ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, March 20, 2013

>
-ပန်းသီးပင်-
တစ်ခါက ပန်းသီးပင်တစ်ပင် ရှိခဲ့တယ်။ လူငယ်လေးတစ်ဦးဟာ နေ့စဉ်နေ့တိုင်း ပန်းသီးပင်နားလာပြီ့း ကစားရတာကို နှစ်သက်နေခဲ့ပါတယ်။ သူဟာ ပန်းသီးပင်ပေါ်တက်၊ ပန်းသီးများကို စားပြီး ပန်းသီးပင်အရိပ်မှာ တရေးတမော အိပ်စက်လေ့ရှိခဲ့တယ်။ သူဟာ ပန်းသီးပင်ကို နှစ်သက်သလို ပန်းသီးပင်ကလည်း သူနဲ့အတူ ကစားရတာကို နှစ်သက်ခဲ့ပါတယ်။ အချိန်တွေ ကုန်ဆုံးလာသလို လူငယ်လေးလည်း အရွယ်ရောက်လာတဲ့အတွက် ပန်းသီးပင်နားလာပြီး နေ့တိုင်း မကစားတော့ပါဘူး။ တစ်နေ့မှာတော့ လူငယ်လေးဟာ ပန်းသီးပင်ဆီ ရောက်လာပြီး စိတ်မကောင်း ဖြစ်နေခဲ့ပါတယ်။ “င့ါဆီလာပြီး အတူကစားလှည့်ဦးလေ”လို့ ပန်းသီးပင်က လူငယ်လေးကို ပြောဆိုလိုက်ပါတယ်။ “ကျွန်တော် ကလေးမဟုတ်တော့ဘူးဗျ။ သစ်ပင်တွေနဲ့ မကစားချင်တော့ဘူး”လို့ လူငယ်လေးက ပြန်ပြောလိုက်ပါတယ်။ “ကျွန်တော် အရုပ်တွေ လိုချင်တယ်။ အဲဒါတွေဝယ်ယူဖို့ ငွေလိုတယ်ဗျ” “စိတ်မကောင်းပါဘူးကွာ။ ငါ့ဆီမှာတော့ ငွေမရှိဘူး။ ဒါပေမယ့် ငါ့ပန်းသီးတွေ ခူးဆွတ်ပြီး ရောင်းနိုင်ပါတယ်။ ဒါဆိုရင် မင်း ငွေရလိမ့်မယ်။” လူငယ်လေးဟာ အလွန်စိတ်လှုပ်ရှားသွားတယ်။ သူဟာ ပန်းသီးအားလုံး ခူးဆွတ်ပြီး ပျော်ရွှင်စွာ ထွက်ခွာသွားပါတယ်။ လူငယ်လေးဟာ ပန်းသီးတွေ ခူးဆွတ်ပြီးတဲ့နောက် ပန်းသီးပင်ဆီ ပြန်မလာတော့ပါဘူး။ ပန်းသီးပင်ဟာ ဝမ်းနည်းနေခဲ့ပါတယ်။ တစ်နေ့မှာတော့ လူကြီးတစ်ယောက် ဖြစ်လာပြီဖြစ်တဲ့ လူငယ်လေး ပြန်လာတာကိုမြင်တော့ ပန်းသီးပင်ဟာ စိတ်လှုပ်ရှားသွားတယ်။ “ငါနဲ့အတူ ကစားရအောင်”လို့ ပန်းသီးပင်က ပြောလိုက်ပါတယ်။ “ကျွန်တော့်မှာ ကစားဖို့ အချိန်မရှိပါဘူးဗျာ။ ကျွန်တော့်မိသားစုအတွက် အလုပ်လုပ်ရဦးမယ်။ ကျွန်တော်တို့မှာ အမိုးအကာရဖို့ အိမ်တစ်လုံး လိုအပ်နေတယ်။ ခင်ဗျား ကျွန်တော့်ကို ကူညီပေးနိုင်မလား” “စိတ်မကောင်းပါဘူး။ ငါ့မှာတော့ အိမ်တစ်လုံးမှ မရှိဘူး။ ဒါပေမယ့် မင်းအတွက် အိမ်ဆောက်ဖို့ ငါ့အကိုင်းတွေကို ခုတ်ချနိုင်ပါတယ်။” လူငယ်လေးဟာ ပန်းသီးပင်ရဲ့ အကိုင်းအားလုံး ခုတ်ယူပြီး ပျော်ရွှင်စွာ ထွက်ခွါသွားပြန်တယ်။ သူ ပျော်ရွှင်သွားတာကို မြင်ရတော့ ပန်းသီးပင်ဟာ ဝမ်းသာသွားတယ်။ ဒါပေမယ့် အဲဒီအချိန်ကစပြီး ပန်းသီးပင်ဆီ သူ ပြန်ရောက်လာခြင်း မရှိတော့ပါဘူး။ ပန်းသီးပင်ဟာ အထီးကျန်ဖြစ်သွားပြီး စိတ်မကောင်း ဖြစ်သွားပြန်တယ်။ ပူအိုက်တဲ့ နွေရာသီတစ်နေ့မှာ သူပြန်လာတာမြင်တော့ ပန်းသီးပင်ဟာ ဝမ်းသာသွားပါတယ်။ “ငါနဲ့အတူ ကစားရအောင်”လို့ ပန်းသီးပင်က ပြောလိုက်တယ်။ “ကျွန်တော်လည်း အသက်ကြီးလာပါပြီ။ အပန်းဖြေအနားယူဖို့ ရွက်လှေတစ်စင်းနဲ့ ခရီးထွက်ချင်တယ်။ ကျွန်တော့်ကို လှေတစ်စင်း ပေးနိုင်မလား”လို့ သူက ပြောလိုက်ပါတယ်။ “မင်းအတွက် လှေဆောက်ဖို့ ငါ့ပင်စည်ကို အသုံးပြုလိုက်ပါ။ ဒါဆိုရင် အဝေးကြီး ရွက်လွှင့်သွားနိုင်လို့ မင်း ပျော်သွားလိမ့်မယ်။ ” သူဟာ သစ်ပင်ရဲ့ ပင်စည်ကိုဖြတ်ပြီး လှေပြုလုပ်ပါတယ်။ သူဟာ ရွက်လွှင့်ရင်း ခရီးထွက်သွားခဲ့တယ်။ နှစ်ပေါင်းများစွာကြာပြီး တစ်နေ့မှာတော့ သူ ပြန်ရောက်လာခဲ့တယ်။ “လူကလေးရေ…စိတ်မကောင်းပါဘူး။ မင်းအတွက် ငါ့မှာ ဘာမှမရှိတော့ဘူး။ ပန်းသီးတွေလည်း မရနိုင်တော့ဘူး”လို့ ပန်းသီးပင်က ပြောဆိုပါတယ်။ “ကိစ္စမရှိပါဘူးဗျာ။ ကျွန်တော်မှာလည်း ကိုက်ဖြတ်စရာ သွားတစ်ချောင်းမှ မရှိတော့ဘူး”လို့ သူက ပြန်ပြောလိုက်ပါတယ်။ “မင်းတက်ဖို့ သစ်ကိုင်းတွေလည်း မရှိတော့ဘူး။” “ခု ကျွန်တော်လည်း အိုမင်းမစွမ်းဖြစ်လာလို့ မတက်နိုင်တော့ပါဘူးဗျာ”လို့ သူက ပြန်ပြောပါတယ်။ “မင်းကို တစ်ခုမှ မပေးနိုင်တော့တာ တကယ်ပါ။ ငါ့မှာ ခြောက်သွေ့နေတဲ့ အမြစ်တွေပဲ ကျန်ပါတော့တယ်”လို့ ပန်းသီးပင်က မျက်ရည်စက်လက်နဲ့ ပြောဆိုပါတယ်။

“ခုတော့ ကျွန်တော်လည်း အများကြီး မလိုအပ်တော့ပါဘူး။ အနားယူဖို့ တစ်နေရာသာ လိုအပ်တာပါ။ ဒီနှစ်တွေအတွင်း ကျွန်တော် ပင်ပန်းခဲ့တယ်ဗျာ”လို့ သူက ပြန်ပြောပါတယ်။ “ကောင်းပြီလေ။ အပင်အိုကြီးတွေရဲ့ မြစ်ဆုံဟာ မှီပြီး နားခိုဖို့ အကောင်းဆုံးနေရာပါ။ ငါနဲ့အတူလာထိုင်ပြီး အနားယူလှည့်ပါ။” သူ ထိုင်ချအနားယူလိုက်တော့ ပန်းသီးပန်ဟာ ဝမ်းသာသွားပြီး မျက်ရည်စက်လက်နဲ့ ပြုံးလိုက်ပါတယ်။ ဒီပုံပြင်ကတော့ လူတိုင်းရဲ့ ဖြစ်ရပ်နဲ့ တူညီပါတယ်။ ပန်းသီးပင်ဟာ ကျွန်တော်တို့ရဲ့ မိဘတွေလိုပါပဲ။ ကျွန်တော်တို့ ငယ်စဉ်က အဖေ အမေနဲ့ ကစားရတာကို နှစ်သက်ပါတယ်။ ကျွန်တော်တို့ အရွယ်ရောက်လာတဲ့အခါ မိဘတွေဆီက ထွက်ခွာသွားပါတယ်။ တစ်ခုခု လိုချင်တဲ့အခါ ဒါမှမဟုတ် ဒုက္ခတွေ့ကြုံရတဲ့ အခါမှသာ မိဘတွေဆီ ပြန်ရောက်လာပါတယ်။ မည်သို့ပင်ဖြစ်စေ မိဘတွေကတော့ သင့်ကို ပျော်ရွှင်စေဖို့ အရာရာပေးဆပ်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေပါလိမ့်မယ်။ လူကလေးဟာ ပန်းသီးပင်အပေါ် ရက်စက်လွန်းတယ်လို့ သင် ထင်မိပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးလည်း မိဘတွေအပေါ် အဲဒီလိုမျိုး ပြုမှုနေကြပါတယ်။ ကျွန်တော်တို့ဟာ အချိန်အတော်လွန်မှသာ သူတို့ရဲ့ အရေးပါမှုနဲ့် သူတို့လုပ်ပေးခဲ့သမျှကို နားလည်လာပါတော့တယ်။

**သင်ခန်းစာ**

သင့်မိဘတွေကို ချစ်ခင်မြတ်နိုးစွာ ဂရုစိုက်ပေးလိုက်ပါ။ သင်ဟာ သူတို့ရဲ့ ဘာမှမရှိတော့တဲ့ ထိုင်ခုံကို တွေ့မြင်တဲ့အချိန်မှာ မိဘတန်ဖိုးကို သိလာပါလိမ့်မယ်။ ကျွန်တော်တို့ဟာ မိဘမဖြစ်မချင်း ကျွန်တော်တို့အပေါ်ထားရှိတဲ့ မိဘမေတ္တာကို ဘယ်တော့မှ နားလည်သိရှိမှာ မဟုတ်ပါဘူး။

**နေလင်းအောင်**

 Ref; Our Apple Tree by Unknown Author

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)