ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 16, 2013

>
-ချစ်လို့တောင်းပန်ချင်ပါတယ် မြန်မာမိန်းကလေးတို့ရေ-
မြန်မာဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်တွေကို တခါတည်းပြေးမြင်မိကြပါသည်။ ညက ကြည့်မိတဲ့ရုပ်ရှင်ဇာတ်လမ်းလေး က ဒီဆောင်းပါးလေးကို ရေးဖို့ စိတ်ကူး ရလိုက်ပါသည်။ မကြည့်မိရင် အကောင်းသားဆိုတဲ့ အတွေးလေးတစ်ခု ၀င်လာမိသလို ၊ အို ကြည့်မိတော့ သတိပေးစရာလေးတစ်ခုကို ငါမြင်လိုက်ရပါလားလို့လည်း တစ်ပြိုင်တည်း တွေးမိလိုက်ရပြန်ပါသည်။ ကျွန်မနားလည်သိရှိထားတဲ့ အနုပညာရှင်ဆိုသည်မှာ သိပ်ကိုခမ်းနားကြီးကျယ်အရေးပါလှပါပေသည်။ ပြည်သူတွေရဲ့ ချစ်ခင်မှတွေကို အပြည့်ဝပိုင်ဆိုင်ရသူတွေ ဖြစ်သလို ၊ ပြည်သူလူထုတွေရဲ့ အတုယူရသူ စံပြလူသားတွေပါ ။ ဒီလို လူသားတွေဟာ နိုင်ငံတစ်နိုင်ငံ ယဉ်ကျေးမှုတစ်ခုအတွက် သိပ်ကိုအရေးပါ ထိရောက်စေသူတွေဖြစ်ပါသည် ။ သူတို့တွေရဲ့ လှုပ်ရှားမှုတိုင်းသည် ပြည်သူတွေဆီ သိပ်ကို လျှင်မြန်စွာ ကူးစက်စေဖို့ အတွက် အထိရောက်ဆုံး စံပြလူသားတွေပါ။ အနုပညာဆိုတဲ့နေရာမှာ ရုပ်ရှင် ၊ ဂီတ ၊ သဘင်၊ စာပေ အားလုံးအကျုံးဝင်ပါသည် ။ ညက ကျွန်မကြည့်မိတဲ့ ရုပ်ရှင်ကားလေးထဲက မော်ဒယ်မင်းသမီးလေးတစ်လက်ပါ ။ ကျွန်မ ရေးသားခြင်းသည်သင်ခန်းစာ ယူတတ်စေ လိုသော စေတနာကိုသာအရင်းခံပြီး သူတစ်ပါးကိုထိခိုက်စေချင်တဲ့ စိတ်မရှိတဲ့အတွက် နာမည်တွေကို ထည့်မပြောလိုတော့ပါ ။ ဇာတ်ကွက်လေးက လှပါတယ်။
ရည်ရွယ်ချက်လေးလည်း ကောင်းလှပါသည်။ ပြောစရာဆိုလို့ ခုန မော်ဒယ်မင်းသမီး အသစ်လေးရဲ့ သရုပ်ဆောင်မှု အားနည်းမှုနဲ့ ၀တ်စားဆင်ယင်မှုပါပဲ ။ သရုတ်ဆောင်မှုအားနည်းခြင်းကိစ္စက ကျွန်မနဲ့ သိပ်မဆိုင်ပါဘူး ။ ဆိုင်နေတာက သူမလေးရဲ့ ၀တ်စားဆင်ယင်မှုလေးတွေပါပဲ ။ ဇာတ်အိမ်တည်ဆောက်ထားတာက လူလတ်တန်းစားပါ။ လူလတ်တန်းစားနဲ့မလိုက်ဖက်အောင် ၀တ်စားဆင်ယင်ထားသော သူမရဲ့ ဆင်ယင်ပြင်ဆင်ပုံတွေဟာ အတော်လေးကို ကြည့်ရဆိုးစေပါတယ် ။ လှပချစ်စဖွယ် သူမမျက်နှာပေါ်က အလှတွေကိုပါ မှေးမှိန်သွားစေတဲ့အထိ သူမ၀တ်စားဆင်ယင်ပုံတွေက ဆိုးရွားလှပါသည် ။ အဆိုးဆုံးကတော့ ဘုရားမှာ ရှိနေတဲ့ အမေနောက်ကို လိုက်ပြီး အကိုသေတာကို လိုက်ပြောတဲ့ အခန်းမှာ သူမ ၀တ်ထားတာက ဖိစကပ်ပါ ။ ဖိစကပ်ကို တောက်လျှောက်ခွဲထားပြီး အတိအကျပ်ချုပ်ထားတာမို့ ပြေးလိုက်တဲ့အခါမှာ အကြည့်ရဆိုးအောင်ကို အခွဲကြောင်းက အတွင်းသားတွေကို ပေါ်လွင်စေခဲ့ပါသည် ။ ဒီအကြောင်းလေးကိုဘဲ အဓိကပြောချင်မိတာပါ။ ကျွန်မ ဖြစ်စေချင်မိတာက မ၀တ်နဲ့ မဆိုလိုပါဘူး ။ ၀တ်ပါ ခေတ်မှီမှီလေး ၀တ်တာကို အပြစ်မဆိုချင်ပါဘူး ။ မြန်မာဆန်ရမယ်ဆိုပြီး ခါးတိုရင်ဖုံးတွေဘဲ ၀တ်နေရမယ်လို့ မဆိုလိုပါဘူး ။ ဒါပေမယ့် မဖော်အပ်တာကို မပေါ်အောင်တော့ ၀တ်စားစေချင်ပါသည် ။ ဖိစကပ်ဝတ်မယ် ။ အနည်းဆုံး ပေါင်တစ်ဝက်ကျော်လောက်ထိတော့ ဖိချုပ်ထားသင့်ပါတယ် ။ တောက်လျှောက်ခွဲထားတဲ့အခါ လမ်းလျှောက်တဲ့အခါတိုင်း မမြင်အပ်တဲ့ ပေါင်းရင်းသားလေးတွေအထိ အကုန်မြင်နေပါသည် ။
အနုပညာသည်ဆိုတာ ပြည်သူတွေ အတွက် စံပြလူသားတွေဆိုတာလေးကို မမေ့မလျော့ပဲ သတိလေးတာ မူပေးကြခြင်းအားဖြင့် ကျွန်မတို့ ကိုယ့်တာဝန်လေးတွေကို ကျေပွန်အောင် ထမ်းရွက်စေချင်ပါသည် ။ တစ်ပြိုင်တည်းမှာဘဲ အိပ်ခံနီးမှာ ဖတ်မိလိုက်တဲ့ စာအုပ်လေးကတော့ ဆရာမ နုနုရည် ( အင်းဝ ) ရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးပါပဲ။ အို ကောင်းလိုက်တာရှင် ။ ကျွန်မနေ့စဉ် မနက်တိုင်း အစောထရပါသည် ။ ဘုရားဆွမ်းတော်ကပ်ဖို့ အမျိုးသားအလုပ်မသွားခင်စားဖို့ မနက်ခင်းစာ ၊ နေ့လည် ထမင်းဘူး ၊ညနေ ထမင်းဘူး တွေအတွက် ထချက်ရတာမို့ မနက်အစောထမှ မှီပါသည်။ တခါတရံ ကျွန်မမထချင်ပါဘူး။ နေ့စဉ်လုပ်နေရတာကိုလည်း ငြီးငွေ့လာပါသည် ။ ဆရာမရေးသားတဲ့ မြစိမ်းပြာ ကမာရွတ် ဆိုတဲ့ စာအုပ်လေးကို ဖတ်ပြီးချိန်မှာတော့ မနက်အစောထရတာကို ကျွန်မပျော်လာမိပါသည် ။ ဆရာစာအုပ်ထဲက အိမ်ထောင်ရှင်မတွေရဲ့ မနက်ခင်းလှုပ်ရှားမှုတွေကိုဖတ်ပြီး ကျွန်မတကယ်ပျော်လာမိခြင်းပါ ။ အနုပညာဆိုတာ ဒါပါပဲ ။ လူတွေရဲ့ စိတ်ကို အတော်လေး ဖမ်းစားနိုင်ပါသည် ။ နှစ်ပတ်လည်အောင် လုပ်ဆောင်နေရတာကို ပျင်းရိဖွယ်အဖြစ်ထင်မှတ်လာတဲ့ အရာက ဆရာမရဲ့ စာအုပ်လေးကို နာရီးပိုင်းလောက်လေး ဖတ်အပြီးမှာ ပျော်ရွင်စရာ လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲ ခံစားမိလိုက်ပါသည် ။ ဒါဟာ ဆရာမရဲ့ အရေးသားကောင်းမှုတွေအပြင် ၊ ဆရာမရဲ့ စာဖတ်ပရိတ်သတ်အပေါ်ထားတဲ့ သူမရဲ့ စေတနာ မှန်ကုန်တာမို့ ပါ ။ ကျွန်မ တို့ အနာဂတ်လူငယ်မျိုးစက်သစ်တွေလည်း စာရေးတော့မယ်ဆိုရင် ဘဲ ဖြစ်ဖြစ် ၊ သရုတ်ဆောင်တဲ့ နေရာမှာဘဲ ဖြစ်ဖြစ် ဒါမျိုးစိတ်စေတနာမျိုးလေးတွေကို ထည့်သွင်းထားမယ်ဆို သိပ်ကို ကောင်းမှာဘဲလို့ အတွေးလေးတွေကတဆင့် ဒါမျိုးစေတနာတွေ များများပေးပေါက်လာပါစေလို့လည်း ဆုတောင်းမိပါသည် ။ ဖန်တီးမှုအနုပညာတစ်ခုသည် ကြည့်ကောင်း ၊ ဖတ်ကောင်းယုံမကဘဲ လူသားအားလုံးကို အကျိုးပြုစေမယ်ဆို ပိုလှပတဲ့ အနုပညာတစ်ခုအဖြစ် သိက္ခရှိရှိ မြတ်နိုးစရာကောင်းနေမှာပါ ။ အတုယူမှန်ကုန်စေတဲ့ အနုပညာဖန်တီးမှုတွေကို များများဖန်တီးနိုင်ဖို့ အနုပညာသည်တိုင်းမှာ အထူးတာဝန်ရှိပါသည် ။ ဒါတွေ ပြောနေလို့ ရှင်ကကော ဘယ်လောက်တော်နေလဲ မေးစရာရှိပါသည် ။ ဖြေဖို့ အဆင်သင့်ရှိနေပါသည် ။ အတုယူမှားစေမယ့် ဘလော့လေးတွေကို ကျွန်မ ရေးခဲ့ တင်ခဲ့ဘူးပါသည် ။ ခုလို အနည်းငယ်ရင့်ကျက်လာချိန်မှာ ကိုယ်တင်မိခဲ့တဲ့ အတုယူမှားစေတဲ့ ဘလော့လေးတွေကို ပြန်ဖတ်မိပြီး သိပ်ကိုနောင်တရမိပါသည် ။ နောက်ပိုင်းမှာ စာတစ်ပုဒ်ရေးတော့မယ်လို့ တွေးတိုင်း သေသေချာချာ ပြင်ဆင်မိပါသည် ။ ရေးချင်တဲ့စာရဲ့ ရည်ရွယ်ချက်ကဘာလဲ။ စာဖတ်လိုက်ရသူက ငါ့စာကိုဖတ်ပြီး ဘာအကျိုးရသွားမလဲဆိုတာကို အတတ်နိုင်ဆုံးတွေးတော ဆင်ခြင်ပြီးမှ စာတွေကို ရေးမိပါတော့သည် ။ ကျွန်မတို့ယဉ်ကျေးမှုနဲ့ ဖီလာဖြစ်တဲ့ အ၀တ်အစားတွေကို ဆန့်ကျင်ပါရစေ ။ ကလက်တက်တက် အ၀တ်အစားတွေကို အခါမလပ်ဝတ်ဆင်နေသူတွေဟာ တဖြေးဖြေး အပေါစားဆန်လာတယ်ဆိုတာကို သတိမူစေချင်မိပါသည် ။ သူနေရာ သူ့ဒေသနဲ့ လိုက်လျောညီထွေတဲ့ အ၀တ်အစားလေးတွေကို သိက္ခာရှိရှိ ၀တ်ဆင်တတ်စေဖို့ မိဘအုပ်ထိန်းသူတွေကလည်း အထူးကြပ်မတ်ဖို့ လိုအပ်နေပါပြီ ။ အထူးသဖြင့် ဘုရားသွား ကျောင်းတက် ၊ ရဟန်းသံယာတော်များကို ဖူးတွေ့ရမယ့် အချိန်မျိုးတွေမှာတော့ လုံလုံခြုံခြုံ က္ကုနြေ္ဒရရ ၀တ်စားဆင်ယင်သင့်ပါသည် ။ ဘုရားပေါ်တက်တဲ့ အချိန်လေးမှာတော့ သိက္ခာရှိရှိလေး ၀တ်ဆင်မယ်ဆို သိပ်ကိုမင်္ဂလာရှိနေမှာပါ ။ ဘုရားပေါ်လည်း ဘောင်းဘီ အတို အရှည်တွေ ၊ စကပ်အတိုတွေ ဂါဝန်အတိုတွေ နဲ့ မြင်ရတာ သိပ်ကို အကြည့်ရဆိုးစေပါသည် ။ နေရာဒေသကို လိုက်ပြီး ၀တ်တတ် ၊ နေတတ်ဖို့က လူတစ်ယောက်မှာ သိပ်အရေးကြီးစေပါသည် ။
အ၀တ်အစား ၀တ်ဆင်တယ်ဆိုတာ ယဉ်ကျေးမှု အဆင့်တန်းမြင့်လာတယ်ဆိုတဲ့သဘောဖြစ်ပါသည် ။ အ၀တ် ၀တ်ရတဲ့ ရည်ရွယ်ချက်က ရာသီဥတုဒဏ်ကို ခံနိုင်ဖို့ ဖြစ်ပါသည် ။ နောက်ပိုင်းမှာ ပိုပြီး ယဉ်ကျေးမှု မြင့်လာတဲ့အခါမှာ လှပအောင် တီထွင်ဝတ်ဆင်တတ်ကြပါသည် ။ လို့ ဆရာမကြီး ဒေါက်တာ မတင်ဝင်း ရေးသားတဲ့ စာအုပ်လေးထဲမှာ ဖတ်ခဲ့ဖူးပါသည် ။ ပြောနေကြစကားလေးကိုဘဲ ထပ်ပြောပါရစေ ။ မြန်မာ မိန်းကလေးတွေကို သိပ်ချစ်လို့ ပြောမိပါသည် ။ ညဏ်ရည် ညဏ်သွေး ထက်မြက်မှုတွေ ၊ သိက္ခာရှိ တဲ့ အောင်မြင်မှုတွေ ၊ ကြီးကျယ်မြင့်မြတ်တဲ့ တန်ဖိုးလေးတွေနဲ့ အရောင်တက် ထွန်းတောက်နေတဲ့ အနာဂယ်ကြယ်ပွင့်မြန်မာမိန်းကလေးတွေ အများပြားပေါ်ပေါက်လာကြပါစေသတည်း …….။ -

- Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)