-နင်လားဟဲ့ အလုပ်ရှင်….. ငါတို့ ပတ်စ်ပို့ပြန်ပေး…… မပေးရင် ထိုင်း အလုပ်သမားရုံး တိုင်မယ်-
(Photo-JACBA/အလုပ်ရှင်ထံမှ
ယာယီပတ်စ်ပို့ ပြန်ရရှိရေး…. မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်းအလုပ်သမ ၆ ဦးဆရာမိုးထံ
တင်ပြဆွေးနွေး)
တော်တော်ခက်တဲ့ အလုပ်ရှင်တွေပဲ။ မြင်မြင်သမျှ၊ တွေ့တွေ့သမျှ၊ ထန်းတောကို “ငါ့ ယောက္ခမ ထန်းတောလို့ လက်ညှိုးက တယ်ထိုးချင်တာပ”။
ဘယ့်နယ်ဗျာ။ ။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီကလည်း ယာယီပတ်စ်ပို့ လုပ်ပေးခဆိုပြီး မတန်မဆ (၇၂၉၃) ဘတ်လစဉ်လုပ်အားခထဲက ဖြတ်ယူထားသေးတယ်။ ယာယီပတ်စ်ပို့ စာအုပ်ကိုလည်း ပိုက်ဆံကြေရင် အလုပ်သမားလက်ထဲ ထည့်ပေါ့။ အခုဟာက တရားလွန်လွန်းတယ်။
မြင်မြင်သမျှ ယောင်္ကျားလေး ခပ်သန့်သန့်ဆိုရင် သူ့သမက်ပဲ တော်ချင်နေတဲ့အပေါက်မျိုး။ (အဟဲ… ကိုယ့်ဘက်က စကားနဲ့ အသာစီးယူထားမှ)
တကယ့် တကယ်က အကျိုးဆောင်ကုမ္ပဏီတွေကို ယာယီပတ်စ်ပို့အတွက် ဆောင်ရွက်ခိုင်းရင်တောင် (တချိန်က) မြ၀တီ - မဲဆောက် ဈေးနှုန်းက (၅၅၀၀) ဘတ် ထဲရယ်ပါ။ ဒါကို အလုပ်ရှင်က ယာယီပတ်စ်ပို့ စာအုပ်ဖိုးတစ်မျိုးထဲကို (၇၂၉၃) ဘတ်အထိ ယူလည်းယူသေးရဲ့။ ပိုက်ဆံကြေအောင်ဆပ်ပြီး တော့လည်းယာယီပတ်စ်ပို့စာအုပ်ကို ကာယကံရှင်အလုပ်သမားလက်ထဲမထည့် ဆိုတော့ကာ လွန်လွန်းအားကြီးတယ်။
ဒါကြောင့်လည်း “ကော်ဖီဆိုရင် ဂျာဗာ၊ အလုပ်သမားရေးရာမှာ ဂျက်ဘာ (JACBA)” ရယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြားမှာ တစ်နေ့တခြား တာစားလာတာပေါ့ဗျာ။ ဆိုလိုတာက မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရွားမှုကော်မတီ (JACBA) က ဆရာမိုးဆီကို မိမိတို့ အလုပ်ရှင်က သိမ်းထားတဲ့ ယာယီပတ်စ်ပို့ စာအုပ် (ခရမ်းရောင်) ကို ပြန်ရအောင် လုပ်ပေးပါလို့ မြန်မာအလုပ်သမလေး 6 ယောက်က ဒီနေ့ပဲ သူမတို့ အိမ်တန်းလျားမှာ ပြောပြရှာတယ်။ ဆရာမိုးကလည်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေ (BE-2522/ 1979) အက်ဥပဒေအရ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရော၊ သူတို့ရဲ့ အလုပ်ရှင်တွေပါ စာရွက်စာတမ်းအထောက်အထားတွေနဲ့ ပတ်သက်ပြီးတော့ နှစ်ဦး နှစ်ဘက် ရှောင်ရန် ဆောင်ရန်ဆိုင်ရာ ဥပဒေပါ အချက်အလက်တွေကို ရင်းရင်းနှီးနှီး ဟာသနှောပြီး ရှင်းပြသလို မကြောက်ကြဖို့ကိုလည်း တဆက်တည်းအားပေးတယ်။ လာမယ့် တနင်္လာနေ့မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားနေရာချထားရေးနဲ့ မှတ်ပုံတင်ရုံး (ကျဟန်ငန်း)ရုံးနဲ့ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ဆ၀ါဒီကန်) တွေကို ဆက်သွယ် ညှိုနှိုင်းဆောင်ရွက်ပေးဖို့ ပြောခဲ့တယ်။ကဲ………….. ပွဲကတော့ ကောင်းပြီ။ မြန်မာပြည်မှာ ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့၊ ပဲခူးမြို့နယ်မှာ နေကြသူက နှစ်ဦး၊ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ နေကြသူက လေးဦး၊ စသဖြင့် မြန်မာအလုပ်သမ ၆ ဦးဟာ အနည်းဆုံး လုပ်သက် ၂ နှစ်ကနေ ၉ နှစ်အထိ ရှိကြတာမို့ လုပ်သက်အလိုက် နစ်နာကြေးရဖို့ နည်းလမ်း ရှာကြည့်ပေမယ့် ကိုယ့်သဘောနဲ့ကိုယ် အလုပ်ထွက်စာ တင်ထားကြတာမို့ ရပိုင်ခွင့်မရှိပြန်ဘူး။ ဒါကြောင့် အလုပ်ရှင် သိမ်းထားတဲ့ ယာယီပတ်စ်ပို့စာအုပ်တွေနဲ့ အလုပ်ရှင်လွှဲပြောင်းစာ ရရှိဖို့ကို ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်ရေးနဲ့ လူမှုဖူလုံရေးအက်ဥပဒေ (BE-2541/ 1998)အရ သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံးမှာ တောင်းဆိုဖို့ဘဲ ရှိတာပေါ့ဗျာ။
သြ….. ဒီ အလုပ်သမ ၆ ဦးက အခု ဘယ်မှာရှိသလဲဟုတ်စ။ ထိုင်း- မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့က လူဦးရေ အများဆုံးနဲ့ အကြီးဆုံး စက်ရုံကြီး ဖြစ်ခဲ့ဘူးပြီး အခုတိုင် ဒုတိယအကြီးဆုံး စက်ရုံကြီး ဖြစ်နေဆဲရှိတဲ့ တီကေဖက်ရှင် အထည်ချုပ်စက်ရုံကြီး (အရပ်အခေါ်- တီကေကြီး) စက်ရုံက မြန်မာအလုပ်သမ ၆ ဦးဖြစ်ကြောင်းပါဗျာ….။
** သောင်ရင်းနဂါး ***

No comments:
Post a Comment