ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, March 17, 2013

>
-တန်ဖိုးကြီးသည်-
“ဟဲလို..... အင်း..အဲ.. ပြီးမှပြန်ခေါ်လိုက်မယ်လေ အခုဖုန်းလိုင်း သိပ်မကောင်းလို့ ဟဲလိုဟဲလို” မိမိရောက် လာချိန်မှဧည့်ခန်းရှိဖုန်းခွက်ကိုင်ရင်းတအင်းအင်း တအဲအဲနဲ့ အမူရာပျက်ယွင်းနေတဲ့ ယောက်ျားဖြစ်သူ ကိုထွန်းဇော်ကို ကြည့်၍မအေးပို မသင်္ကာ ဖြစ်လာ၍ ဆတ်ခနဲ့ဖုန်းခွက်ပြေးလု၏။ ရုတ်တရက်မို့ ကိုထွန်းဇော်လည်း ကြောင်အမ်းအမ်းဖြင့် လက်ထဲကဖုန်း ကိုအလုခံလိုက်ရသည်။ သတိရလို့ ကသောကမျော ပြန်ဆွဲသောအခါ မအေးပိုသည် ယောက်ျားဖြစ်သူ ရင်ဝကို ဆောင့်တွန်း၍ “သွားသွား.... ရှင်ဝေးဝေးသွားနေ ကိုထွန်းဇော် ကျုပ်တခွန်းပဲပြောမယ် ရှင်ဝေးဝေးသွားနေ!!! ” ဖုန်းခွက်ကိုကိုင်၍ သံကုန်ဟစ် ရန်တွေ့နေသော မိန်းမဖြစ်သူကို ကြည့်၍ကိုထွန်းဇော် အခြေအနေမဟန်မှန်း သိလိုက်သည်။ သို့သော်တဖက်မှ ဖုန်းဆက်သောသူနှင့် သူ့မိန်းမကိုဒီတိုင်း ထားသွားရန်လည်း မဖြစ်၊ အနားမှာ လည်းမနေရဲ ပြသာနာအကြီးကျယ်တက် တော့မည်ကိုတွေးမိပြီး လန့်ဖျန့်ကာ မည်သို့ပြုရမည် မသိဖြစ်နေတော့သည်။ “ဟုတ်ကဲ့ပြောပါ ကိုထွန်းဇော် မိန်းမ အေးပိုစကားပြောနေပါတယ်” လို့မအေးပိုဖုန်းခွက်ကိုင်၍ တဖက်ကိုလှမ်းပြောချိန်တွင် ဘယ်လိုမှမတက်သာအဆုံး ကိုထွန်းဇော်ဟင်းခနဲ့ သက် ပြင်းတချက်ချပြီး ခေါင်းခါရမ်း၍ လေးကန်သောခြေလှမ်းတို့ဖြင့် အိမ်ထဲမှထွက်လာမိတော့သည်။ ကိုထွန်းဇော် ခေါင်းတခုလုံး ထူပူလို့ ရင်ထဲမွန်းကြပ်၍ အသက်ရှုဖို့ပင် ခက်ခဲသွားတော့ပြီ။ ကြံရာမရ ဆောက်တည်ရာမဲ့ အတွေးစတွေနဲ့ ကိုထွန်းဇော်ထွက်လာမိသည်မှာ ခြေဦးတည့်ရာ။ “ဟုတ်ကဲ့.... ကိုထွန်းဇော်နဲ့ ဖုန်းပြောချင်လို့ပါရှင် ကိုထွန်းဇော်ကိုခေါ်ပေးပါ” “ အင်းပြောပါရပါတယ် ကိုထွန်းဇော်အမျိုးသမီးပါ…. ဘာကိစ္စရှိလို့လဲ ပြောပါရပါတယ်” “ ကိုထွန်းဇော်နဲ့ ပြောချင်လို့ပါ… ကိုထွန်းဇော်မရှိဖူးလား” “ဟဲ့ငါထွန်းဇော်မိန်းမ အေးပိုပဲဟေ့ ပြောပြောညည်း ဘာပြောချင်တာလဲ ပြောငါ့ပြောလည်းရတယ် ပြော…….ညည်းကဘယ်သူတုန်း…… ငါ့ယောက်ျားကို ဘာပြောမလို့လဲ ပြောပါ” တဖက်မှ မိရွှေကဲကြောင့် မအေးပိုဒေါသကို အထိန်းအကွပ်မရှိ လွှတ်ရတော့သည်။ ဘယ်နှယ့်ကြောင့် ကိုထွန်းဇော်ချည်း ဇော်နေရပါလိမ့် ဆိုသောအတွေးတို့နှင့် မအေးပိုစိတ်ထဲ ချဲ့ကားတွေးရင်း သောကမုန်းတိုင်း ထန်လာလေတော့၏ မိမိအိပ်မက်များမှန်လေမလား တွေးရင်း ကိုထွန်းဇော်ပေါင်ပေါ်မှ ရေးမှတ်ထားသော ကိန်း ဂဏန်းတချို့ကို မျက်စိထဲမြင်ယောင်မိရင်း လတ်တလောအဖြစ်ပျက်တွေကို ခေါင်းထဲစီရရီချတွေးမိတော့သည်။

“ဟုတ်ကဲ့... ကိုထွန်းဇော်ကို ငွေဆယ်သိန်းလွှဲပေးဖို့ ပြောပေးပါ”
“ဘာာာာ.... ဟဲ့ကောင်မ နင်ကငါ့ယောက်ျားဆီက ငွေလွှဲတောင်းရအောင် နင်ကဘာတုန်း ဘာကိစ္စတုန်း ဟမ်ကောင်မရဲ့ ညညဖုန်းဆက်ဆက်နေတာ နင်ပေါ့ဟုတ်လား ဟမ်.... ဘာကိစ္စနင်က ငွေလွှဲဖို့ ပြောသတုန်း ညည်းကဘယ်သူလဲ ဘယ်ကလဲ ပြောစမ်းပါ …..သူများ လင်သားကိုမရှက်မကြောက်အေ ” “ သြော်.... ကိုထွန်းဇော် ပြောပြောနေတဲ့ စိတ်မပါပဲယူထားရတဲ့ ကလေးနှစ်ယောက် အမေမုဆိုးမကြီးဆိုတာ ရှင်လား အရင်တုန်းကလည်း သိန်းတစ်ရာလွှဲပေးခဲ့တာပဲ အခုဆယ်သိန်းလောက်ကို တွန့်တိုမနေပါနဲ့လို့ ကိုထွန်းဇော်ကို ပြောပေးလိုက်ပါ ဒေါ်အေးပိုရေ... နော်..... မျှော်နေမယ်လို့ ဆက်ဆက်ပြောပေးနော် ” “...........” အာခေါင်ခြစ်အော်လိုက်တဲ့ အသံကိုတဖက်မှ ဖုန်းအရင်ချသွား၍ ကြားနိုင်တော့မည်မဟုတ်။ အနားထိုင်ဆော့ နေတဲ့ ကလေးနှစ်ယောက်တော့ ကြောက်လန့်တကြားဖြစ်သွားပြီး ထငိုကြတော့သည်။ တလှိုက်လှိုက် ဆောင့်တက်လာတဲ့ ဒေါသစိတ်နှင့် ပိုးပိုးပေါက်ပေါက်ကျလာတဲ့ မျက်ရည်ပူတို့ကြောင့် ကလေးနှစ်ယောက်အမေ မအေးပိုရဲ့မျက်မှာ နဂိုထက်အဆပေါင်းများစွာ ပိုမိုအိုစာသွားတော့၏ မေသူသဘောကျစွာ ဟားတိုက်ရယ်မောမိသည်။ အတောမသတ်နိုင်ပဲ ရယ်မောနေ၍ အခန်းဖော်သူငယ် ချင်းတို့က မနေနိုင်သိလို၍ ဝိုင်းမေးမြန်းကြတော့သည်။ အူလှိုက်သည်းလှိုက် အဝရယ်မောပြီးကာမှ သူငယ်ချင်းများကို အကြောင်းစုံ ပြန်ပြောပြဖြစ်သည်။ မှန်သည် မေသူရယ်မောစရာ ဟာသတခုဖန်တီး ခဲ့သည်မဟုတ်လား။ မေသူက နာမည်ကြီး KTVတစ်ခုတွင် အလုပ်လုပ်သည်။ ထုံးစံအတိုင်း လာနေကြဖောက် သည်များထဲမှ ဘဲကြီးတစ်ပွေ အခြားခြားဘဲကြီးတွေနည်းတူ ဂွင်ဆင်လာသည်။ ညလေးလိုချင်တာ အကုန်ပြော ကိုကြီးဖြည့်ဆည်းပေးမယ်လို့ အဆီပြန်နေတဲ့ မျက်နှာကြီးနှင့် ကတိတွေအတင်းပေးခဲ့သည်။ ထိုနောက် သူ့ပေါင်လှန်ပြီး မေသူ့ဖုန်းနံပါတ်ကိုရေးမှတ်စေသည်။ အမြဲလိုလို မေသူတို့KTVလာ၍ ဘီယာသောက်သည်။ သူ့အသံဝက်ဝက်ကွဲဖြင့် သီချင်းများဆိုပြီး မုန့်ဖိုးများလည်းပေးသည်။ အခုလည်းမေသူနဲ့ ဖုန်းဆက်ကြူနေတုန်း ဘဲကြီး၏မိန်းမဆိုသူက မေသူ့ကိုဖုန်းထဲမှ ရုတ်တရက်ဝင်ချဲ၏ ဇမသေးသော မေသူလည်း ဘလိုင်းကြီးဝင်ကောလာသော ဘွားတော်ကြီးကို လေပင့်ပေးခဲ့လိုက်သည်။ ထိုနောက် ထွန်းဇော်ဆိုသော ဘဲဗူးကြီးဘယ် လောက်တောင် မိုးမီးလောင်ပြီး ပြာကျနေမည်ကို သူငယ်ချင်းတွေကို ပြောပြရင်း တွေးကြည့်ရင်း ရယ်မောဖြစ်ကြသည်။ သူ့ဖာသာမိန်းမရှိသားနဲ့ မနေနိုင်မထိုင်နိုင် လာကြူတာပဲ။ ရန်တခုအေးသည်ဟု မေသူသဘောထားလိုက်နိုင်သော်လည်း ဝင်ငွေတော့လျော့ပြီ တွေးရင်းပခုံးတွန့်မိ၏ ထိုဘဲကြီးKTVလာတိုင်း မေသူမုန့်ဖိုးများများရတတ်သည် မဟုတ်လား။ လင်ယောက်ျားဖြစ်သူကို ဒီလောက်သစ္စာမဲ့လိမ့်မည်ဟု လုံးဝတွေးမထင်ထားသော မအေးပိုဒေါသကြောင့် ကိုထွန်းဇော်မျက်နှာ တခုလုံးယောင်ကိုင်းနေပြီး ရိုက်နှက်ကုတ်ခြစ်၍ ရှိုက်ကြီးတငင် ငိုကြွေးနေသော မအေးပိုကိုကြည့်ကာ ကိုထွန်းဇော်လည်း ဝမ်းနည်းလာတော့သည်။ မိမိမိုက်ပြစ်နှင့် အမှားကို မအေးပိုစွပ်စွဲသလို မဟုတ်ရပါကြောင်း မည်သို့ ဖြေရှင်းရမည်မှန်းလည်း မသိဖြစ်ရသည်။ မှားမိသောအမှားက လူမှုရေးအမှားကြီး။ မိမိမစောင့်ထိန်းနိုင်ခဲ့သော ကိုယ်ကျင့် တရားက ကိုထွန်းဇော်၏စိတ်လိပ်ပြာကို အကြီးအကျယ်ခြောက်လှန့် နေတော့သည်။ အခုမှ မှားခဲ့သောအမှားကို အမှတ်ကြီးမှတ် အသိကြီးကြီး သိခဲ့သော်ငြားလည်း မိသားစုအလယ် မိမိ၏လူမှုရေးအမည်းစက်ကြီး စွန်းထင်းထင်ရှားခဲ့ချေပြီ။ အပျော်အပျက် ပေါ့သေးသေးအဖြစ် မဆင်မခြင်ပြုမိသော မိမိအမှား ကြောင့် ပတ်ဝန်းကျင်အသိ ဆွေးမျိုးမိဘအကုန်သိ ဖြစ်ရပြီးရှက်ဖွယ်အတိ ဖြစ်ခဲ့ပြီ။ လူမမယ်ကလေး နှစ်ယောက်အသိထဲ နားလည်ရခက်တဲ့ စကားလုံးဆန်းဆန်းတွေနှင့် မိသားစုဂယက်ထ ပူဆွေးမှုတို့က အမည်းရိပ်ကြီးစိုးခဲ့ပြီ။ အပျက်ပျက် နှာခေါင်းသွေးထွက် အဖြစ်မှ အရက်သေစာ သောက်စားခြင်းနှင့် လူမူရေးစည်း ဖောက်ခြင်းဟူသော မိမိလုပ်ရပ်အမှားကို နောင်တရမိ သော်လည်း တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရသော မိမိ၏အမှားသည် တဘဝစာဝမ်းနည်းကြေကွဲ နေရမည့် အမှားမှန်း ကိုထွန်းဇော်သိလိုက်ပါပြီ။

 အမှားများပြင်နိုင်ကြပါစေ 

**မောင်ဘကြိုင် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)