ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 26, 2013

> -ဦးကိုမောင်၏ ပြုံးစိစိများ (၂၁-၃)-
**ထူးဆန်းတဲ့ သတင်း သုံးပုဒ် **

၁ ။ ဘာသာပြန် ညံ့ဖျင်း အမေရိကန် သမ္မတ အိုဗားမား ရဲ့ သမိုင်းဝင် မိန့်ခွန်းကို ဘာသာအသီး သီး ပြန်ဆိုရာမှာ မြန်မာဘာသာပြန်က ပြန်ဆိုပုံ၊ ဝါကျဖွဲ့စည်းပုံ၊ ဝိဘတ် ထားပုံ၊ သတ်ပုံ၊ ချောမောခြင်း မရှိပုံ စသဖြင့် စသဖြင့် စသဖြင့် အလွန် ညံ့ဖျင်း ကြောင်း မြန်မာစာ တစ်လုံးမှ မတတ်သည့် အမေရိကန်တို့က ထောက်ပြ ဝေဖန်နေကြကြောင်း သိရပါတယ်။ မြန်မာတွေကတော့ သည်းခံတတ်သူများ ပီပီ ဘာမှ မပြောကြပါ။

၂ ။ သူများတို့ကို ပြောရောပေါ့ နာမည်ကြီး ( တအားကြီးတာ ) တရားပွဲ တစ်ပွဲကနေ အပြန် မိတ်ကပ် အ ထူးကျွမ်းကျင် ပညာရှင်တစ်ယောက်က စုပ် တသပ်သပ်နဲ့ ဒီလို ပြောပါသတဲ့ " သူများတို့ကို ပြောရောပေါ့၊ မလုပ်တတ်ဘဲ လျှောက်လုပ်ပေးထားကြတယ်၊ ဒါမျိုးဆို........................... " ဘယ်သူရဲ့ မိတ်ကပ်ပြင်ဆင်မှုကို အားမလို အားမရဖြစ်လို့ ပြောတာလဲ ဆို တာတော့ ဒီသတင်း ရေးပြီးချိန်အထိ မသိရပါ။ ရှေ့ဆုံးအတန်းမှာ ထိုင်ရင်း တရားနာနေတဲ့ မင်းသမီးတစ်ယောက်ကို မြင်ပြီး ပြောတာ ဖြစ်ကောင်းပါရဲ့ လို့ ဗုဒ္ဓဘာသာတွေက ဆုတောင်းနေကြပါသတဲ့။

၃ ။ သောင်းငွေ လား နီလာသောင်း လား မြန်မာ နိုင်ငံရဲ့ လက်ရှိ ခေါင်းဆောင် နှစ်ယောက်နာမည်ကို ကြည့်ရာ သန်းရွှေ ( သင်္ချာ အရေအတွက် ၊ ရတနာ ၇ ပါး အမည် ) သိန်းစိန် ( သင်္ချာ အရေအတွက်၊ ရတနာ ၇ ပါး အမည် ) တူနေတာကို တွေ့ရပါတယ်။ ဒါကြောင့် နောက်တက်လာမယ့် ခေါင်းဆောင်ဟာ ဒီပက်တန်အတိုင်း သွားမယ်ဆိုရင် ယောက်ျားဖြစ်က " သောင်းငွေ " အမျိုးသမီးဖြစ်က " နီ လာသောင်း " ဖြစ်နိုင်တယ်လို့ ချဲဂဏန်း ပညာရှင်များ အဖွဲ့က ခန့် မှန်းနေကြကြောင်း သိရပါတယ်။

ဦးကိုမောင်

 *** ပါလီမန် လွှတ်တော်မှ ထုတ်ပြန် ကြေငြာချက် ***

၁ ။ လျှပ်စစ်မီးကိစ္စ လျှပ်စစ်မီးများ ပျက်ခြင်းသည် အစိုးရနှင့် မဆိုင်၊ ထရန်စဖော်မာပုံး များနှင့်သာဆိုင်သည်။ ထို့ကြောင့် လျှပ်စစ်မီးပျက်ခဲ့သော် ထရန်စဖော်မာပုံး နှင့်အနီးဆုံးတွင်ရှိသော တာဝန်သိ ပြည်သူတစ်ယောက်ယောက်က ( မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ) ထရန်စဖော်မာပုံးကို ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ပေးရန်လိုအပ်ပါသည်။ ခြေထောက်ဖြင့် ခပ်နာနာလေး ကန်ဟူသည် ခြေထောက်ဖြင့် ခပ်နာနာလေး ကန်၊ တုတ် စသည်ဖြင့် မရိုက်ရဟု ဆိုလိုသည်။ ထိုသို့ ကန်လိုက်ခြင်းကြောင့် ခြေထောက်မှာ ဒဏ်ရာရသော် ဆေးဖိုးဝါးခ လိုအပ်သည်ထက် ပိုမတောင်းရန် ထရန်စဖော်မာပုံးများ နှင့် နီးသော ဆေးရုံ ဆေးခန်းများကို အမိန့်စာ ထုတ်ပေးပြီးဖြစ်သဖြင့် ပြည်သူများ အနေဖြင့် စိုးရိမ်စရာ မလို။

 ၂ ။ လျှပ်စစ်ပစ္စည်းများ မသုံးစွဲရန် လွှတ်တော်ပါလီမန်ထဲ၌ အရေးတကြီးကိစ္စများ ဆွေးနွေးရာ လွှတ်တော်ပါလီမန်အတွင်းရှိ နဗီဂိတ်တာများ၏ ဆစ်ဂနယ်များ ရောထွေးသွားနိုင်သဖြင့် ပြည်သူများ အနေနှင့် ဆဲလ်ဖုန်း၊ ကွန်ပျူတာ အင်တာနက် စသည့် လျှပ်စစ်ပစ္စည်းများ မသုံးစွဲကြရန် မေတ္တာရပ်ခံလိုက်သည်။ ထိုသို့သော အပြုအမူတို့ကြောင့် ပါလီမန်၏ ဆုံးဖြတ်ချက်များ နှောင့်နှေးစေနိုင်သည်ဟု မြန်မာ့ ပညာရှင်တို့ တွေ့ရှိခဲ့ရသည်။ မနေ့က သမ္မတရုံးသို့ ပို့လိုက်နိုင်သော ရင်းနှီးမြှပ်နှံမှုဆိုင်ရာ ဥပဒေအတည်ပြုချက်သည် မီးဖြတ်ပြီး လျှပ်စစ်ပစ္စည်း သုံးစွဲမှု ရပ်တန့်လိုက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။

၃ ။ စကားလုံးကြီးများ မသုံးစွဲရန် နိုင်ငံတော်၏ ဒီမိုကရေစီသည် နုနု နယ်နယ်သာ ရှိသေးသည်။ ထို့ကြောင့် သုံးစွဲသူကိုယ်တိုင် မနိုင်မနင်း မ ယူနေရသည့် မဏ္ဍိုင် မဏ္ဍပ် မဟာဗျူဟာ စူဠဗျူဟာ စသောပါဠိသက် မြန်မာ ဝေါဟာရများ၊ ဟူးမင်းရိုက် ဟျူမီလီယေးရှင်းရိုက်၊ စထရက်ဒဂျီ ထရက်ဂျဒီ စသော အင်္ဂလိပ် ဝေါဟာရများဖြင့် ပစ်ပေါက်၍ မကစားကြရန်၊ အထူးသဖြင့် သမ္မတကြီးကို မျက်ရည်ယိုစေသော ပေါက်တတ်ကရ မေးခွန်းများ မမေးကြရန်ဖြစ်သည်။ နိုင်ငံအတွက် မျက်ရည်ကျရသော ခေါင်းဆောင်များတွင် အေဗရာဟင် လင်ကွန်း၊ တိန်ရှောက်ဖိန်တို့မှအစ လီကွမ်းယု အထိပါဝင်ကြောင်းသိရသည်။ နောက်နောင် မျက်ရည်ယိုမေးခွန်း မေးပါက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် တားမြစ်မည်ဖြစ်သည်။
၎ ။ အလုပ်လက်မဲ့ ပြဿနာ တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသော ဤ ပြဿနာကို စစ်အစိုးရ လက်ထက်ကတည်းက အမျှော်အမြင်ကြီးစွာ ဖြေရှင်းနိုင်ခဲ့သည်။ ဥပမာ ကားလမ်းများ ညီညွတ်နေလျှင် မိုးရွာအပြီး ရေများက သူ့ အလိုလို အောက်စီးသွားသဖြင့် မည်သူမှ အလုပ်မရနိုင်တော့။ ယခုမူ အမျှော်အမြင်ကြီးစွာ မညီအောင်လုပ်ထားသဖြင့် မိုးရွာအပြီး တံမြက်စည်းများဖြင့် လှဲကျင်းပေးရသည်။ ထို့ကြောင့် စည်ပင်သာယာ ဝန်ထမ်းများစွာကို အလုပ်ပေးထားနိုင်ခဲ့သည်။ ဤသို့သော စီးပွားရေး ပညာရှင်အချို့နှင့် ဖွဲ့စည်းထားသော အစိုးရကို ပိုင်ဆိုင်ထားသော မြန်မာပြည်သူများ အနေနှင့် ကံကောင်းသည်ဟု ဆိုနိုင်ပြီး ဉာဏ်ရှိသရွေ့တော့ ပြည်သူ့တာဝန်ကို ဘယ်သူမှ မပေးဘဲ ကိုယ်ဘာသာကိုယ် လွှတ်တော်အမတ် ရာခိုင်နှုန်းများများ ယူပြီး အကောင်းဆုံး လုပ်ဆောင်သွားမည်ဟု သံဓိဋ္ဌာန်ပြုကြသည် ။

ပုံ အမိန့်အရ

 ဦးကိုမောင်၊ အလယ်လွှတ်တော် အမတ် ( ကြီး )  

**ဓမ္မ ခမည်း ခမက်များ ဥပေက္ခာ အသင်းတော်ကြီး **

 ကျနော့် မိတ်ဆွေ ရွေးခဲ့တဲ့ ပရဟိတ အဖွဲ့ နာမည်ပါ။ သူတို့ အသင်းကို မှတ်ပုံတင်ဖို့ သွားတုန်းကတော့ ဒီထက်လှတဲ့ နာမည်လေး တစ်ခုခု ကို စိတ်ကူးခဲ့ပါ သတဲ့။ ဥပမာ ပုညသဟာယ။ မရှိတော့ပါဘူး။ နာမည်တူ ရှိပြီးသားပါ။ ဓမ္မမိတ်ဆွေများ။ ဓမ္မ ညီအကို မောင်နှမများ။ တစ်ခုမှ မရှိတော့ပါ။ ဒါနဲ့ အင်္ဂလိပ်လို စဉ်းစားကြည့်တယ်။ Buddhist Fellowship. Dhamma Fellowship စသည်။ ဒါတွေလည်း မရတော့ ပါဘူး။ ရီလေးရှင်းနဲ့ ပတ်သက်တဲ့ နာမည်တော့ မရနိုင်တော့ဘူး။ ဒါနဲ့ ဗြဟ္မစိုရ် ဆန်ဆန် နာမည်လေးတွေ ရွေးကြပြန်တယ်။ မေတ္တာရှင်။ မေတ္တာပန်းတို့ ဘာညာ ဘာညာ။ မကျန်တော့ပါဘူး။ ကရုဏာ နာမည် နဲ့လည်းမရ၊ မုဒိတာနဲ့လည်း နောက်ကျ။ သူများ မယူသေးလို့ ကျန်တာက ရီလေးရှင်းနဲ့ ပတ်သက်လို့ ခမည်း ခမက်၊ ဗြဟ္မစိုရ် နဲ့ ပတ်သက်လို့ ဥပေက္ခာ။ ဒါတောင် နောက်တစ်ပတ်လောက်ကြာရင် မသေချာဘူး ဆိုလို့ ကျနော့် မိတ်ဆွေက ဒီနာမည်နဲ့ပဲ မှတ်ပုံ တင်ခဲ့ပါသတဲ့။ " ဓမ္မ ခမည်း ခမက်များ ဥပေက္ခာ အသင်းတော်ကြီး " ကျနော်တို့ စင်ကာပူမှာ ပရဟိတအဖွဲ့ နာမည် မထပ်အောင် ရွေးရတာတောင် ဘစ်ဂ် ချဲလင့် ရယ်။ 

**ဦးကိုမောင် (ပြုံးစိစိဖတ်စာ)**

 http://cammlek.blogspot.com/search/label/%E1%80%A5%E1%80%AE%E1%80%B8%E1%80%80%E1%80%AD%E1%80%AF%E1%80%B1%E1%80%99%E1%80%AC%E1%80%84%E1%80%B9#.UUtK9MqgYmV မှ ကူးယူဖေါ်ပြပါသည်။ --

 Posted By Blogger  လူဗိုလ်

-ဦးကိုမောင်၏ ပြုံးစိစိများ (၂၁-၃)-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)