ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, March 15, 2013

>
-ကျားကွက်ရွှေ့တဲ့လက်-
တခါတရံမှာ လူတွေဟာ ငယ်စဉ်ဘ၀ကို ပြန်လည်သတိရပြီး၊ လွမ်းဆွတ်တတ်ကြတာ ထုံးစံတခုပဲ ထင်ပါရဲ့။ အခုတလော ကျွန်မရဲ့ ငယ်စဉ်ဘ၀ကို ပြန်ပြောင်းသတိရနေပြီး၊ လွမ်းဆွတ်နေမိပါတယ်။ အထူးသဖြင့် ကျွန်မအဖိုးနဲ့ ကျားကစားခဲ့ရတဲ့ အချိန်ကာလလေးတွေကိုပါ။ ကျွန်မ မိဘနှစ်ပါးက ငယ်စဉ်ကတည်းက ကွဲကွာနေကြတာ ဖြစ်လေတော့ ဘ၀မှာ အဖေနဲ့အတူ ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ငယ်ဘ၀က အမှတ်ရစရာ သိပ်မရှိခဲ့ပါဘူး။ ဒါကြောင့် အဖိုးဖြစ်သူကသာ ကျွန်မဘ၀ရဲ့ တဦးတည်းသော male figure ဖြစ်ခဲ့ပါတယ်။ အဖိုးကလဲ ကျွန်မခုနစ်နှစ်မှာ ဆုံးပါးသွားပြန်ပါတယ်။ ဒါပေမယ့်လဲ အဖိုးသင်ပေးခဲ့တဲ့ ကျားကစားနည်း၊ စစ်တုရင်ကစားနည်းတွေ၊ အဖိုးပြောပြခဲ့တဲ့ လွတ်လပ်ရေး သမိုင်းတွေ၊ လွတ်လပ်ရေးရပြီးစ ပြည်တွင်းစစ်ပွဲအကြောင်းတွေ၊ ဒုတိယကမ္ဘာစစ်ကာလက နာမည်ကျော်စစ်ပွဲများရဲ့ စစ်မဟာဗျူဟာ အခင်းအကျင်းတွေကတော့ ကျွန်မရဲ့ ဘ၀ထဲမှာ ဆက်လက် ရှင်သန်နေခဲ့ပါတယ်။ အထူးသဖြင့် အဖိုးသင်ကြားပေးခဲ့တဲ့ ကျားကွက်ရွှေ့သဘောတရားတွေက အမှန်တရ ဖြစ်စေခဲ့ပါတယ်။ ကျွန်မ သုံးနှစ်လောက်အရွယ်ကတည်းက ညနေတိုင်းလိုလို အဖိုးနဲ့ ကျားကစားခဲ့တာ၊ တခါမှ အနိုင်ရတယ်လို့ မရှိခဲ့ပါဘူး။ အဖိုးကလဲ ကလေးဆိုပြီး လျှော့မပေးပါဘူး။ လျှော့ပေးလို့ အနိုင်ရလိုက်ရင် ကိုယ့်ကိုယ်ကို အထင်ကြီးပြီး စိတ်ကြီးဝင်သွားမှာ စိုးရိမ်လို့ ထင်ပါတယ်။ ဒီလိုနဲ့ ကစားလာခဲ့ကြတာ၊ ကျွန်မ တတန်းနှစ် ရောက်တော့မှ အဖိုးကို ရံဖန်ရံခါ အနိုင်ရလာပါတယ်။ လက်ရည်တူ ကစားလာ နိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်အောင် အဖိုးလေ့ကျင့်ပေးခဲ့တာကတော့ တယောက်တည်း ကစားခိုင်းခြင်းပါ။ အဖြူဘက်ခြမ်းကနေပြီး၊ အကွက်ရွှေ့လိုက်၊ အမည်းဘက်ခြမ်းကနေပြီး အကွက်ရွှေ့လိုက်နဲ့ အကွက်ရွှေ့နည်းတွေ၊ ဟာကွက်တွေ၊ အနိုင်အရှုံးရလာဒ်တွေကို တွက်ချက်လေ့လာခိုင်းပါတယ်။ ဒီလိုပုံစံနဲ့ ကစားတာ ကြာလာတော့ ကျားကွက်ရွှေ့သဘောတရားတွေကို ပိုပြီး သဘောပေါက် လာခဲ့ပါတယ်။

 တခါတရံတော့လဲ ကျားကွက်ကို ရွှေ့နေတဲ့ ကျွန်မရဲ့ လက်ထဲမှာ ကျရောက်နေရှာတဲ့ အဖြူနဲ့ အမည်း စက်ဝိုင်းပုံ သစ်သားလေးတွေကို ကြည့်မိရင်း သနားမိပါရဲ့။ တကယ်တော့ သူတို့ကို ရွှေ့နေတဲ့ လက်ဟာ တခုတည်းသော လက်မှန်း သူတို့ ဘယ်သိရှာပါ့မလဲ။ အရွယ်တူ စက်ဝိုင်းပြားလေးတွေ ဖြစ်ရက်သားနဲ့ အဖြူရောင်နဲ့ အမည်းရောင် ဆိုးပေးလိုက်တာကို ခံလိုက်ရပြီးချိန်မှာ အပြိုင်အဆိုင် ရင်ဆိုင်ကြရတဲ့ တိုက်ပွဲဝင် ကျားလေးတွေ ဖြစ်ကုန်ပါရောလား။ ဒီလိုနဲ့ပဲ ကျားကွက်ရွှေ့နေတဲ့ လက်က ထိုးကျွေးလိုက်ရင် ကျားကွက်ဘေးကို ရောက်သွားလိုက်၊ ကင်းဝင်ပေးလိုက်ရင် ဘုရင်ဖြစ်သွားလိုက်၊ ကင်းအချင်းချင်း ထပ်တိုက်တွေ့ပေးရင် ထိုးကျွေးခံရလိုက်၊ စားလိုက်နဲ့။ တခါတလေကျတော့လဲ ရွှေ့နေတဲ့ လက်က စိတ်ကောင်းဝင်နေရင် အနိုင်အရှုံးမရှိတဲ့ သရေပွဲ ဖြစ်သွားပြန်ပါရော။ အဖိုးရဲ့ "ကျားကွက်ရွှေ့တဲ့လက်" သင်ခန်းစာလေးက အပျော်တမ်း ကျားကစားပွဲတွေမှာတင်မကပဲ ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေမှာလဲ အထောက်အကူ ဖြစ်လာခဲ့ပါတယ်။ ဒါတင်မကပဲ ဘ၀ရှင်သန် နေထိုင်ရေးရဲ့ သင်ခန်းစာတခုလဲ ဖြစ်လာခဲ့ပါတယ်။ ကိစ္စကြီးငယ်ရှိလာတိုင်း " ဒီအရေးမှာ ကိုယ်က ကျားဖြစ်တဲ့ အခြေအနေမှာလား၊ ကျားကွက်ရွှေ့တဲ့လက် ဖြစ်တဲ့ အခြေအနေမှာလား" ဆိုတာကို ပြန်လှန်သုံးသပ်မိလေ့ ရှိလာခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့ တစုံတဦးရွှေ့နေတဲ့ ကျားကွက်ပေါ်မှာ အဖြူ၊ အမည်း ဆိုးခံထားရတဲ့ ကျားတကောင် ဖြစ်ချင်စိတ် မရှိတော့တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ထိုးကျွေးခံရတဲ့ ကျားပဲ ဖြစ်ဖြစ်၊ ဘုရင်ဖြစ်သွားတဲ့ ကျားပဲဖြစ်ဖြစ်၊ "ကျားကွက်ရွှေ့တဲ့လက်" ရဲ့ သားကောင်လေးတွေပဲ မဟုတ်ပါလား။ ကျားကွက်ရွှေ့နေတဲ့လက်ကို မမြင်တတ်တဲ့အခါ၊ ကိုယ့်ဘာသာကိုယ် ကျားဖြစ်လို့ ဖြစ်မှန်းမသိပဲ ထိုးကျွေးခံရရင် ဘေးရောက်လိုက်၊ ဘုရင်ဖြစ်သွားရင် စိတ်ကြီးဝင် အောက်ခြေလွတ်လိုက်နဲ့ ဖြစ်တတ်တာကြောင့် ကျားဘ၀ရောက်မှာကို စိုးရိမ်မိပါရဲ့။

**ခင်မမမျိုး ** 
 (၁၃၊ ၃၊ ၂၀၁၃)

 Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)