပေါက်မဲဆုရှင်)
(အခြားပေါက်မဲဆုရှင်အား လက်ကိုင်ဖုန်းနှင့်အတူ တွေ့ရစဉ်)
-မဲဆောက် မြို့ နေ့သစ်အလကကျောင်း ကံစမ်းမဲဖွင့်ပွဲ ပထမဆုဆိုင်ကယ်လ်ပေါက်မဲနှင့် ဆုမဲရှင်များအား ကွင်းဆင်းပေးအပ်ပြီ-

1 comment:
ချီးထုပ်မိုးကြိုး ခွေးမသား မဲဆောက်မှာနေပြီး အခြားသူတွေကို မြန်မာထောက်လှမ်းရေးက လာတယ်ဆိုပြီး ကေအင်ယူတို့ အေဘီတို့ကို လျှောက်ပြီး အမှားသတင်းတွေပေးနေတဲ့ ချီးထုပ်ပါခင်ဗျာ။
Post a Comment