>
ရှေးအတိတ်ကံမပါရင် ပခုံးချင်းရှပ်တိုက်သွားရင်တောင်ရင်းနှီးခွင့်မကြုံဘူးတဲ့ ။ ကျမတို့တွေရှေးအတိတ်ကံတွေကြောင့်ပဲ တွေ့လာခဲ့ကြတယ် ၊ ဆုံလာခဲ့ကြတယ် ။ ဒါပေမယ့်ကံဆိုးစွာနဲ့ပဲ ကျမဟာ သင်းကွဲဖြစ်ကျန်တတ်ခဲ့တယ်။ မင်းခယောကျာ်း ကမ်းနားသစ်ပင်ဘဝမှာ ကျမအတွက်ငယ်သူငယ်ချင်းဆိုတာမရှိခဲ့သလောက်ပဲ ။ ကျမသိတတ်စအရွယ်မှာ သူငယ်ချင်းဆိုတာ စာပြိုင်ဖက်ဆိုတာကိုပဲသိခဲ့တယ်။ ကျမငယ်ငယ်က အလယ်တန်းကျောင်းမှာတက်တုန်းက သူငယ်ချင်းနှစ်ယောက်ရှိခဲ့ဖူးတယ် ။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းကိုပြောင်းတော့ ကျမကိုသူတို့မေ့မှာစိုးလို့ အမြဲသွားသွားလာလာနေခဲ့ဖူးတယ် ။သူတို့ဓာတ်ပုံလေးတောင်ကျမခုထက်ထိသိမ်းထားပါသေးတယ်။ ဒီလိုနဲ့အတန်းတွေကြီးလာတာနဲ့အမျှ မိဘတွေနောက်ကိုလိုက်ပြောင်းရင်း ကျမအတွက်သူငယ်ချင်းဆိုတာရှားပါလာခဲ့တယ် ။ ကျမဆိုတဲ့သူကလည်း ကျမကိုအခင်ဆုံးဖြစ်မှပဲပေါင်းချင်တဲ့သူမျိုးလေ ။ ငယ်ငယ်တည်းကနေ အပေါင်းအသင်းမများဘဲ တစ်ယောက်တည်းကြီးလာခဲ့ရတဲ့သူဆိုတော့ ကိုယ့်ကိုဂရုစိုက်မှပဲ ပေါင်းချင်တဲ့ အတ်တသမား ။ အရွယ်လေးတွေရ အတန်းကိုယ်စီတက်ကြတော့ သူငယ်ချင်းတွေမှာကိုယ့်ထက်ခင်မင်ရသူကိုယ်စီနဲ့ ကျမကတော့ ထုံးစံအတိုင်း ယောင်ပေယောင်ပေနဲ့ ။ ယုံကြမလားမသိဘူး ဆယ်တန်းအထိ ကျမမှာ ခင်မင်ရပြီး အိမ်လိုက်အိပ်လောက်ရအောင် ရင်းနှီးတဲ့သူငယ်ချင်းမျိုးမရှိဖူးခဲ့ဘူး ။
တက်ကသိုလ်တက်နေရင်းနဲ့ပဲ သူငယ်ချင်းအပေါင်းအသင်းတွေရှိလာခဲ့တယ်။ သူငယ်ချင်းဆိုပေမယ့် အထာလေးတွေကိုယ်စီရှိကြတော့ လူပေါင်းစိတ်ခွာပဲဖြစ်ခဲ့ဖူးတယ်။ရင်ဘတ်တစ်ခုလုံးကိုလှိုက်ဟဖွင့်ပြောပြီး ငိုချခွင့်ရှိတဲ့သူငယ်ချင်း ကျမမှာမရှိဘူးရယ်။ စာတွေသင်ကြတယ်..အပြိုင်အဆိုင်စာလုပ်ကြရင်းနဲ့ တက်ကသိုလ်လေးနှစ်သာပြီးဆုံးခဲ့တယ် ကျမအတွက်စိတ်ရောကိုယ်ပါပေါင်းလို့ရမယ့်သူငယ်ချင်းမရှိခဲ့ဘူး ။
ဒီကျွန်းလေးကိုရောက်လာတဲ့အချိန်မှာလဲ ကျမစိတ်ညစ်တိုင်းရင်ဖွင့်ပြောပြတတ်တဲ့အမတစ်ယောက်ရှိခဲ့ဖူးတယ်။ သူနဲ့အမြဲလိုလိုတွေ့ပြီး ကျမစိတ်ထဲမယ်သူ့ကိုကျမရဲ့အမတစ်ယောက်လိုပဲခံစားခဲ့ပါတယ်။ တခါသား ကျမက အွန်လိုင်းမှာသိတဲ့သူငယ်ချင်းတချို့နဲ့အပြင်မှာသွားတွေ့တဲ့အချိန်မှာ အဲဒီအမကို ကျမခင်မင်လွန်းလို့ခေါ်သွားဖူးတယ်။ သူလည်းလိုက်ချင်တယ်တဲ့..။ ကျမက သူ့ကို သူငယ်ချင်းတွေအလယ်မှာမိတ်ဆက်ပေးတယ်...ဒါ ငါ့အမပေါ့နော်ဆိုပြီး မိတ်ဆက်လိုက်တဲ့အချိန်မှာ သူဘာပြန်ပြောလဲဆိုတော့ ...ဘယ်က သာအမရမှာလဲ သူငယ်ချင်းပါ ဆိုတဲ့ စကားကို ကျမအပေါင်းအသင်းတွေကြားထဲပြန်ပြောလိုက်တော့ ကျမစိတ်ထဲမှာတော်တော်လေးအနာတရဖြစ်သွားခဲ့ပါတယ်။ အဲအချိန်ကနေစပြီး သူ့ကိုကျမဘဝထဲက ကျမဆွဲထုတ်ပစ်ခဲ့ပါတယ်။ သူကိုယ်တိုင်တောင် ကျမသူ့ကိုဘာလို့အဆက်သွယ်မလုပ်တော့တာလဲ သိမှာမဟုတ်သလို...သူအဲလိုလုပ်မိခဲ့ပါလားဆိုပြီး မှတ်မိမှာမဟုတ်တော့ပါဘူး ။
ကျမသူ့ကိုဆုံးရှုံးခံလိုက်ပါတော့တယ်။ ခင်မင်မှုဆိုတာလူတိုင်းနဲ့ထိုက်တန်တာမဟုတ်ဘူးလေ ။
တခါတခါ အပေါင်းအသင်းတွေအစုံအလင် ၊ သူ့အကြောင်းကိုယ်သိ ကိုယ့်အကြောင်းသူသိဆိုတဲ့သူမျိုးတွေကိုကျမသိပ်အားကျမိပါတယ်။ ကျမမှာရော...ပြေးကြည့်စရာဆိုလို့ သူငယ်ချင်းလေးနှစ်ယောက်ကျန်ပါသေးတယ်..။ ဒါပေမယ့်မတွေ့တာ နှစ်ပေါက်နေပြီ ။ အဆက်သွယ်မလုပ်ဖြစ်တာ နှစ်ဆွေးနေပြီ..။ သူတို့ဘဝတွေထဲက သူငယ်ချင်းတွေနဲ့အသားကျနေလောက်ပါပြီ ။ကျမကတော့ နဂိုတည်းက အလည်အပတ်သိပ်ဝါသနာမပါတဲ့သူလည်းဖြစ်တယ်...အွန်လိုင်းတက်ရင်တတ်၊ မတက်ရင်စာအုပ်ဖတ်နေရရင်ကျေနပ်တဲ့သူမျိုးဖြစ်နေတော့..အွန်လိုင်းက အသိတွေလောက်ပဲ ပြောဖြစ်ဆိုဖြစ်ရှိတယ်။ဒါပေမယ့် သူတို့တွေအားလုံးကလည်း ကျမဘဝထဲကိုဝင်ရောက်ပက်သက်လာအောင်လည်း မအားမလပ်ကြတဲ့သူတွေလေ.....။ တခါတခါ အွန်လိုင်းကသိတဲ့သူငယ်ချင်းတချို့ကို တအားသတိရမိတာရှိပါတယ်။ သူ့အရေးအပြောလေးတွေကိုမြင်လို့ခင်မင်နေမိပေမယ့် တကယ်တမ်းဆက်ဆံတဲ့အချိန်မှာ ဘာပြောလို့ပြောရမှန်းတောင်မသိဘူး...တသွေးတသံတည်းမဖြစ်လေခြင်း ။ကျမကိုယ်တိုင်ကလည်းစကားမပြောတတ်တာပါမယ်ထင်ပါတယ်..။
လူမှုရေးတွေပျက်ကွက်နေခဲ့တာလည်းကြာခဲ့ပြီ ။ သူငယ်ချင်းတွေနဲ့မတွေ့ဖြစ်တာလည်းကြာခဲ့ပြီ ။
ကျမရဲ့ချစ်သူငယ်ချင်းနှစ်ယောက်က အသဲကွဲမှာအချင်းချင်းသတိရကြတဲ့လူမျိုးတွေလေ...။ စိတ်ထဲမှာရှိပြီး လူချင်းမတွေ့ဖြစ်တဲ့သူငယ်ချင်းတွေ ၊ မအားမလပ်လို့မပြောမဆိုကြတဲ့သူတွေ........ကို ကျမ အခုချိန်ကနေ ပြန်အဆက်သွယ်လုပ်ပါတော့မယ်.....။ သတိရတဲ့သူတွေကိုတန်းစီပြီးရေးရရင် ဘလော့ဂါတချို့အပါအဝင် အများကြီးမှအများကြီးရယ်...
ပိုခင်တဲ့သူက ဖုန်းစဆက်ကြရတယ်တဲ့...။ ကျမကိုဘယ်သူပိုခင်သလဲသိအောင် ဖုန်းဖွင့်ပြီးထိုင်စောင့်နေခဲ့တာ တစ်နှစ်ကျော်သွားပြီ.. ဘယ်သူမှလဲမဆက်ကြဘူးး( ။ နောက်တာပါ..။ အရင်တုန်းက မေးစရာရှိမှသတိရတတ်တဲ့ ဆုမြတ်တစ်ယောက်....သူငယ်ချင်းတွေ အမတွေကိုဖုန်းဆက်ရင် ဘာမေးစရာရှိလဲမထင်နဲ့နော်...........သူသတိရလို့ပါတဲ့...။
Posted by ဆုမြတ်မိုး

Wednesday, March 27, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment