(Russian Character Banners for MISSION: IMPOSSIBLE – GHOST PROTOCOL)
Mission Impossible ဇာတ်ကားမှ သရုပ်ဆောင် တွမ်ခရုဇ်အား ရုရှားနိုင်ငံ၏ Vkonataketle လူမှုကွန်ရက်ဝက်ဘ်ဆိုက်တွင်ဖော်ပြခံရသည့် ပထမဆုံးသော ဟောလိဝုဒ်အနုပညာရှင်အဖြစ် သောကြာနေ့က ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ မကြာမီထွက်ရှိလာမည့် တွမ်ခရိုဇ် Oblivion အမည်ရှိ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားသည် အမေရိကန်နိုင်ငံ၌ မပြသမီ နှစ်ပတ်အလိုတွင် ရုရှားနိုင်ငံ၌ ဧပြီ ၁၁ ရက်တွင် ရုရှားနိုင်ငံ၌ ပြသရန် စီစဉ်ထားကြောင်းသိရသည်။
စပိန်လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းသည် စပိန်တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ကို အသင်းသို့ပြန်လည်ခေါ်ယူရန် ဆန္ဒဖြစ်ပေါ်နေပြီးချယ်လ်ဆီးအသင်းအနေဖြင့် အက်သလက်တီကိုမက်ဒရစ်အသင်းတိုက်စစ်မှူးဖယ်ကာအိုအား ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့် စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ယူခဲ့ပါက တိုက်စစ်မှူးတောရက်ကို စပိန်မြေသို့ ပြန်လည်ခေါ်ယူရန် စဉ်းစားနေကြောင်း သိရသည်။ အက်သလက်တီကိုမက်ဒရစ်အသင်းမန်နေဂျာ ဒီယေဂိုဆင်ဒီဝမ်သည် ချယ်လ်ဆီးတိုက်စစ်မှူး တောရက်နှင့်အတူ အက်သလက်တီကိုမက်ဒရစ်အသင်းတွင် အတူကစားခဲ့ပြီး လက်ရှိတွင်လည်း တောရက်စ်ကို စပိန်မြေသို့ ပြန်လာရန် တောင်းဆိုထားကြောင်း သိရသည်။ ထို့အပြင် တောရက်၏ အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ ယခုနှစ်ဘောလုံးရာသီကုန်တိုင်အောင် စောင့်ကြည့်မည်ဟုလည်း ဆိုသည်။ (အင်တာနက်)
**Undercover ဒရာမာဇာတ်ကားသစ်ဖြင့် ကိုရီးယားဒရာမာလောကသို့ ပြန်လည်ဝင်ရောက်လာတဲ့ ကမ်မ်ယိုးမီ**
ကိုရီးယားသရုပ်ဆောင် ကင်မ်ယိုးမီတစ်ယောက် ကိုရီးယားဒရာမာလောကနှင့် တစ်နှစ်ခန့်အကြာအဆက်အသွယ်ပြတ်ခဲ့ရပြီးနောက် ယခုအခါ Undercover အမည်ရှိ ကိုရီးယားဒရာမာ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ကာ ပြန်လည်ဝင်ရောက်လာပြီဖြစ်ကြောင်း သူ၏ အေဂျင်စီက အတည်ပြုပြောကြားခဲ့သည်။ အဆိုပါ Undercover ဒရာမာဇာတ်ကားကို ဒါရိုက်ဒါ ဂျန်ယောင်ဝူးနှင့် လီဂျောင်ဟိုတို့နှစ်ဦးက ပုံဖော်ရိုက်ကူးထားပြီး မူးယစ်ဆေးဝါးဆိုင်ရာ မူခင်းတစ်ခုအတွက် ရဲတစ်ဖွဲ့က လူဆိုးဂိုဏ်းတစ်ဂိုးဏ်အတွင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ ယင်းအမှုကို ဖော်ထုတ်ခဲ့ပုံကို ပုံဖော်ထားသည့် မူခင်းဒရာမာဇာတ်ကားကောင်းတစ်ကားဖြစ်သည်။ ယင်းဇာတ်ကားကို မေ ၂၅ ရက်တွင် စတင်ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားကြောင်းသိရသည်။ (အင်တာနက်)
**Tara အဖွဲ့၏ ဆဋ္ဌမမြောက် အယ်လ်ဘမ် ဂျပန်နိုင်ငံတွင် ရောင်းအားကောင်း**
Tara ကိုရီးယားပေါ့ပ်ဂီတအဖွဲ့သည် ၄င်းတို့၏ ဆဋ္ဌမမြောက်အယ်လ်ဘမ် Banistar ကို ဂျပန်တေးသီချင်းပုံစံမျးဖြင့် ဖန်တီးထားပြီး မတ် ၂၀ ရက်က စတင်ဖြန့်ချိခဲ့ကာ ယခုအခါ ယင်းအခွေသည် ဂျပန်နိုင်ငံ၏ Oricon နေ့စဉ် အယ်လ်ဘမ်ရောင်းအားစာရင်းတွင် ဒုတိယနေရာ၌ ရပ်တည်နေကြောင်း သိရသည်။ Tara အဖွဲ့၏ Banistar အမည်ရှိ ဂျပန်စတိုင်လ်တေးသီချင်းများစုစညးထားသော အဆိုပါအယ်လ်သည် ဂျပန်နိုင်ငံတွင် အယ်လ်ဘမ်အချပ်ပေါင်း လေးသောင်းကျော် ရောင်းချခဲ့ရပြီး ၄င်းအယ်လ်ဘမ်နျင့်အတူ Tara အဖွဲ့၏ အလှဓါတ်ပုံများပါဝင်သော ဓါတ်ပုံစာအုပ်ကိုလည်း ကြသပတေးနေ့က စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။ အဖွဲ့ဝင် ခုနစ်ဦးဖြင့် ဖွဲ့စည်းထားသည့် Tara အဖွဲ့၏ အဆိုပါအယ်လ်ဘမ်တွင် အဖွဲ့ဝင် တစ်ဦးချင်းစီ၏ တစ်ကိုယ်တေယ်ဖျော်ဖြေမှုများ ပါဝင်သလို Tara အဖွဲ့အတွင်း တွင် အဖွဲ့ငယ် သုံးဖွဲ့ ဖွဲ့စည်းကာ မတူညီသော သီချင်းပုံစံသစ်များဖြင့် ထူးခြားစွာ စီစဉ်တင်ဆက်ထားသည့် အယ်လ်ဘမ်တစ်ခုဖြစ်သည်။ (အင်တာနက်)
**Super Junior အဖွဲ့၏ ယခုနှစ်အတွက်ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲ **
ကိုရီးယားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သော Super Junior အဖွဲ့၏ Super Show 5 အမည်၇ှိ ကမ္ဘာလှည့်ဂီတဖျော်ဖြေပွဲနှင့် စပ်လျဉ်းသည့် စာနယ်ဇင်းရှင်းလင်းပွဲတစ်ရပ်ကို ၂၄ ရက်က ဆိုးလ်မြို့ရှိ ကျွမ်းဘားအားကစားရုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ Super Junior အဖွဲ့၏ Super Show 5 ခရီးစဉ်သည် မတ် ၂၃ ရက်နှင့် ၂၄ ရက်များတွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ ဂီတဖျော်ဖြေပွဲများ ကျင်းပပြီးနောက် တရုတ်၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်အမေရိကနှင့် ဥရောပနိုင်ငံများကို သွားရောက်ဖျော်ဖြေမည်ဖြစ်ပြီး ဧပြီ ၂၁ ရက်မှ ၂၇ ရက်အထိ ဘရာဇီး၊ အာဂျင်တီးနား၊ စန်တီယာဂို၊ ချီလီ စသည့် နိုင်ငံများကို သွားရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ (အင်တာနက်)
**Maung Chit Kyi**
**ရုရှားဝက်ဘ်ဆိုင်တွင် ပထမဆုံးဖော်ပြခံရသည့် ဟောလိဝုဒ်အနုပညာရှင် တွမ်ခရုဇ်**

No comments:
Post a Comment