>
**Public Health**
ကော်ဖီဆိုင်မှာ ထိုင်လိုက်ပြီး အရသာရှိတဲ့ ကော်ဖီတစ်ခွက် ပေးပါဆိုရင် တကယ်ပဲ အရသာရှိတဲ့ ကော်ဖီတစ်ခွက်ဖြစ်စေဖို့ ကော်ဖီအပြင် တခြားဖြည့်စွက်တဲ့ နွားနို့ ဒါမှမဟုတ် နို့မှုန့်၊ သကြား စတာတွေနဲ့ ရောစပ်ပြီး ကယ်လိုရီတွေ ပြည့်ဝနေတဲ့ ကော်ဖီ တစ်ခွက်ကို သင်သောက်ရမှာပဲ ဖြစ်ပါတယ်။
ဒီကော်ဖီခွက်ထဲမှာ ကယ်လိုရီများစွာ ပါဝင်နေပါပြီ။ ကျန်းမာရေးအတွက် ကော်ဖီ သောက်မယ်ဆိုပေမယ့် ဒီလို ကယ်လိုရီများတဲ့ ကော်ဖီဆိုရင်တော့ ကြာရင် သင့်ခန္ဓာကိုယ် အလေးချိန် တက်လာတော့မှာပါ။ ဒီတော့ ဘယ်လို ထိန်းချုပ်မလဲလို့ သင်တွေးနေမှာပေါ့။ ဒါကတော့ လွယ်ပါတယ်။ သင်ဟာ ကော်ဖီ သောက်မယ်လို့ ဆုံးဖြတ်တိုင်း ဘာမှရောမထားတဲ့ သီးသန့် ကော်ဖီ တစ်ခွက်ကိုသာ မှာယူပါ။ အဲ့ဒီ ကော်ဖီကို အဆီ လျှော့ထားပြီးသား ဖြစ်တဲ့ နို့မှုန့်မျိုးနဲ့ တွဲပြီး သောက်ဖို့ပါပဲ။
ကော်ဖီ စစ်စစ်ကို ကြိုက်နှစ်သက်တဲ့ သူတွေက သကြားနဲ့ နို့မှုန့် ...့် ထည့်တာဟာ ကော်ဖီအရသာကို ပျက်စေတယ်လို့ ဆိုပါတယ်။ ကော်ဖီကြိုက်သူတွေဟာ ကော်ဖီ စစ်စစ် အနည်းငယ်ကို သောက်ရရုံနဲ့ တကယ်ကို စိတ်ကျေနပ်မှုရစေပြီး ကော်ဖီ သောက်ချင်နေတဲ့စိတ်ကို တကယ်ပဲ အာသာပြေစေတယ်လို့ ဆိုပါတယ်။ တစ်နေ့ ကော်ဖီ သုံးခွက်ထက်ပိုပြီး သောက်သူတွေဟာ တကယ့် ကော်ဖီ စစ်စစ် (ဘာမှ ရောမထားတဲ့) ကို သောက်မယ်ဆိုရင်တော့ ကယ်လိုရီ တိုးမလာဘဲ ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။
အမေရိကန် နိုင်ငံမှ လေ့လာမှုတွေအရ ကော်ဖီ သောက်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ကော်ဖီမှာ သဘာဝ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ ၊ရောဂါ ကာကွယ်နိုင်စွမ်းအင်နဲ့ နေမကောင်းမှုတွေကို လျှော့ချပေးနိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ ကော်ဖီ သောက်ခြင်းကြောင့် သွားအရောင်စွန်းခြင်း ကင်းဝေးချင်တယ်ဆိုရင် ကော်ဖီကို ပိုက်နဲ့ စုပ်သောက်တာဟာ သင့်သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် အကောင်းဆုံး ဖြစ်ပါတယ်။
**အမျိုးသမီးတွေမှာ နှလုံးရောဂါ အန္တရာယ်ကို လျှော့ချပေးနိုင်ခြင်း**
အသက် ၅၅ နှစ်ကနေ ၆၉ နှစ်အရွယ် အမျိုးသမီး ၂၇၀၀၀ အထက်ကို လေ့လာမှုတွေအရ တစ်နေ့ကို ကော်ဖီ စစ်စစ် သုံးခွက် သောက်ခဲ့ရာ နှလုံးရောဂါ အန္တရာယ်ကို ၂၄ ရာခိုင်နှုန်း လောက် ကျသွားစေတယ်လို့ ဆိုပါတယ်။
အမျိုးအစား (၂) ဆီးချို၊ သွေးချိုကို ကာကွယ်နိုင်ခြင်း
ဟားဗတ်တက္ကသိုလ်မှ လေ့လာမှုတွေအရ တစ်နေ့ကို ကော်ဖီ ခြောက်ခွက် သောက်တဲ့ အမျိုးသမီးတွေမှာ အမျိုးအစား (၂) ဆီးချို သွေးချိုရောဂါကို ၂၂ ရာခိုင်နှုန်း လျှော့ချနိုင်ပြီး အမျိုးသားတွေမှာဆိုရင် ၅၄ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
**ပါကင်ဆန်ရောဂါကို တားဆီးနိုင်ခြင်း**
အနည်းဆုံး ခြောက်ကြိမ်လောက် လေ့လာမှုတွေအရ ပုံမှန် ကော်ဖီ သောက်သုံးသူတွေရဲ့ ၈၀ ရာခိုင်နှုန်းလောက်ဟာ ပါကင်ဆန်ရောဂါ ဖြစ်နှုန်း နည်းတာကို တွေ့ရှိခဲ့ရပါတယ်။
**ခေါင်းကိုက်ခြင်း**
ကဖင်းဓာတ်ကို သဘာဝ ကိုက်ခဲပျောက်ဆေးလို့တောင် ဆိုနိုင်လောက်အောင် တစ်ခါတလေ ခေါင်းကိုက်တာမျိုးတွေမှာ ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ရုံနဲ့ ကိုက်ခဲပျောက် ဆေး တစ်လုံး သောက်လိုက်သလို ခေါင်းကိုက်ခြင်းတွေ ပြေပျောက်သွားစေတယ်ဆိုတာ လူအများ လက်ခံထားကြပါတယ်။
**အသည်းကင်ဆာအန္တရာယ် လျှော့ချနိုင်ခြင်း**
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာမှုတွေအရ ကော်ဖီ ပုံမှန်သောက်သူတွေဟာ အသည်းကင်ဆာ ဖြစ်နှုန်း ၂၃ ကနေ ၅၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ တစ်နေ့ ကော်ဖီ တစ်ခွက် ပုံမှန်သောက်သူတွေမှာတောင် ၂၃ ရာခိုင်နှုန်းအထိ အသည်း ကင်ဆာ အန္တရာယ်ကို လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကော်ဖီ စစ်စစ် ကြိုက်သူတွေ အတွက်တော့ သတင်းကောင်းပဲဖြစ်ပါတယ်။
**သဲသဲ-သော်တာမောင်**

Saturday, March 30, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment