-ထွက်လမ်းပျောက်သောလမ်း -
နွေမိုးတစ်ဖြိုက်စိုးလှိုက်ရင်ပူ
ဘဝင်ဆူသည်
ဘယ်သူကူလို့ငြိမ်းမှာလဲ …။
ငြိမ်းသူမဲ့မီး
တညီးညီးလောင်
သောကဘောင်ကာ
ဝင်္ကဘာထဲ
ထွက်လမ်းဖွေဆဲပိတ်ခဲ့သည်…။
ရှေ့မှာတံတိုင်း
နောက်လည်းဆိုင်းကာ
ဘယ်မှာကြည့်ကြည့်
လမ်းသာရှိလည်း
လျောက်ဆဲလမ်းပျောက်နေကြသူ…။ ။
.
ပျိုးယုဝသုန်
-ထွက်လမ်းပျောက်သောလမ်း -
နွေမိုးတစ်ဖြိုက်စိုးလှိုက်ရင်ပူ
ဘဝင်ဆူသည်
ဘယ်သူကူလို့ငြိမ်းမှာလဲ …။
ငြိမ်းသူမဲ့မီး
တညီးညီးလောင်
သောကဘောင်ကာ
ဝင်္ကဘာထဲ
ထွက်လမ်းဖွေဆဲပိတ်ခဲ့သည်…။
ရှေ့မှာတံတိုင်း
နောက်လည်းဆိုင်းကာ
ဘယ်မှာကြည့်ကြည့်
လမ်းသာရှိလည်း
လျောက်ဆဲလမ်းပျောက်နေကြသူ…။ ။
.
ပျိုးယုဝသုန်



No comments:
Post a Comment