>
“ရွှေညာသူ xx ရွှေညာသား xx နေထိုင်ပုံ xx ကြည့်ပါလား xx ရိုးရိုးသာxxသဘောမယ် xx ရှင်းရှင်းသာပြောတယ် xx သဘောလည်းဖြူ xx မနောလည်းဖြူ xx ရွှေညာသူ xx ရွှေညာသူ xx ကျမတို့ မြေကိုလာလည် xx ဖိတ်ခေါ်သူ xx ”
လွန်ခဲ့သော အနှစ် ၃၀ ကျော်ကတည်းက ရေဒီယိုမှာကြားခဲ့ရသည့် ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် “ချိုပြုံး” ၏ “” ရွှေညာသူ ရွှေညာသား” သီချင်းကို တစိမ့်စိမ့်တွေးရင်း တသိမ့်သိမ့်နွေးထွေးခဲ့တာတွေရှိခဲ့သည်။ နောက်တစ်ပိုဒ်ကိုလည်း ဆိုညည်းကြည့်ပါဦး။
“မင်းကွန်း xx ခေါင်းလောင်းဆိုတာဆန်းကြယ် xx မြင်တွေ့ရမယ်တမူ xx သမ္ဗုဒ္ဓေကိုလေ xx မိုးညှင်းမှာလည်း xx ဘုရားစုံအောင်xxxxလိုက်ခဲ့ပါxxအတူတူရှင့် xx (အလျဉ်းသင့်ရင် xx လေးမျက်နှာဘုရားကို အတူ xx ခရီးတထောက်မှာ xx ဖူးရောက်ခါ xx သွားချင်သူ xx)2 တရားရိပ်အေး xx အေးရိပ်သာယာ xx နေချင်ပါမူ xx စစ်ကိုင်းမှာ xx တနေကုန်ယူ xx နေကြည့်ပါရင် xx စိတ်ချမ်းသာမယ်တမူ…”
ချိုပြုံး၏ သီချင်းထဲတွင်ပင် ဘုရားတွေကို စီကာ ဆင့်ကာ ဖူးပစ်လိုက်ရသည်လေ။ ကြည့်ပါဦး။ စစ်ကိုင်းတောင်ရိုးက မင်းကွန်းခေါင်းလောင်းကြီး (သိကြတဲ့အတိုင်း ပိဿာချိန် ၅၅၅၅၅)၊ မုံရွာမြို့၏ အထင်ကရ မိုးညှင်းသမ္ဗဒ္ဓေစေတီတော်၊ ပြီးတော့ လေးမျက်နှာစေတီ၊ အေးအေးချမ်းချမ်းနှင့် တရားဓမ္မရှုမှတ်လိုလျှင် စစ်ကိုင်းတောင်ရိုးက စေတီပုထိုးတွေမှာနားပါတဲ့။
ရေးနေရင်းနှင့်ပင် စစ်ကိုင်းတောင်ကို တချိန်တုန်းက ကျန်စစ်သားလို လွှားကနဲ လွှားကနဲ ခုန်ပျံပြီးသွား ကြည့်ချင်သည်။ (ခုန်ပျံတာက အကြောင်းမဟုတ်။ အောက်ကို ပြုတ်အကျမှာ ပုဆိုးတော်ကွဲပြဲကာ တစ်ခါတည်းနှင့် မုတ္တမဘက်ကမ်းကို ကြွမြန်းရမှာ ကြောက်ပါသည် ပရိသတ်။)
ကျနော်သည် အညာမြေကို အလွန်ချစ်ခင်သူဖြစ်ပါသည်။
“တမာတောမှာxx ပျော်တယ်ဆိုတဲ့xx မောင်ရေ မောင်ရေ xxအညာမြေကိုမေ့လို့လား xxအညာသူလေးကိုxx မေ့ပြီလားလေ xxခွဲခွဲခြားခြား ပြောပါမောင်ရေ ” ဟု ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ချိုပြုံး၏ အသံကိုကြားခဲ့စဉ်တုန်းက ကျနော်တကယ် မခွဲခြားတတ်ခဲ့ပါ။ (သီလရှင်နှင့် မိတ်ကပ်ပမာဖြစ်နေသောကြောင့်ပင်။ ဟုတ်ပါ၏။ သီလရှင်ကျောင်းများသို့ ကျနော်ငယ်ငယ်ကသွားလည်ပတ်ခဲ့စဉ်၊ ညအိပ်တည်းခိုခဲ့စဉ်တုန်းက သီလရှင်အများစုသည် ညဘက်တွင် မိတ်ကပ်လိမ်း အလှပြင်တတ်ကြတာကို မျက်ဝါးထင်ထင်တွေ့မြင်ရဘူးသောကြောင့် ဤသို့ဆိုရပါ၏။)
“အမှတ်တရ xx ရင်ထဲရှိတယ် xx သူနဲ့ဆုံခဲ့ရတယ် xx တမာရနံ့လေး xx သင်းသင်းမွှေးတဲ့ xx အညာမြေကို ပြန်သတိရနေသည် xx ဆည်းဆာနေညိုချိန်မှာ xx ငွေသောင်ယံ xx ကမ်းရဲ့နံဘေးက xx မကွေးမြို့စွန် xx မြသလွန်ကို xx အတူဖူးခဲ့တာတွေ xx မေ့မရနိုင်ပါသည် xx အခွင့်ရယ် xx သာတဲ့တစ်နေ့မှာ xx တစ်ခေါက်တော့ xx လာခဲ့ဦးမယ် xx ရွှေညာသူရယ် xx ကိုယ်လာရင် xx ကြိုမှာလားလို့ အတည်…”
အဆိုတော်အောင်သူက လုပ်ချခဲ့ခြင်း၊ ဆိုချခဲ့ခြင်းဖြစ်ပါသည်။ မကေွးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာကို သာမက ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ “ကမ္ဘာကုန်ကျယ်သရွေ့ဝယ်” ၀တ္ထုထဲက ကိုသက်ခိုင်နှင့် မလေးနွယ် တို့ ဆုံတွေ့ခဲ့ရသည့် မြသလွန်ဘုရား၏ တစ်နေရာ …။ (အင်း… ဒါတွေကို ပြန်တွေးရင် အဟောင်းတွေဟာ အစုတ်တွေ၊ အနွမ်းတွေ ဖြစ်ကုန်တယ်ဗျို့။ )
လွန်ခဲ့သော အနှစ်၃၀ တုန်းကတော့ ကျနော်တို့တက္ကသိုလ် ကျောင်းတက်ခါစဘ၀ဆိုတော့ကာ မြေလတ်သူ (၀ါ) ရွှေညာသူတွေက ဆီးဖြူသီးနှင့် ကြိုတာလည်းရှိသလို မြေပဲဆန်၊ မြေပဲဆီ၊ တမာရွက်တွေနှင့် ကြိုတာတွေလည်းရှိခဲ့သည်။ သူမတို့ ကမ်းပေးသော ခါးတမာကိုပင် ပျားသကာအလား ချိုမြိန်နေဘိသကဲ့သို့ အရွက်လိပ်လိုက် မြိုချပြခဲ့သည်။
“အာ…ပါး”
“ဘာလဲကိုကို သိပ်ခါးသွားသလား။”
“ခါးပါဘူး… ဟိုလေ၊ နည်းနည်းလေးသက်ရုံလေးလောက်ပါ ရပါတယ်။ အဟဲ”
“အို… ဒါဆိုရင် ကြက်ဟင်းခါးသီးဟင်းလေးဆက်စားလိုက်နော်.......နော်... ကိုကိုနော်”
တမာရွက်ကို မာန်ပါပါပင် ငပိရည်နှင့် ရောစပ်စားသောက်နေသော ကိုကိုတစ်ယောက်မှာ မိမိရှေ့သို့ ရွှေညာသူ တစ်သိုက်ကကြက်ဟင်းခါးသီးပန်းကန်တိုးပေး၊ ထိုးပေးနေသဖြင့် စိတ်ထဲဖျင်းကနဲ ဖြစ်ကာ…
“ပေးဗျာ၊ ပေး…ပေး၊ အကုန်လုံး ဟောဒီလိုသွန်ချပြီး၊ စားပစ်လိုက်တော့မယ်၊၀ှီး ”
“ဟေး… ဒါမှ၊ ဒို့ကိုကိုကွ …”
အဲသည်လို တစိမ့်စိမ့်တွေးကာ တစ်ရေးရေးပေါ်လာသော ရှေးဖြစ်ဟောင်းလေးများသည် ကားကိုကို (ရန်ကုန်တက္ကသိုလ်) တည်းဟူသော အညာချစ်သူ၊ အညာလွမ်းသူတစ်ယောက်ကို မျောက်လက်ထဲ ပိတောက်ခက် ထည့်သည့်နှယ် အီလယ်လယ်ဖြစ်ကာ ယခုတိုင် လွမ်းမဆုံးဖြစ်ရပါတော့သတည်း။
**ဆန်တာကလော့စ် (ခေတ္တ - အင်္ဂပူ)**

Saturday, March 30, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment