ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, March 11, 2013

>
-လူထုကျန်းမာရေး(ဒူးနာခြင်းအကြောင်း)-
**Public Health** 

ဒူးခေါင်းရှိတဲ့နေရာ အဆစ်ကို အင်္ဂလိပ်လိုဆိုရင် Knee Joint လို့ခေါ်ပါတယ် ။ ဒူးခေါင်းကို ယေဘူယျ အပိုင်းလိုက်ကြည့်မယ်ဆိုရင် Medial , lateral နဲ့ Patellofemoral ဆိုပြီး ခွဲလို့ရပါတယ် ။ တကယ်တော့ ဒူးနာခြင်းကိုဖြစ်စေတဲ့အချက်တွေထဲမှာ ထိခိုက်ဒါဏ်ရာရခြင်း ၊ ဒူးခေါင်း ပျက်ဆီးခြင်း ၊ ဒူးဆစ်ယောင်ခြင်း ၊ ပိုးဝင်ခြင်းနဲ့ ရှားပါးတဲ့အရိုးကင်ဆာ စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။ ဒူးခေါင်းအတွင်းတွယ်ဆက်ထားတဲ့အရွတ်တွေ ( Cruciate ligaments ) နဲ့ဒူးခေါင်းအတွင်းအပြင်ဖက်မှာရှိတဲ့အရွတ်တွေ ( Collateral ligaments ) တွေက ဒူးခေါင်းကို ငြိမ်အောင်ထိမ်းပေးပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြီးပြန်လည်ပြုပြင်တဲ့နေရာမှာ ချုပ်ခြင်း ၊ အစားထိုးခြင်းတို့ပါဝင်ပါတယ် ။ အချို့လူနာတွေက တော့ဒူးဆစ်တစ်ခုလုံးလဲလိုက်ရတာမျိုးလည်းရှိပါတယ် ။ ဓါတ်မှန်ပုံမှန်ရိုက်စစ်ဆေးခြင်းက တခြားပြဿနာတွေရှိမရှိကို ဖယ်ထုတ် Exclude လုပ်ပေးနိုင်ပါတယ် ။ ဒူးပြဿနာတွေကို Arthroscopy ၊ MRI စတာတွေနဲ့စစ်ဆေးနိုင်သလို ဒူးဆစ်ထဲမှာရှိတဲ့ အရည်ကို အပ်နဲ့စုပ်ခြင်း ( Needle aspiration ) လုပ်ပြီးလည်းစစ်ဆေးနိုင်ပါတယ် ။ တကယ်တော့ ဒူးဆစ်ရာ လေးဖက်နာလို ရောဂါမျိုးနဲ့လည်း ပတ်သတ်လေ့ရှိတဲ့ Joint ဖြစ်ပါတယ် ။ လေးဖက်နာရောဂါတွေဟာ တကယ်တော့ Immune disease တွေဖြစ်ပြီး တစ်ကိုယ်လုံးမှာရှိတဲ့တစ်ရှုးတွေ ၊ အဆစ်တွေအပါအ၀င် အရိုးတွေယောင်ရမ်းခြင်းကိုဖြစ်စေတယ် အဆစ်တွေကွေးမမရအောင် နာကျင်အောင် ဖြစ်စေတဲ့ရောဂါပဲဖြစ်တယ် ။

 **ဒူးနာခြင်းကိုအဖြစ်များစေတဲ့အချက်တွေကဘာတွေလဲ**

 တကယ်တော့ဒူးနာခြင်းကို အဖြစ်များစေတဲ့အချက်တွေထဲမှာ အသက်အရွယ်ကြီးရင့်လာခြင်း ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ထိခိုက်ဒါဏ်ရာရခြင်းတွေပဲဖြစ်ပါတယ် ။

**ဘယ်လို ထိခိုက်ဒါဏ်ရာရခြင်းတွေက ဒူးနာခြင်းကိုဖြစ်စေသလဲ ၊ လက္ခဏာတွေကဘာတွေလဲ **

ထိခိုက်ဒါဏ်ရာရပြီဆိုရင် မည်သည့် အရွတ်ကို မဆို သွားပြီး သက်ရောက်စေမှုရှိနိုင်ပါတယ် ။ အထူးသဖြင့် ဒူးကို ၀န်းရုံထားတဲ့ အရိုးနုတွေ အရွတ်တွေနဲ့ ကြွက်သားတွေဖြစ်ပါတယ် ။ ဒါတွေသာမက ဒူးဆစ်ကိုဖြစ်ပေါ်စေတဲ့အရိုးတွေကိုသာ ထိခိုက်နိုင်ပါတယ် ။ ရှုပ်ထွေးစွာ တည်ဆောက်ထားတဲ့ဒူးဆစ်ရဲ့ပုံသဏ္ဍာန်နဲ့ အလေးအပင်တွေမတဲ့အခါ အကွေးအဆန့်ကို ဒူးကပဲလုပ်ရတာဖြစ်တဲ့အချက်တွေကပဲ ဒူးကို ဒါဏ်ရာရစေတဲ့အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ် ။

 **အရွတ်ဒါဏ်ရာများ **

မတော်တဆထိခိုက်မှုတွေက ဒူးရဲ့အတွင်းအစိတ်အပိုင်းဖြစ်တဲ့ Medial Collateral Ligament , ဒူးအတွင်းပိုင်းက Cruciate ligaments ကို သွားပြီး ဒါဏ်ရာရစေနိုင်ပါတယ် ။ အဲဒီနေရာတွေမှာဖြစ်တဲ့ ဒါဏ်ရာတွေက ချက်ချင်းဆိုသလို နာကျင်မှုကိုဖြစ်စေပြီး နေရာအတိအကျကို သိရှိဖို့တော့ခက်ခဲလေ့ရှိတယ် ။ အထူးသဖြင့် Collateral ligament injury ဟာ ဒူးရဲ့အတွင်းပိုင်း သို့မဟုတ် အပြင်အစိတ်အပိုင်းကို ထိခိုက်စေလေ့ရှိပြီး တခါတရံ အဲဒီအရွတ်ရှိနေတဲ့နေရာအပေါ်ဖက်ကို နာကျင်စေတာမျိုးလည်းရှိပါတယ် ။ Cruciate Ligament ဒါဏ်ရာရတာကတော့ဒူးအတွင်းပိုင်းက နာတာဖြစ်ပါတယ် ။ အတွင်းပိုင်းက စူးပြီးနာလေ့ရှိပါတယ် ။ ဒူးခေါင်းမှာ ဖြစ်တဲ့အရွတ်ဒါဏ်ရာရခြင်းတွေက နားနေတဲ့အချိန်နဲ့ အလေးအပင်တစ်ခုခုမတဲ့အခါ လမ်းလျှောက်တဲ့အခါ နာနေလေ့ရှိပါတယ် ။ ဒါဏ်ရာတစ်ခုရဲ့ ပြင်းထန်မှုဆိုတာ
 အနိမ့်ဆုံးနာကျင်မှု ( ဥပမာ ဒူးရွတ်ပြဲသွားခြင်း အရွတ်အမျှင်များ စုတ်ပြဲခြင်း ) စတာတွေက ပြင်းထန်စွာနာကျင်ခြင်း ( အရွတ်တစ်ခုလုံးစုတ်ပြတ်သွားခြင်း ) ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ သာမန်အရွတ်ယောင်တာမျိုးလောက်ကိုတော့ ရေခဲအုံခြင်း ပတ်တီးစီးခြင်း ၊ အနားယူခြင်းနဲ့ ခြေထောက်ကို အပေါ်မြှောက်ထားခြင်းစတာတွေနဲ့သက်သာအောင်ပြုလုပ်နိုင်ပါတယ် ။ အထူးသဖြင့် ဒူးဒါဏ်ရာရနေတဲ့အချိန်တွေမှာ အလေးအပင်မတာကိုတော့ရှောင်ရမှာဖြစ်ပါတယ် ။ လမ်းလျှော်ကတဲ့အခါလည်းချော်မလဲအောင်သတိထားရပါမယ် ။ တချို့လူတွေကတော့ ဒူးနာခြင်းကို သက်သာစေဖို့အတွက် ပတ်တီးကိုတင်းကြပ်စွာ စီးခြင်း နဲ့ ဒူးခေါင်းကို ငြိမ်နေအောင်ပြုလုပ်လေ့ရှိတယ် ။ တချို့သောပြင်းထန်တဲ့ဒါဏ်ရာရမှုတွေမှာတော့ Arthroscopic သို့မဟုတ် ဒူးခေါင်းကိုဖွင့်ပြီးခွဲစိတ်ပြုပြင်ခြင်းလုပ်ဖို့လိုပါတယ် ။ အရွတ်တွေကို ခွဲစိတ်ပြုပြင်တဲ့နေရာမှာ ပြဲသွားတဲ့အရွတ်တွေကို ပြန်ချုပ်ခြင်း ၊ အစားထိုးခြင်း တွေ ပါဝင်ပြီး အဲဒီလို ခွဲစိတ်လုပ်ဆောင်မှုမျိုးတွေကိုလည်း ဒူးခေါင်းကိုဖွင့်ပြီးဖြစ်စေ arthroscopic surgery နဲ့ဖြစ်စေ ပြုလုပ်နိုင်တယ် ။ ဘယ်လို ခွဲတ်စိတ်မှုမျိုးပြုလုပ်သင့်သလဲ ဆိုတာကတော့ ဒါဏ်ရာအမျိုးအစားအပေါ်မူတည်ပြီး လူနာ ဘယ်လောက်ထိ ပြန်ကောင်းလာနိုင်မလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ အချို့သော အရမ်းပြင်းထန်တဲ့ ဒါဏ်ရာရမှုတွေကတော့ ဒူးခေါင်းတစ်ခုလုံးဖွင့်ပြီး ခွဲစိတ်မှသာရနိုင်မှာပါ ။ ယခု လတ်တလော အသုံးပြုနေတဲ့နောက်ဆုံးပေါ်ခွဲစိတ်နည်းပညာတွေနဲ့ cruciate ligaments အတွက်ကို ပြန်လည်ပြုပြင်ခြင်း Reconstruction procedure က သိသိသာသာ တိုးတက်အောင်မြင်နေပြီဖြစ်ပါတယ် ။ တခြား ဒါဏ်ရာရမှုတွေထဲမှာတော့ Meniscus tears , အရွတ်ယောင်ခြင်း ( Tendinitis ) အရိုးကျိုးခြင်း ( Fructure ) စတာတွေလည်းပါဝင်ပါတယ်။

**ဒူးနာခြင်းကိုဖြစ်စေတဲ့ ရောဂါတွေကဘာတွေလဲ **

 ဒူးဆစ် ၊ တစ်ရှုးတွေနဲ့ ဒူးကိုဖြစ်ပေါ်စေတဲ့အရိုးတွေ နဲ့ဆက်နွယ်နေတဲ့ရောဂါ တွေကနေတဆင့်လည်း ဒူးနာခြင်းကို ခံစားရနိုင်ပါတယ် ။ ဒူးခေါင်းတ၀ှိုက်မှာရှိတဲ့အာရုံကြောတွေ ကနေတဆင့် နာကျင်ခြင်းကိုကြုံတွေ့ရတာဖြစ်ပါတယ် ။ တကယ်တော့ဒူးနာခြင်းကို အများဆုံးကြုံတွေ့စေတဲ့ရောဂါကတော့ Rheumatic ရောဂါတွေဖြစ်ပြီး အဲဒီလေးဖက်နာဆိုတာ Immune ရောဂါတစ်မျိုးဖြစ်ပြီး တစ်ကိုယ်လုံးက အဆစ်အမြစ်တွေကို အဆစ်ယောင်ခြင်းတွေဖြစ်စေတာဖြစ်ပါတယ် ။ Joint တစ်ခုရောင်ယမ်းခြင်းကို Arthritis လို့ခေါ်ပြီး ဒူးဆစ်ရောင်ယမ်းခြင်းကို noninflammatory နဲ့ inflammatory လို့ခွဲထားနိုင်ပါတယ်။ Non inflammatory ဆိုတာကတော့ Osteoarthritis လိုမျိုး အရိုးနဲ့အဆစ်ရောင်ခြင်းပုံစံမျိုးဖြစ်ပြီး Inflammatory ဆိုတာကတော့ လေးဖက်နာသို့မဟုတ် Gout လိုမျိုးရောဂါမျိုးကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုမျိုးကိုခေါ်ပါတယ် ။ အဆစ်ရောင်တာကိုကုသတဲ့အခါ ဘယ်လိုပုံစံရောင်သလဲဆိုတဲ့အပေါ်မူတည်ပါတယ် ။ လူအများစုက အဆစ်ရောင်ခြင်းကြုံတဲ့အခါ နာတာရယ် မသက်မသာဖြစ်တာရယ်လောက်ပဲ ဖြစ်ပြီးတချို့ကတော့ဒူးဆစ်တစ်ခုလုံးလဲပစ်ရတဲ့အခြေအနေအထိလည်းကြုံရပါတယ် ။ တကယ်တော့ ဒူးဆစ်ရောင်တာကနေစပြီး ဒူးခေါင်းနောက်မှာရှိတဲ့အရေအိတ်ထဲက အရေတွေ ထဲမှာ inflammatory materials တွေ စုလာခြင်းကိုဖြစ်စေတယ် ။ အဲဒီအရေအိတ်ကို Baker cyst လို့ခေါ်ပြီး ဒူးအနောက်ပိုင်းနာကျင်ခြင်းကိုဖြစ်စေတဲ့အဓိကအချက်လည်းဖြစ်ပါတယ် ။ အရိုးနဲ့အဆစ်တွေကို ရောဂါပိုးဝင်တာကတော့ရှားပါတယ် ။ ဒါပေမယ့်ဝင်ပြီဆိုရင်လည်း အရမ်းပြင်းထန်လေ့ရှိပြီး အဖျားတက်ခြင်း ၊ အလွန်အမင်းပူခြင်း ၊ ဖြစ်တဲ့ အဆစ်ပူနွေးခြင်းစတာတွေကြုံရတတ်ပါတယ် ။ တစ်ကိုယ်လုံးချမ်းတုန်လေ့ရှိပြီး အထူးသဖြင့်ဒူးခေါင်းတ၀ှိုက်မှာဖြစ်တဲ့ပြည်တည်နာတွေကြောင့်ဖြစ်တတ်ပါတယ် ။ ဘယ်လိုရောဂါပိုးအမျိုးအစားလဲဆိုတာကတော့ အပ်လေးနဲ့ အဲဒီဒူးဆစ်ထဲကအရည်ကိုစုပ်ယူခြင်း Joint aspiration လုပ်ပြီး မိုက်ကရိုစကုပ်နဲ့စစ်နိုင်ပါတယ် ။ ဒါ့အပြင် Microbial culture နည်းပညာတွေနဲ့လည်းစမ်းသပ်စစ်ဆေးနိုင်ပါတယ် ။ ကုသမှုတွေကတော့ ပဋိဇီဝပိုးသတ်ဆေးများပေးခြင်း နဲ့ တခါတရံ အဆစ်ခွဲစိတ်ခြင်းများပြုလုပ်ခြင်းတို့ဖြစ်ပါတယ် ။ အဆစ်နဲ့ပတ်သတ်တဲ့ Tumor တွေကတော့ရှားပါတယ် ဥပမာ Synovial sarcomas , giant cell tumors တို့ဖြစ်ပါတယ် ။ ကုသမှုတွေကတော့ခွဲစိတ်ခြင်း ဒူးဆစ်ကိုဖြတ်ပစ်ခြင်းစတာတွေလည်းရှိတတ်ပါတယ် ။ ဘယ်လိုကျူမာအမျိုးအစားလဲဆိုတဲ့အပေါ်မူတည်ပြီး ကုသမှုနဲ့ခွဲစိတ်မှုတို့ကိုလုပ်ဆောင်လေ့ရှိပါတယ် ။ ဒူးကိုဖုံးထားတဲ့ ဂုံညင်းဒိုးလို့ခေါ်တဲ့ Patella အောက်က အရိုးနုပျော့ပြောင်းခြင်းကို Chondromalacia လို့ခေါ်ပါတယ် ။ ဒါကလည်း ငယ်ရွ့ယ်တဲ့အမျိုးသမီးတွေမှာ ဒူးနာခြင်းကိုအဖြစ်များစေတဲ့ အကြောင်းတစ်ခုဖြစ်ပြီး အကြာကြီး ထိုင်ပြီး ရုတ်တရက်ပြန်ထမရတာ လှေကားတို့တောင်ကုန်းတို့တက်တဲ့အခါဒူးနာတာတွေဟာ ဒီလိုပြဿနာမျိုးကြောင့်ဖြစ်ပါတယ် ။ Bursitis လိုမျိုးကိုတော့ ရေခဲကပ်ပေးခြင်း ၊ ပတ်တီးစီးခြင်းနဲ့ အကိုက်အခဲပျောက်ဆေးတွေ ဥပမာ ibuprofen , aspirin လိုဆေးတွေပေးပြီးလည်း ကုကြပါတယ် ။ ဒါ့အပြင် ဖြစ်တဲ့နေရာကို corticosteroid တွေပေးပြီး လည်းကုသတာတွေ ၊ လေ့ကျင့်ခန်းလုပ်ရတာတွေလည်းပါရှိပါတယ် ။ ဒူးနာခြင်းကို ကာကွယ်ဖို့ကတော့ ဒါဏ်ရာမရအောင်နေဖို့နဲ့ လမ်းလျောက်တဲ့အခါအလေးအပင်မတဲ့အခါ သတိထားဖို့ဖြစ်ပါတယ် ။ ဒါ့အပြင် အမြင့်တွေတက်တဲ့အခါ လှေကားတွေတက်တဲ့အခါ အလောတကြီးမဖြစ်ကြဖို့နဲ့ မိမိဒူးခေါင်းဟာ တစ်ကိုယ်လုံး ကို သယ်ထားရတဲ့ အကွေးအညွတ်လုပ်တဲ့အဆစ်တစ်ခုဖြစ်တာကြောင့်သတိကြီးစွာ ထားသင့်ပါကြောင်း တင်ပြရင်းအဆုံးသတ်လိုက်ပါတယ် ။

**သက်တန့်ချို**

 REFERENCES: Koopman, William, et al., eds. Clinical Primer of Rheumatology. Philadelphia: Lippincott Williams & Wilkins, 2003. Ruddy, Shaun, et al., eds. Kelley's Textbook of Rheumatology, 6th ed. Philadelphia: Saunders, 2001. Shiel Jr., William C. "Total Knee Replacement." MedicineNet.com. Apr. 28, 2008. . Additional resources from WebMD Boots UK on Knee Pain -- 

Posted By Blogger လူဗိုလ်  

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)