(Photo-Master Plan ချမှတ့်ကြ/JACBA)
သူတို့ဆိုတာက ထိုင်း - မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာရှိတဲ့ နာမည်ကြီးသိုးမွှေးစက်ရုံတစ်ခုဖြစ်တဲ့ SD Fashion Co,ltd (အရပ်အခေါ်-ချန်ပီယံ) ဖြစ်ပါတယ်။ အခုကတော့ လုပ်ငန်းရှင်က ဆက်ဆံရေးညံ့ဖျင်းလွန်းတာကြောင့် လုပ်ငန်းခွင်မှာ မပျော်ရွှင်ကြတဲ့ အလုပ်သမားတွေဟာ တခြားဒေသတွေကို ပြောင်းရွှေ့ကြတာမို့လို့ အလုပ်သမား ၆၀၀ လောက်ပဲရှိကြပါတော့တယ်။ (အရင်ကတော့ ၁၅၀၀၊ ၂၀၀၀၊ ၂၅၀၀ အထိရှိခဲ့ဘူးပါတယ်။) မနေ့ကပဲ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ပြည်နယ် (ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ဆ၀ါဒီကန်) ကို ရောက်ကြတော့ အလုပ်ရှင်နဲ့ အလုပ်သမားသဘောတူစာချုပ် ချုပ်ဆိုထားတဲ့ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါ၇ီလ ၂၈ ၇က်နေ့ စာချုပ်ဟာ အကြုံးမ၀င် (အသက်မ၀င်) ဘူးတဲ့။ ကဲပါလေ… ဒီနေရာမှာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့စာချုပ်က အလုပ်ရှင်ဘက်က ဘာဖြစ်လို့ အသက်မ၀င်ဘူးပြောစေချင်တာလဲ ဟုတ်စ။ “နေ့စားခ ဘတ် ၃၀၀ ပေးရမယ်။ အချိန်ပိုကြေး ၁ နာရီကို ၅၆ ဘတ်ပေးရမယ်။ အလုပ်မရှိရင် နေ့စားခရဲ့ ၇၅ ရာခိုင်နှုန်းပေးရမယ်” စတာတွေပါဝင်နေတာကြောင့်ပါပဲ။
ဒီတော့ကာ LPO ရုံးက လ/ထ ညွှန်မှူး ဖိဆွန်ဘွန်းကလည်း “ဖေဖော်ဝါရီလ ၂၈ ရက် စာချုပ်ဟာ အသက်မ၀င်ဘူး။ မနှစ်က ၂၀၁၂ ခုနှစ် မေလ စာချုပ်ကမှ အသက်ဝင်တာ” လို့ ပြောလာပြန်ပါတယ်။ ကိုင်းဗျာ… ၂၀၁၂ ခုနှစ် မေလ စာချုပ်ကရော ဘာတွေပါဝင်နေလို့လဲ။ “နေ့စားခ ၁၅၅ ဘတ်ပေးရမယ်။ အချိန်ပို ၁ နာရီကို ၂၅ ဘတ်ပေးရမယ်။ အလုပ်မရှိရင် နေ့စဉ် ဟင်းဖိုး ၃၀ ဘတ်ပေးရမယ်တဲ့” သြ…ဒါမျိုးတော့ အလုပ်သမားကို နည်းနည်းပဲပေးရလေလေ သူတို့အတွက်များများကျန်လေဖြစ်တော့မပေါ့ဗျာ။ ဒါကိုလည်း ဖိဆွန်ဘွန်းဆိုတဲ့ LPO ဦးစီးအရာရှိ မသိဘူးမှတ်နေလို့လား။ သူက ဒီလိုလည်းပျော့တိပျော့ဖတ်နဲ့ အလုပ်ရှင်အလုပ်သမားပြဿနာကို ကိုင်တွယ်ဖြေရှင်းလာတာကြာခဲ့ပြီပဲ။ ရှေ့က ဦးစီးအရာရှိ ဖိမဲ့တာ (တာ့ခ်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး) က အလုပ်သမားတွေသက်သာပါစေတော့ ဆိုပြီး ဘတ် ၃၀၀ စီမံကိန်းပါဝင်တဲ့ ၂၀၁၃ ဖေဖော်ဝါရီလ စာချုပ်ကို ချုပ်ဆိုပေးခဲ့တယ်။ ဟော.. အခုလက်ရှိတာဝန်ကျဦးစီးအရာရှိ ဖိဆွန်ဘွန်းကတော့ ရှေ့ကလက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်သလိုဖြစ်မနေပေဘူးလား။
(Photo-Master Plan ချမှတ့်ကြ/JACBA)
ကိုင်း…အခုရမယ့် ဖေဖော်ဝါရီလ လစာဆိုတာကိုရော တစ်ချက်ကလေးကြည့်ကြပါဦး။ မြန်မာအလုပ်သမား ၆၀၀ လောက်ရှိတဲ့အထဲမှာ အများဆုံးအလုပ်လုပ်ရသူက တစ်လလုံးမှ ရက် (၂၀) ပဲတဲ့။ အနည်းဆုံး အလုပ်လုပ်ရသူတွေက အလုပ်သမားကိုယ်စားလှယ် (ခေါင်းဆောင်) ပိုင်းတွေဖြစ်ကြပြီး တစ်လလုံးမှ ၁၀ ရက်၊ ၁၂ ရက်ထဲပဲ တစ်လလုံးမှ ၁၀ ရက်၊ ၁၂ ရက်ထဲပဲဆိုတော့ကာ လစာထုတ်ရင်လည်း (၇၀၀၊ ၈၀၀) ဘတ်ပဲရမှာဆိုတော့ အခုဘာနဲ့စားကြရမှာလဲ။ အလုပ်ကလည်း (၈၇) ယောက်ကြီးများတောင် အခု၇က်ပိုင်းပဲ အလုပ်ဖြုတ်ထားတာ ဆိုတော့ကာ၊ လစာထုတ်ပြီး၇င်စက်၇ုံကနေထွက်ပေးကြရမှာလေ။ ဒီတော့ မနေ့က (မတ်လ ၂၇ရက်) နေ့က LPO ရုံးမှာ အလုပ်ရှင်ဘတ်က လစာငွေတွေ လာပေးတာကို အလုပ်သမားတွေက သွားမထုတ်ကြပဲ ဆန္ဒပြဖို့သာ ဆိုင်းဘုတ်တွေ၊ လက်ကိုင်ပိုစတာတွေ၊ အခြားစီစဉ်ပြင်ဆင်စရာတွေကိုပြင်ဆင် နေကြပြီးတော့ မဲဆောက်မြို့က ရဲစခန်း၊ မြို့ပိုင်ရုံးယာဉ်ထိန်းရဲရုံး၊ နယ်ခြားစောင့်တပ်ဖွဲ့ရုံး၊ One Stop Service (Tak) ရုံးက မြန်မာအလုပ်သမားဝန်ကြီးဌာန ဒုတိယ လ/ထ ညွှန်မှူး ဦးသက်ဦးစသဖြင့် ဆန္ဒပြမယ့် အကြောင်း အသိပေးအကြောင်း ကြားထားတယ်လေ။
တဖက်ကလည်း စစ်ကြောင်းမှူးနဲ့ လ/ထ စစ်ကြောင်းမှူးက ဘယ်သူ၊ လမ်းကြောင်းမှူးက ဘယ်ဝါ၊ လမ်းကြောင်းလုံခြုံရေး၊ လမ်းကြောင်းသတင်းနဲ့ မှတ်တမ်းတင်ရေး၊ လမ်းကြောင်း ရိက္ခာနဲ့ ရေဖြန့်စေရေး၊ လမ်းကြောင်းဆေးဘ က်အထောက်အကူပြုရေး၊ လမ်းကြောင်းစည်းကမ်းထိန်းသိမ်းရေ၊ လမ်ြးော့င်းသန့်ရှင်းရေး (မိမိအမှိုက်မိမိစွန့်ပစ်သိမ်းရေး) လမ်းကြောင်း အင်တာဗျူးတာဝန်ဘယ်သူ စသဖြင့် စနစ်တကျအစီအစဉ်တွေကို ချမှတ်ရေးဆွဲကြတယ်လေ။ Master Plan တောင်ချမှတ်ပြီးစီးပါပြီ။
(Photo-Master Plan ချမှတ့်ကြ/JACBA)
ကိုင်း… ရွေးချယ်စရာမရှိတဲ့ ထွက်ပေါက်ပိတ်နေတဲ့ အလုပ်သမားတွေကို LPO ရုံးဦးစီးအရာရှိ ဖိဆွန်ဘွန်းက အခုမတ်လ ၂၉ ရက်နေ့ (မနက်ဖြန်) မှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေ့ဆုံကြရအောင်တဲ့။ ဒဏ္ဍာရီတွေ၊ ပုံပြင်တွေဆိုရင် မယုံတတ်တာဟာ အလုပ်သမားရေးရာအတွေ့အကြုံတွေများသူတွေက နှောနေအောင် သိကြတာပ။
ကဲဗျာ… မနက်ဖြန်တွေဆိုလည်း တွေ့ရမျာပေါ့။ လောလောဆယ်တော့ ကျုပ်တို့ဘက်က ဆန္ဒပြဖို့တော့ ပြင်ဆင်မှုမပျက်ဘူးနော်။ ဆန္ဒပြဖိုအဆင်သင့်ဖြစ်နေကြပြီ။ သူတို့တတွေပြောနေကြတာ ဖန်တစ်ရာထပ်နေပြီ…။ သူတို့မှာ ရွေးစရာလမ်းမရှိကြဘူးတဲ့။
ဒီကနေ့တော့ မနေ့ကဆန္ဒပြမယ့်အကြောင်း ကြိုတင်အကြောင်းကြားစာကို ထိုင်းဥပဒေအတိုင်း ၂၄ နာရီ ကြိုတင်ခွင့်ပန်ထားတာမို့လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကျေးဇူးရှင်တွေဖြစ်ကြတဲ့ တာ့ခ်ခရိုင် လ၀ကဋ္ဌာနနဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က အရာရှိအချို့နဲ့ စကားပြန်အချို့ ဟာ SD Fashion Co,ltd (အရပ်အခေါ်-ချန်ပီယံ) ရှိရာကိုလာရောက်ပြီး အလုပ်ရှင်ကိုအကျိုးအကြောင်းလာရောက်မေးမြန်းသွားသလို အလုပ်သမားကိုယ်စားလှယ်အချို့ကိုလည်း တွေ့ဆုံသွားကြောင်း သိရပါတယ်။ ဘာပဲဖြစ်ဖြစ်SD Fashion Co,ltd (အရပ်အခေါ်-ချန်ပီယံ) စက်ရုံအလုပ်သမား ၅၀၀ လောက်ဟာထိုင်းနိုင်ငံ အလုပ်ရှင်နဲ့ အလုပ်သမား စေ့စပ်ဖျန်ဖြေရေး အက်ဥပဒေ (BE-2518/1975) အရပထမအဆင့် အလုပ်ရှင်ထံစာပို့ခြင်းနဲ့ အဖြေစောင့်ဆိုင်းခြင်း ၃ ရက်၊ ဒုတိယအဆင့် အလုပ်ရှင်နဲ့အလုပ်သမားတို့ဟာ ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံးမှာ ညှိနှိုင်းဖြေရှင်းခြင်း၊ ၅ရက်၊ တတိယအဆင့်အနေနဲ့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်အဆင့်ဆင့်ထံ ဆန္ဒပြမည့်အကြောင်း ဆက်သွယ်အကြောင်းကြားစာ ပေးပို့ခြင်း ၂၄ နာရီ (၁ရက်) စသဖြင့်ဥပဒေအတိုင်း အဆင့်ဆင့်ဖြတ်ကျော်လျှောက်လှမ်းကြရင်း မိမိတို့အလိုရှိရာ ပန်းတိုင်ဆီကို အကျအဆုံးအနည်းဆုံးနဲ့ ဦးတည်ချီတက်ကြဖို့ လိုအပ်ပါကြောင်း မီးမောင်းထိုးပြပါရစေ။ ။
အို… သူတို့မှာ ဆန္ဒပြကြရုံကလွဲလို့ ရွေးချယ်စရာလမ်းမရှိကြတော့ပါကလား။
**ခွန်အားမျှဝေ … တို့တတွေသည် … မလွဲမသွေ … ပြည်သူတွေအတွက်**
*သောင်ရင်းနဂါး*
…

No comments:
Post a Comment