-ဘ၀အမောပြေ-
**သောက်နိုင်ပီ**
သူငယ်ချင်း နှစ်ဦးသည် အိမ်ရှေ့ ဧည့်ခန်းတွင်ထိုင်ကာ အရက်ပုလင်းထောင်ပီး သောက်နေကြ၏။ ထိုအချိန်တွင် အိမ်ရှင် သူငယ်ချင်း၏ မိန်းမ အပြင်မှပြန်ရောက်လာ၏။ အရက်ပုလင်းကိုမြင်သောအခါ စီးထားသော ဖိနပ် တစ်ဘက်ကိုချွတ်၍ ပစ်လိုက်၏။ ထောင်ထားသောအရက်ပုလင်းကိုထိပီး ကွဲသွား၏။ ယောက်ကျားဖြစ်သူက နောက်တစ်ပုလင်းကို စားပွဲပေါ်သို့တင်လိုက်၏။ မိန်းမ ကလည်း ကျန် ဖိနပ် တဘက်ဖြင့် ပုလင်းကို ချိန်ပီး ပစ်ထဲ့လိုက်ပြန်၏။ တည့်တည့်ထိပီး ပုလင်းကွဲသွားပြန်၏။ ထိုအခါ ယောက်ကျားလုပ်သူသည် တတိယ အ၇က်ပုလင်းကို ထပ်မံထုတ်ကိုင်၍ တဆက်တည်း သူ၏ သူငယ်ချင်းအား ပြောလိုက်ပုံမှာ...... " ဒီတစ်ခါတော့ အေးအေးဆေးဆေး သောက်လို့ရပီ။သူ့ဆီမှာ ဖိနပ် မကျန်တော့ဖူးကွ..."......တဲ့ ။
(တိန်) ရီမောပျော်ရွှင်ပါစေ
**ကိုလုံ**
**ရေငုပ်ချန်ပီယံ**
ရေငုပ်သမားတစ်ဦး ရေငုပ်နေရင်း ပင်လယ်ရေမျက်နှာပြင်အောက် ၁၅ပေခန့် အရောက်မှာ ရေငုပ်ဝတ်စုံမပါတဲ့ တခြားလူတစ်ယောက်ကို သူနဲ့မလှမ်းမကမ်းမှာ တွေ့လိုက် တယ်။ အဲ...သူ ပေ၃၀ ရောက်တော့လဲ ခုနလူကိုတွေ့ရပြန်ပါတယ်။ တခါ ပေ၄၀ ထိ ဆက်ငုပ်တော့လဲ အဲဒီလူပါလာတုံးဘဲ...ဆိုတော့ အံ့သြမှုကိုမထိမ်းနိုင်တော့ဘူး။ ဒါနဲ့ ရေအောက်မှာ အသုံးပြုလို့ရတဲ့ Waterproof chalkboard ပေါ်မှာ စာရေပြီး မေးလိုက်တယ်... "ဟေ့လူ...ရေငုပ်ဝတ်စုံမပါဘဲ ဒီလောက်ပင်လယ်ရေအနက်ထိငုပ်နိုင်တာ...ချီးကျူးပါတယ်ဗျာ" ဟိုလူက သူ့ chalkboard ကို ဆွဲယူပြီး စာပြန်ရေးပြတယ်... "ငါက ရေနှစ်နေတာဟ...မအေပေးရ"....။
(တိန်) တေပီ.... ။
**Lon Ely ( sh)**

No comments:
Post a Comment