ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 18, 2013

>
-ညောင်ပင် သရဲ-
ကျွန်မတို့မြို့နယ်လေးက ရန်ကုန်ပြည်ကားလမ်း နဘေးမှာပေါ့။ ကျွန်မတို့ အိမ်လေးရှိတဲ့နေရာက အဲ့ဒီကားလမ်းဘေးကနေ လမ်းသွယ်လေးကတဆင့် ဝင်ရတယ်။ လမ်းသွယ်လေးရဲ့ ထိပ်က ရပ်ကြည့်ရင်တောင် လှမ်းပြီး မြင်ရနိုင်တဲ့ နေရာမှာ ရှိတဲ့ ကျွန်မတို့ အိမ်လေးစီကို ရောက်ဖို့ ၂ မိနစ် ၃ မိနစ်သာ လမ်းလျှောက်ရပါတယ်။ သိပ်မဝေး ဘူးပေါ့။ ကျွန်မတို့ အိမ်ရှေ့ မရောက်တရောက်နေရာမှာ လမ်းခွဲလေး ၂ ခု ထပ်ရှိတယ်။ ဘယ်ဘက် နဲ့ ညာဘက် မှာပေါ့။ ဒီလိုဆိုတော့ ကျွန်မတို့ အိမ်က လည်းဦးတိုက် လှေဦးတိုက် ဆိုတဲ့ နေရာမှာ ရှိနေသလိုပေါ့။ ခရစ်ယာန်ဖြစ်တဲ့ ကျွန်မတို့ မိသားစုက ဒါမျိုး ကို သိပ်ကြီး ထူးထူး ခြားခြား ဆိုးဝါးတယ်လို့တော့ မမြင်မိပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာ အမျိုးများနဲ့ အတူကြီးပြင်းလာတဲ့ အဖေကတော့ အကာအကွယ်အဖြစ် မှန်အသေးလေးတစ်ချပ်ကို အိမ်ပေါ်တီကိုရဲ့ အပေါ်ဘက်နားမှာ ကပ်ပြီးရိုက်ထားပါတယ်။ ကျွန်မတို့ အိမ်ရဲ့ အရှေ့ဘက် ၊ လမ်းသွယ်လေး ရဲ့ ညာဘက်မှာတော့ အထက်တန်းကျောင်း ရှိပြီး ဘယ်ဘက် မှာက ညောင်ပင်အကြီးကြီး တပင်ရှိတယ်။ ညောင်ပင်ရဲ့ ဘေးဘက်မှာက စက်ဘီးဆိုင် နဲ့ သူ့ဘေးမှာက ကာရာအိုကေဆိုင်။ အဲ့ဒီညောင်ပင်က တော်တော်ကြီးကို ကြီးတဲ့ ညောင်ပင် ပြီးတော့ ညောင်ပင် တို့ရဲ့ သဘာဝအတိုင်း တခြားအပင်ကိုပါ ဝါးမြိုထားသေးတယ်..။ ကြည့်လိုက်ရင် ကြောက်စရာ တော်တော်ကြီးကို ကောင်းတဲ့ ညောင်ပင်က ကျွန်မတို့ရဲ့ လမ်းထိပ်တည့်တည့်မှာ တည်ရှိနေတာ ကံကောင်းဖို့လား ကံဆိုးဖို့လားတော့ မသိပါဘူး။ အဲ့ဒီအပြင်လဲ ဒီညောင်ပင် အကြောင်း ပါးစပ်ရာဇဝင်တွေ က လဲ အမျိုးမျိုး ရှိသေးရဲ့။ လပြည့်ညတွေ ဘာတွေဆို ဘာကောင်ကြီးဆင်းလာတယ် ဘာညာတွေပေါ့။ ကျွန်မတို့အိမ်ရှေ့နား တည့်တည့်မှာတော့ တြိဂံပုံရှိနေတဲ့ မြက်ခင်းပြင်ကြီးပါ။ အတော်လေး ကျယ်ပါတယ်။ လသာတဲ့ ညမျိုးတွေမှာ ကလေးတွေစုပြီး အဲ့ဒီနေရာမှာဆော့ကြ၊ လူကြီးတွေ စုပြီး ထိုင်စကားပြောကြနဲ့ တောရွာ ဓလေ့ လိုပါပဲ။ သူခိုးကြီး၊ သူခိုးလေး ညတွေမှာဆိုလဲ ရွာထဲပတ်သောင်းကျန်းပြီး ပါလာတဲ့ စားစရာတွေထိုင်စား၊ မဟုတ်လဲ အဲ့ဒီအိမ်ရှေ့နားမှာ ကြက်သားနဲ့ ဘူးသီး ချက်စားကြတယ်။ ခုချိန်ပြန်စဉ်းစားကြည့်ရင် ညဘက်အချိန်ကြီး အိမ်ရှေ့မှာ ချက်ပြုတ်စားသောက်ကြတာ ကြက်သီးထစရာပါ။ ဒါပေမယ့် အလေ့အထ ဖြစ်နေလို့လား အဲ့ဒီအချိန်လူကြီးတွေလဲ ဘာမှ မပြောကြပါဘူး။ တရုတ်ကားတွေ ခေတ်စားတဲ့ အချိန်မို့ ဇာတ်လမ်းတစ်ခုထဲက မေချောက်ဖုန် သရဲမ အကြောင်းတောင် ပြောပြီး တစ်ယောက်နဲ့ တစ်ယောက်စနောက် နေကြသေးတယ်။ နယ်မြေသန့်လို့ပဲလား တော့မသိ ကျွန်မတို့ ဘာမှ ထူးထူးခြားခြား မကြုံတွေ့ခဲ့ဖူးပါဘူး။ ထူးထူး ခြားခြားဆိုတာ ထိတ်လန့်စရာ၊ မမြင်ရတဲ့ အနှောင့်ယှက်မျိုးပေါ့။ တကယ်တမ်းကြုံမယ့် ကြုံတော့လဲ................

 သိပ်ကြီး အထိတ်တလန့်မဟုတ်ပေမယ့် ပြန်စဉ်းစားလိုက်တိုင်း ခုချိန်ထိ အူထဲ အသည်းထဲက ယားမိတာအမှန်ပဲ။ ကျွန်မ ဆယ်တန်းဖြေပြီးတဲ့ အချိန် အမေက ခေါင်းဆေးတဲ့ အနေနဲ့ စိတ်လက် ကြည်သွားအောင် ခရီးထွက်ဖို့ စီစဉ်ပါတယ်။ မောင်နှမ မွေးချင်း မရှိတဲ့ ကျွန်မ တစ်ယောက်ထဲ ဖြစ်နေရင် ပျင်းမှာစိုးတာနဲ့ အိမ်ဘေးက ညီမလို ချစ်ခင်ရတဲ့ ညီမလေး တစ်ယောက်ကို အဖော်အဖြစ်ခေါ်ပေးပါတယ်။ သွားမယ့်နေရာက ချောင်းသာပါ။ အဖေကတော့ အိမ်မှာ ကျန်ခဲ့တယ်။ ပင်လယ်ပြင်ကို အမြဲ ခရီးထွက်နေရတဲ့ အဖေက ချောင်းသာလို နေရာမျိုးကို ထူးထူးခြားခြား စိတ်ဝင်စားမှုမရှိသလို အိမ်မှာလဲ ခွေးကလေး ကြောင်ကလေးတွေကို တခြားသူနဲ့ မထားခဲ့ချင်တာနဲ့၊ အမေနဲ့ ကျွန်မကို ပဲ ခရီးသွားခိုင်းတယ်။ ညီမလေး တစ်ယောက်အပါအဝင်ဆိုတော့ သုံးယောက်ပေါ့။ ညဘက် ပစ္စည်းတွေ ထုပ်ပိုးကြတယ်။ မနက် ချောင်းသာသွားမယ့် Mini Bus က ဂိတ်ကနေ မနက် ၆ နာရီထွက်မယ်။ ကျွန်မတို့ မြို့နယ်လေးကနေ ရန်ကုန်မြို့ထဲ အထိ လိုင်းကားနဲ့ဆို ၄၅ မိနစ်လောက်စီးရတယ်။ ဒါကြောင့် စောစောအိပ်ပြီး စောစော ထကြမယ်ပေါ့။ ပစ္စည်းတွေ ထုပ်ပိုးလို့ပြီးသွားတော့ ခရီးတောင်အိတ်တွေ သော့ခတ်ဖို့ရာ သော့ကမရှိဘူး ဖြစ်ရော။ သော့အသေးလေးတွေ မဝယ်ထားမိတာဘူးလေ။ ဒါပေမယ့် ကိစ္စတော့မရှိဘူး လမ်းထိပ်ကဆိုင်တွေက ညဘက် ၁၀ နာရီလောက်ထိ ဖွင့်ကြတယ်။ ဒါနဲ့ ကျွန်မနဲ့ ညီမလေးလဲ သော့အဝယ်ထွက်ခဲ့ကြတယ်။ ဓါတ်မီးတစ်လက်နဲ့ပေါ့။ အော် ပြောရပါဦးမယ်။ အဲ့ဒီ ညီမလေးက သတ္တိခဲလေး။ သရဲကားဆို ကြည့်ချင်တာလဲ သူ ကြည့်ပြီးပြီဆိုရင်တော့ ဘယ်မှာကို တစ်ယောက်ထဲ မသွားရဲတော့ဘူး။ သရဲအကြောင်းပြောမယ်ဟေ့ ဆိုလဲ သူ့လောက်နားထောင်ချင်တဲ့ သူမရှိ။ ပြီးရင်လဲ ရှိသမျှလူတွေကြားထဲ အတင်းတိုးပြီး အလည်တည့်တည့်မှာ ထိုင်တော့တာပဲ။ အဲ့ဒီ သတ္တိခဲလေးနဲ့ ကျွန်မ ၂ ယောက်အတူ လမ်းထိပ်သော့ အဝယ်ထွက်လာကြတယ်။ ည ၉ နာရီလောက်ပေါ့။ မကြောက်ဘူး ထင်လို့လား !!! ကြောက်တာပေါ့ ။ကျွန်မတို့ လမ်းက အဲ့ဒီအချိန် လမ်းမီးမရှိ။ ရှိရင်လဲ မလာ တာများတယ်။ ဘေးဘက်မှာကျောင်းနဲ့ ဝပ်ရှော့။ အဲ့ဒီနေရာတွေက ညဘက်ဆို လူမရှိတော့ဘူးလေ။ ကျောင်းဝန်းထဲ ယောင်လို့ မျက်စိဝေ့မကြည့်မိနဲ့ စိတ်ထဲ အရိပ်တွေ ဟိုပြေး ဒီပြေးနေသလိုပဲ။ ကျောင်းဆောင်တွေကလဲ ညဘက်ဆို မဲမဲ မဲမဲ နဲ့ မို့ ကြည့်မိတိုင်းလဲ ကြက်သီးထမိတယ်။ တကယ်တော့ လမ်းက တိုတိုလေးပါ။ ဒါပေမယ့် ကြောက်စိတ်ကြောင့် ရှည်နေသလိုပဲ။ ဒါတောင် နေ့တိုင်းသွားနေကျလမ်း။ တခါတလေလဲ ညဘက် မုန့်တွေ ဘာတွေ ထွက်ဝယ်စားနေကျ။ အဲ့လိုနဲ့ လမ်းလျှောက်လာတော့ လမ်းထိပ်က ညောင်ပင်ကြီးနား ရောက်လာပါရော။ အဲ့ဒီ အချိန် ညီမလေးက ဘာရယ်မဟုတ် ဓါတ်မီးနဲ့ အပင် အပေါ် အအောက် လျှောက်ထိုးကြည့်တယ်။ အမလေး တောက်တဲ့ တွေမှ အများကြီးရယ်။ ကျွန်မတို့ အပင် အောက်နားက ဖြတ်လျှောက်ရတာလေ။ အဲ့လို ကြည့်ပြီး ဆက်လျှောက်ရင်း ဆိုင်ရောက်တယ်။ သော့ဝယ်တယ်။ ပြီးတော့ နှစ်ယောက်သား ပြန်လာကြတယ်။ အပြန်လဲ အဲ့ဒီ ညောင်ပင် ပြန်ဖြတ်လျှောက်ရတာပဲ။ အဲ့မှာ ဇာတ်လမ်းကစတာ။ ညောင်ပင်အောက်ကို ရောက်ရောက်ချင်း ဒုတ် ဆို ခဲလုံးတစ်လုံး ပြုတ်ကျလာတယ် ။ အဲ့အချိန် ညီမလေးက ဘာပြောလဲ ဆိုရင် သူထင်တာက အဲ့ဒီအနား ကာရာအိုကေဆိုင်က ဦးလေးကြီး က လှမ်းစတယ်လို့ ထင်တာ။ ဒါနဲ့ပဲ “ ဦးထွန်းလွင် မစနဲ့နော်” လို့ လှမ်းအော်တယ် ဒါပေမယ့် ဘာသံမှ ထွက်မလာဘူး။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ကာရာအိုကေဆိုင် မရောင်ခင် ညောင်ပင်နဲ့ ကာရာအိုကေဆိုင်ကြားမှာ စက်ဘီးဆိုင်ရှိသေးတယ်။ ခုက ညဆိုတော့ပိတ်ပြီ။ ကာရာအိုကေဆိုင်ကလဲ ခုနကပဲ ကျွန်မတို့ ဆိုင်ရှေ့က ဖြတ်လျှောက်လာတာ ဘယ်သူဆို ဘယ်သူမှ မရှိ။ ကျွန်မက ဒါကို သတိထားမိတယ်။ ဒါပေမယ့်လဲ စိတ်က နဲနဲ တိုသွားတာက ခဲလုံးက ခေါင်းနားကို ကပ်ပြီးကျတာကို ဒါနဲ့ ကျွန်မစိတ်ထဲ ပေါက်ပေါက်ရှိတာနဲ့ “ ဒီမှာ ဦးထွန်းလွင်သော ဘာသောနားမလည်ဘူး စရင် လဲ ကြည့်စ ခဲ လုံး ခေါင်းပေါ်ကျလို့ကတော့ မလွယ်ဘူးနော် “ ဆိုပြီး လှမ်းအော်လိုက်တယ်။ အမလေး အဲ့ဒါမှ ပိုဆိုးတာ ဘာဖြစ်လဲ သိလား ? ကျလာလိုက်တဲ့ ခဲလုံးတွေများ၊ ခဲလုံးဆိုတာထက် ခဲ့ပြားလို့ ပြောရင်ပိုမှန်မယ် အလုံးတွေ အဟုတ်ဖူး အုတ်နံရံ အချပ်လို အပြား သေးသေး လေးတွေ ဘုရားစူး ရုတ်တရက်ကြီး ဆယ်ခုလောက်ပြိုင်ပြီး အပင်ပေါ်က ကျလာတာ။ ဘယ်ပြောကောင်မလဲ သတ္တိခဲလေးက အမလေး သရဲ ဆိုပြီးအော်ပြေးတော့တာ၊ ကျွန်မက ပြေးမယ်ထင်လား မပြေးဘူး အဲ့ဒီ အပင်နားမှာ ကြောင်ပြီးရပ်နေတာပါဆို။ အော် ဘယ်လိုဖြစ်မှန်းမသိဘူး။ စိတ်ထဲ မှာ ကြောက်တယ် ဒါပေမယ့် မပြေးဖြစ်ဘူး ဘာလို့လဲ ဆိုတာ မသိဘူး။ ဒါပေမယ့် အရှေ့တော်တော်လေးကို ရောက်နေတဲ့ ညီမလေးကို လှမ်းအော်ဖို့တော့ သတိရတယ် ဓါတ်မီးကသူ့စီ မှာကိုး။ ဒါပေမယ့် ကျွန်မ ဘယ်လို လှမ်းအော်ခေါ်လိုက်လဲ တော့မမှတ်မိတော့ဘူး ညီမလေးက ရပ်ပြီးစောင့်တယ်။ ဒါနဲ့ပဲ ကျွန်မတို့ နှစ်ယောက်သား ဓါတ်မီးကို အရှေ့ဘက်ထိုးကြည့်လိုက်၊ အနောက်ဘက်ထိုးကြည့်လိုက်နဲ့ သုတ်သုတ် သုတ်သုတ် လျှောက်လာကြတယ်။ စိတ်ထဲမှာတော့ အဲ့ဒီလှမ်း အရှည်ကြီး လျှောက်ခဲ့ရသလိုပဲ။ ဟူး မောလိုက်တာ မပြောပါနဲ့။ အိမ်ရောက်တော့ လူကြီးတွေကို ပြောပြတယ် ။ သရဲခြောက်ခံရတယ်လို့။ ဘယ်ယုံမှာလဲ ကလေးစကားကိုး ဒါပေမယ့် ကျွန်မတို့ ကြုံတွေ့ခဲရတာက ဖြစ်ရပ်မှန်လေ။ ဒါကို နှစ်ယောက်လုံး ခုချိန်ထိမမေ့ဘူး။ ခုတော့လဲ အဲ့ဒီညောင်ပင် ကြီး မရှိတော့ပါဘူး။ နာဂစ်နောက်ကို ပါသွားလေရဲ့ ။ ကျွန်မတို့ကို ခဲနဲ့ ပစ်ခဲ့တဲ့ အပင်ပေါ်က ဆရာသမားလဲ ခုချိန်ဆို နေရာသစ်မှာ ပျော်နေလောက်ပြီထင်ပါတယ်။းD 

**အိမ်မက်စေရာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)